Pages

Tuesday, April 9, 2013

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင်အတွင်း သွားရောက်ကြည့်ရှု




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးမြင့်၊ ဦးတင့်ဆန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းသန်း၊ ဦးဟံစိန်၊ ဦးအောင်သန်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်ကမ်းခြေ၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲကျင်းပမည့် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်နေရာနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို ကြည့်ရှုစစ်ဆေးရန်အတွက် ဧပြီ ၆ ရက် နံနက်ပိုင်းတွင် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် နေပြည်တော်မှ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များအား ပုသိမ်လေဆိပ်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ တပ်မတော်ရဟက်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် SEA Games အကြို အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ကျင်းပနေသည့် ကမ်းခြေသို့ ရောက်ရှိကြပြီး ပြိုင်ပွဲဝင် မြန်မာအားကစား မောင်မယ် များအား တွေ့ ဆုံအားပေးစကားပြောကြားသည်။

ယင်နောက် ဒုတိယသမ္မတသည် ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင် အတွင်း သွားရောက်ကြည့်ရှုအားပေးပြီး ငွေဆောင်ကမ်းခြေရှိ Yacht Club ရှင်းလင်း ဆောင်၌ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌက ရွက်လှေအားကစားရှင်သန် တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေး သွားမည့် အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက အရှေ့တာင်အာရှ အားကစားပြိုင်ပွဲ၌ ရွက်လှေပြိုင်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ ပြီး မြောင်းမြမြို့သို့ ဆက်လက် ထွက်ခွာသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြောင်းမြဂုန်နီစက်ရုံ ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ မြို့မိမြို့ ဖများနှင့် စက်မှုလုပ်ငန်းရှင်များက မြောင်းမြစက်မှုဇုန် နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပံ့ပိုးဖြည့် ဆည်းပေးသွားမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး စက်မှုဇုန် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် မြောင်းမြမြို့ စက်မှုဇုန်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး မြောင်းမြမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်