Pages

Sunday, February 24, 2013

စစ်ဘေးသင့် ကချင်ဒေသအတွက် တောင်ကြီးရဲ့အလှူ


ကချင်စစ်ဘေးသင့် ဒေသခံတို့အား လိုအပ်သော အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး တောင်ကြီးမြို့တွင် လုပ်ငန်းကော်မတီတခု ဖွဲ့စည်းလိုက်သည်။ကချင်စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသား ပြည်သူများအား အကူအညီပေးရန် များစွာ လိုအပ်နေသေးကြောင်း၊  လူအား၊ ငွေအား သာမက စိတ်ဓာတ်ခွန်အားပါပေးရန် လိုနေသေးကြောင်း၊  ဆေးဝါး၊ အ၀တ်အထည်မှအစ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအထိ ကချင်ဒေသ သို့စေတနာရှင်မြို့သူ၊ မြို့သားများနှင့်အတူ သွားရောက်လှူဒါန်းကြရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည် မျိုး ဆက် အင်အားစု အဖွဲ့မှ ကိုမိုးက ရှင်းလင်းပြောဆိုသည်။
 

- တောင်ကြီးမြို့မှ ကိုဝင်းတင့်က အလှူငွေ ကျပ် ဆယ်သိန်း၊
- ကိုသူရစောသိန်းက ကျပ်သုံးသိန်း၊
- ဦးစိန်ရွှေ (ရလလဖ ဥက္ကဌ)က ကျပ်တစ်သိန်း၊
- SNLD တောင်ကြီးမြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့်က ကျပ် ဆယ်သိန်း၊
- ကားပစ္စည်းဆိုင်များစုပေါင်းအဖွဲ့က ကျပ်သုံးသိန်း၊
- ဦးခွန်အေးမောင်က ကျပ်တစ်သိန်း၊
- ဦးတင်ထွန်းအောင် ဆန်ကုန်သည်များ အသင်းက ကျပ်တစ်သိန်း၊
- ချယ်ရီရိုးမကုမ္မဏီမှ ဦးကြည်ရှိန် က ကျပ်သုံးသိန်း၊
- ဦးယဉ်ထွေးက ကျပ်နှစ်သောင်း၊
- ဦးကြည်အေး က ကျပ်ငါးသောင်း စသဖြင့် လှူဒါန်းကြကြောင်း သိရသည်။
အလှူငွေစုစုပေါင်း ကျပ် သုံးဆယ့်လေးသိန်း နှစ်သောင်း ရရှိခဲ့သည်။


ရရှိသောငွေများအား ရာခိုင်နှုန်းပြည့်လှူဒါန်မည်ဖြစ်ကြောင်း၊ အသုံးစရိတ်အား မိမိတို့ငွေဖြင့်သာ ကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့မှ မသန္တာ ကပြောသည်။ အခြား အ၀တ် အထည်များ၊ ဆေးဝါးများ လာရောက် လှူဒါန်းကြသူများ လည်း ရှိကြောင်း ယင်းက ထပ်မံပြော ကြားသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်