Pages

Tuesday, April 9, 2013

အသစ်ထွက်လာမည့် ဖုန်းလိုင်းများတွင် အင်တာနက်အသုံးပြုရန် ကျပ်ငွေတစ်သောင်းဖြင့် လျှောက်ထားနိုင်

ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချတော့မည့် တန်ဖိုးနည်းဖုန်းများတွင် အင်တာနက် အသုံးပြုလိုပါက ယခင်ဖုန်းများအတိုင်း လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ က ပြော သည်။ 

“နီးစပ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတ်မှတ်ဌာနတွေ မှာ လျှောက်ထားနို င်မှာ ဖြစ်ပါ တယ် ။ ဈေးနှုန်း ကတော့ အရင်အတိုင်းပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတ်မှတ်အင်တာနက် လျှောက် ထားရန် နေရာ များတွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ ဈေနှုန်းမှာ ယခင်အတိုင်းပင် တစ်သောင်းကျပ်ဖြစ်ကြောင်း သိရသည်။ GSM ဖုန်းများအတွက် အင်တာနက် အသုံးပြုခအနေဖြင့် တစ်မိနစ်၂ ကျပ်ဖြစ်ပြီး CDMA 800 MHz အင်တာနက် အသုံးပြုခမှာ တစ်မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။ 

“လက်ရှိကတော့ ဖုန်းပိုင်ဆိုင်ကြောင်း စာချုပ်မိတ္တူပဲ လိုပါတယ်။ အရင်တုန်းက ပေးရတဲ့ မှတ်ပုံတင်မိတ္တူတို့၊ သန်းခေါင်စာရင်း မိတ္တူတို့ မလိုတော့ပါဘူး” ဟု ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်ရုံးတွင် GSM အင်တာနက်စနစ် သွားရောက် လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ လျှောက်ထားရာတွင် ၁၅ မိနစ် ဝန်းကျင်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။ 

၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူ လူဦးရေသည် ၆ သိန်း ဝန်းကျင်အထိ ရှိလာခဲ့ပြီး အဆိုပါ အင်တာနက် အသုံးပြုသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုသူများဖြစ်ကြောင်း၊ အင်တာနက်အသုံးပြုသူ အားလုံး၏ ၆၁ ရာခိုင်နှုန်းကို GSM အင်တာနက် အသုံးပြုသူများက ပိုင်ဆိုင်ထားပြီး အင်တာနက် အသုံးပြုသူများ၏ ၂၄ ရာခိုင်နှုန်းကို CDMA အင်တာနက် အသုံးပြုသူများက ပိုင်ဆိုင်ထားကြကြောင်း၊ WCDMA ဖုန်းလိုင်း အသုံးပြုသူမှာ အင်တာနက် အသုံးပြုသူ အားလုံး၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်