ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နေအိမ်ကို အများပြည်သူတို့ လေ့လာနိုင်ရန်
ဧပြီလ ၆ ရက် ညနေ ၄ နာရီတွင် ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက် ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ ဦးသန့် ကုလသမဂ္ဂတာဝန်
မထမ်းဆောင်ခင် နောက်ဆုံးနေထိုင်ခဲ့သော ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊
ပန်းဝါလမ်း၊ ခြံအမှတ် (၃၁) တွင် ပြုလုပ်ခဲ့သည်။
ဦးသန့်ပြတိုက်ကို ဧပြီလ ၇
ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ အများပြည်သူ လေ့လာနိုင်ရန် အခမဲ့
ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အပြီးသတ် ပြင်ဆင်မှုများ
ပြုလုပ်နိုင်ရန် အောက်တိုဘာမှသာ အပြီးသတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ဒေါ်သက်သက်ဇင်၏ ပြောကြားချက်အရ သိရသည်။
"ဦးသန့်ပြတိုက်ကို နောက်လာမယ့်
မျိုးဆက်သစ်တွေကို မြန်မာနိုင်ငံကနေ ဒီလိုကမ္ဘာသိ ပုဂ္ဂိုလ် မျိုး
ပေါ်ထွက်လာခဲ့ပါလား။ ငါတို့လည်း ကြိုးစားရင် ဒီလိုဖြစ်နိုင်ပါလား ဆိုတာမျိုး
ဖြစ်အောင် ပြတိုက်ကို ဖွင့်ဖြစ်ခဲ့တယ်" ဟု ပြောရေးဆိုခွင့်ရှိသူ
ဒေါ်သက်သက်ဇင်က ဆက်လက်ပြောသည်။ ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့်
မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့က ယင်းပြတိုက် ဖွင့်လှစ်နိုင်ရန် ၂၀၁၂
ခုနှစ် ဇွန်လတွင် နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း
ဦးသန့်ပြတိုက် ပြောရေးဆိုခွင့်ရှိ သူ ဒေါ် သက်သက်ဇင် က ပြောသည်။
မြန်မာပြည်တွင် နေခဲ့သောအချိန်မှ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သော
နှစ်ပေါင်းများစွာမှ စာရွက်စာတမ်း၊ ဓာတ်ပုံများနှင့် အသုံးအဆောင်
ပစ္စည်းများကို ပြသသွားမည် ဖြစ်သည်။ လက်ရှိ ဦးသန့် ပြ တိုက်သည်
သက်တမ်းအားဖြင့် နှစ်ပေါင်း ကိုးဆယ်ခန့် ရှိပြီးဖြစ်၍ ရှေးမှုမပျက်
ဖြစ်စေရန်နှင့် ဦးသန့် ရှိစဉ်အတိုင်း ပြုပြင်နိုင်ရန်အတွက်
ပြတိုက်ကျွမ်းကျင်သူများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အာရှနိုင်ငံများမှ
ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို မြန်မာနိုင်ငံသား ဦးသန့်က
၁၉၆၁ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ပြီး လေးနှစ်သက်တမ်း နှစ်ကြိမ်နှင့်
ယာယီသက်တမ်း အပါအ၀င် အတွင်းေ ရး မှူးချုပ်အဖြစ် စုစုပေါင်း ၁၀ နှစ် တာဝန်ယူ
ဆောင်ရွက်ခဲ့သည်။ ၎င်း၏ ပထမသက်တမ်း အတွင်း ကျူးဘားဒုံးပျံ ပြဿနာကို
ဖြေရှင်းရာတွင် ပါဝင်စေ့စပ်ပေးမှုနှင့် ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ်ကို
ပြီးဆုံးစေခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ယုံကြည်လေးစား
အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်တွင်
အမေရိကန်နိုင်ငံရှိ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ ယင်းနောက် ၄င်း၏
ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင် ဂူသွင်းသဂြိုလ်မှုနှင့်
ပတ်သက်၍ ကျောင်း သား၊ ပြည်သူများနှင့် အစိုးရတို့အကြား သမိုင်းတွင်ခဲ့သော
အဓိကရုဏ်း ဖြစ်ပွားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven
ဂျာနယ်တွင် ဖော်ပြထားပါသည်။




No comments:
Post a Comment
Note: Only a member of this blog may post a comment.