Pages

Tuesday, April 9, 2013

ကွန်ပျူတာတွင် မိမိလက်ရေးဖြင့် ကြိုက်နှစ်သက်ရာပုံစံ ရေးနိုင်မည့် ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ် အသုံးပြုနိုင်တော့မည်

ကွန်ပျူတာတွင် စာမရိုက်လိုသူများအတွက် ကွန်ပျူတာ၌ မိမိလက်ရေးဖြင့် ကြိုက်နှစ်သက်သည့် ပုံစံ ရေးသားနိုင်သည့် ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြန်မာစာ လက်ရေးစနစ် အသုံးပြု၍ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးစလုံး ရေးသားနိုင်မည်ဖြစ်ပြီး စာမရိုက်လိုသူများ အတွက် ရည်ရွယ်၍ ယင်းစနစ်အား တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ “ပေဖူးလွှာစနစ်က ကွန်ပျူတာ သုံးချင်ပြီး ကီးဘုတ်မှာ စာရိုက်ဖို့ အဆင်မပြေတဲ့ လူတွေအတွက် အလွယ်တကူ စာရေးသားနိုင်ဖို့ပါ။ ကိုယ်ရေးလိုက်တဲ့ စာကို ကွန်ပျူတာက ဖတ်ပြီး ကွန်ပျူတာမှာ မိမိလက်ရေးပုံ မဟုတ်ဘဲ ဖောင့်စာလုံးအဖြစ် ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီစနစ် အသုံးပြုနိုင်ဖို့ မကြာခင် ဈေးကွက်ထဲ ဖြန့်ချိပေးသွားမှာပါ” ဟု ပေဖူးလွှာမှ တာဝန်ရှိသူ ဦးကျော်ကျော်ဇင်က ပြောသည်။ 

ယင်းမြန်မာစာစနစ်ကို လတ်တလောတွင် PC များ၌သာ အသုံးပြုနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Tablet, လက်တော့ပ် အစရှိသည့် Device များတွင်ပါ ရေးသားနိုင်ရန် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ဒီစနစ်ရဲ့ အဓိက အားသာချက်ကတော့ စီးပွားရေး လုပ်တဲ့သူတွေ၊ လူကြီးတွေအတွက်က မြန်မြန်ဆန်ဆန် စာရေးနိုင်မယ်။ နောက်ပိုင်း နုတ်ခ်ဘွတ်တွေနဲ့ တွဲဖက် သုံးနိုင်အောင် လုပ်သွားမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

 ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ်ကို မကြာမီ ဈေးကွက်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ယင်းစနစ်ကို တစ်နှစ်ခန့် အချိန်ယူ၍ ပြင် ဆင်ဆောင် ရွက်ထားခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်