ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင် ရှိ ဈေးနှုန်း သတ်မှတ် ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက်
လိုက်ကြောင်း သိရ သည်။
အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM
Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း
ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင် မည်ဖြစ်ပြီး
တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့်
ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေ အနေ များတွင်
အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့်
နည်းပါးခြင်း က မည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အ ချက်ဖြစ်ကြောင်း
ပြောကြားထားသည်။
လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း
ရောင်းချရန် စီစဉ် သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် အထိ ထိုးဖောက်ရန်
ရည်ရွယ်ထား နေကြောင်း သိရသည်။
Yoyarlay

No comments:
Post a Comment
Note: Only a member of this blog may post a comment.