Pages

Tuesday, April 9, 2013

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပုသိမ်မြို့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းနှင့် စက်မှုဇုန်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက သင်တန်းကျောင်း နှင့် အားကစားရုံအတွင်း လိုက်လံရှင်းလင်းပြသကြပြီး ဧည့်ခန်းမဆောင်တွင် မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်ပေးနေမှုနှင့် လိုအပ်ချက်များ တင်ပြမှု အပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ စက်မှုဇုန် ရှင်းလင်းဆောင် ခန်းမသို့ေ ရာက် ရှိရာ မြို့မိမြို့ဖများနှင့် စက်မှုလုပ်ငန်းရှင် များက စက်မှုဖွံ့ဖြိုးတိုး တက် ရေးနှ င့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

ဒုတိယသမ္မတက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး  အမှာစကား ပြောကြားရာ၌ နိုင်ငံတော်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်း များ အပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းအင်၊ ရေနှင့် လမ်းပန်းဆက်သွယ်မှု စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန် ရေး၊ ဘဏ္ဍာငွေကြေး အရင်းအမြစ်များ စီးဝင်ရေး၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး၊ သတင်းအချက် အလက်နှင့် သုတေသနလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးစေရေးနှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးတို့အပေါ် မူတည်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အရင်းအနှီးနှင့် နည်းပညာများ ရရှိမှုသည် အရေးကြီးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ထိခိုက် နစ်နာမှု မရှိစေရန်နှင့် ၂ဝ၁၅ ခုနှစ် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်အရ စီးဝင်လာမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိရန် ထုတ်လုပ်မှု အရည်အသွေးများ မြင့်မားတိုးတက်လာရေးအတွက် မူဝါဒများ ချမှတ်ကာ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ပုသိမ် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်