Pages

Sunday, March 10, 2013

ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ကျွန်တော်တို့ နိင်ငံ

တနေ့က ညီ တယောက်နဲ့ ပြောရင်းနဲ့ သူကမေးတယ် ... ကျွန်တော် တို့နိုင်ငံရဲ့ နိုင်ငံ ရေး ကို ဘာေ ကြာင့် တခြား အင်အားကြီး နိုင်ငံတွေ က စွက်ဖက်ချင် နေကြတာလဲ ပေါ့ဗျာ .... အဓိက ကတော့ ဒါတွေေ ကြာင့် ပါလို့ ပြောလို့ ရပါတယ် .... ကျွန်တော် July 18, 2012 မှာ ရေးခဲ့ တဲ့ ပိုစ့် တစ်ခုပါ ...  ပြန် တင် လို က် ပါ တ ယ် ... ဖတ်ကြည့် ကြပါဦး ခင်ဗျာ ......

=========================================


ကျွန်တော် ခု တင်ပြချင်တာကတော့ ပထ၀ီဝင်နိုင်ငံရေး နှင့်ကမ္ဘာ့နိုင်ငံရေးဖြစ် စဉ်များမှ ကော က်နှ တ်ချက် အချို့ ပဲဖြစ်ပါတယ်.....

နိုင်ငံတနိုင်ငံ တွင် အရေးပါ သော ပထ၀ီ နိုင်ငံရေး အခြေအနေများကြောင့် ၄င်းနိုင်ငံ၏ အချုပ်အခြာ အာဏာ နဲ့ အမျိုးသားစရိုက် လက္ခဏာ များကို ထိပါးရိုက်ခတ်မှု များကြုံတွေ့ရနိုင်ပါသည်။သို့ ကြောင့် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ် ထိန်းသိမ်းရန်နှင့်အမျိုးသား အကျီုးစီးပွား ကိုဖော်ဆောင်ရန်အတွက် ပထ၀ီဝင် ဆိုင်ရာ အချက်အလက်များ ၏ အရေးပါမှုကို လေ့လာသိရှိရန် လို အပ်ပါသည်။

ပထ၀ီအခြေခံ သဘောနဲ့ နိုင်ငံရေးကိုလေ့လာမယ်ဆိုပါက -

(၁) နိုင်ငံရေးပထ၀ီဝင် (Political Geography)

(၂) ပထ၀ီဝင်နိုင်ငံရေး (Geopolitics) ဟုနှစ်မျိုးလေ့လာတွေ့ရှိရပါသည်။


နိုင်ငံရေး ပထ၀ီဝင် ဆိုသည်မှာ နိုင်ငံတနိုင်ငံ ရဲ့ နိုင်ငံရေး ကိစ္စရပ်တွေမှာ အထောက်အကူ ဖြစ်စေတဲ့ ပကတိ အချက်အလက် မှန်များ ဖြစ်ပြီး ပထ၀ီဝင် နိုင်ငံရေး ကတော့ပထ၀ီဝင် အခြေပြု နိုင်ငံရေး မှန်းဆချက် များလို့ နားလည် မှတ်ယူနိုင်ပါတယ်။

လိုက်ပ်ဇစ် တက္ကသိုလ် (University of Leipzig) မှ ပထ၀ီဝင် ပါမောက္ခဖြစ်သူ ဖရက်ဒရစ်ရတ်ဇယ်လ် (Friedich Ratzel) သည် ၁၈၉၇ ခုနှစ်မှာ နိုင်ငံရေး ပထ၀ီဝင် ဟု အဓိပ္ပါယ်ရသည့် (Politisch Geographic) စာအုပ်ကို ရေးသားခဲ့ပါတယ်။ ၄င်းစာအုပ်မှာ စာရေးသူ သည် နိုင်ငံတနိုင်ငံ၏ နယ်နိမိတ် ဆိုတာ ယာယီ သာဖြစ်ကြောင်း အင်အားကြီး နိုင်ငံများက နည်းလမ်း အမျိုးမျိုးဖြင့် အင်အားနည်း နိုင်ငံများအား သိမ်းသွင်းရန် ကြီုးပမ်းလာမည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ ရတ်ဇယ်လ် ၏ အယူအဆမှာ ပင်လယ်ပြင် သည် ယဉ်ကျေးမှုများ အား ဆက်စပ်ပေးနိုင်သည့် အရေးပါသော အရာဖြစ်ကြောင်း တင်ပြခဲ့ သည်။

၁၉၃၀ ပြည့် နှစ်များတွင် ဂျာမန် နာဇီ များသည် ရတ်ဇယ်လ်၏ သဘောထား များအား လက်ခံခဲ့ ရုံသာမက လက်တွေ့ကျင့် သုံးခဲ့ကြသည်ကိုတွေ့ရှိရသည်။ထို့ အပြင် ၄င်း အယူအဆ အား ယခုလက်ရှိ အချိန်အထိ လက်ခံကျင့်သုံးနေကြောင်း အား အနောက် ဥရောပ နိုင်ငံများနှင့် အဓိက ဖွဲ့စည်းထားေ သာ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ၏ လုပ်ဆောင်နေမှုများမှ သိမြင်နိုင်မည် ဖြစ်သည်။

ထို့ အပြင် ဗြိတိသျှ တွေးခေါ်ရှင် တဦးဖြစ်သော မက်ကင်ဒါ (Sir Halford Mackinder) (၁၈၆၁-၁၉၄၇) သည်ကမ္ဘာ့ ဗဟိုချက် အယူအဆအား ထုတ်ဖေါ် တင်ပြခဲ့သည်။ ၄င်း၏ အယူအဆမှာ ကမ္ဘာမြေပြင်၏ လေးပုံသုံးပုံမှာ ရေပြင် ဖြစ်ပြီး ကျန်တပုံသာ ကုန်းမြေ ဖြစ်ကြောင်း သို့ဖြစ်၍ မြေပြင် တခုလုံးအား ရေပြင် အလယ်မှ ကျွန်းများ အဖြစ် ရှုမြင်ရမည် ဖြစ်ကြောင်းနှင့် ၄င်းကျွန်းကြီးများတွင် ကမ္ဘာ့ ဗဟိုချက် ဒေသများ သည် အောက်ပါ အတိုင်းဖြစ်ကြောင်း တင်ပြခဲ့သည်-

(၁)ရုရှား
(၂)တရုတ်နိုင်ငံအနောက်ပိုင်း
(၃)မွန်ဂိုလီးယား
(၄)အာဖဂန်နစ္စတန်
(၅)ပါကစ္စတန်
(၆)အီရန်(ယခင် မက်ဆိုပိုတေးမီးယားဒေသ)
(၇)အီရတ် ဒေသများဖြစ်သည်။

၎င်းဗဟိုချက်ဒေသအားချုပ်ကိုင်နိုင်သူသည်ကမ္ဘာကြိးအားလွမ်းမိုးနိုင်မည့်သူသာဖြစ်ကြောင်းမက်ကင်ဒါကတင်ပြခဲ့သည်။

မက်ကင်ဒါ ၏အယူအဆအားဝေဖန်သူတို့က ၄င်းဒေသများသည် အေးခဲသောဒေသများနှင့် အလွန် လူနေကျဲပါး သော ဒေသများ သာဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ ယနေ့ခောတ် တွင် တိုက်ချင်းပစ် ဒုံးပျံများ၊လေကြောင်းနှင့်အာကာသ ဆိုင်ရာ တိုးတက်မှုများကြောင့် လက်တွေ့တွင် အသုံးဝင်မှု နည်းပါးကြောင်း ထောက်ပြခဲ့ကြသည်။သို့ရာတွင် ဒုတိယကမ္ဘာစစ်အပီး အမေရိကန်ပြည်ေ ထာင် စု၏ Cotainment Policy ခေါ် ကွန်မြူနစ် နိုင်ငံများအား ၀န်းရံပိတ်ဆို့ သည့် စနစ်သည် ကမ္ဘာ့ဗဟိုချက် ဒေသအား ချုပ်ကိုင်ခြင်းပင်ဖြစ်ကြောင်း မက်ကင်ဒါက ပြန်လည် ထောက်ပြခဲ့သည်။

ထို့ အပြင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဒုတိယအကြိမ် ပထ၀ီဝင် နိုင်ငံရေးပညာအား လက်တွေ့အသုံးချခဲ့မှုမှာ ရုရှားနိုင်ငံပိုင် အလာစကားနယ် (Alaska) အားဝယ်ယူခဲ့ခြင်းပင်ဖြစ်သည်။ အလာစကားနယ် သည် ရုရှားနိုင်ငံ၏ အာရှအရှေ့ဖျား နယ်မြေများနှင့် ကျဉ်းမြောင်းသော ဘယ်ရင် ရေလက်ကြားသာ (Bering) ပိုင်းခြားထားပြီး ၁၈၆၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၂) သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။အာရှတိုက်ရှိ အမေရိကန် ကစားပွဲများအား ကြည့် လျှင် ကိုရီးယားတွင်သရေပွဲ ဖြစ်ခဲ့ပီး ဗီယက်နမ်တွင် စစ်ရှုံးခဲ့သည်။ ဂျပန်၊တောင်ကိုရီးယား၊ ၾသစေတ်းလ် တို့တွင် စစ်အခြေစိုက် စခန်းများထားရှိခြင်း၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများနှင့် မဟာမိတ် ဖွဲ့ခြင်းတို့ဖြင့် နူကလီးယား ထီးရီပ်မိုး ကာကွယ် ပေးခဲ့ သည်များ ကိုလဲ တွေ့ရှိရမည် ဖြစ်ပါသည်။သို့ရာတွင် ဒီပလိုမေစီ စစ်မျက်နှာ ဘက်မှ ကြည့်လျှင် အမေရိကန် နိုင်ငံ သည် တရုတ်နှင့် ရုရှား ဂရိတ်ပါဝါ နိုင်ငံများအား ပိတ်ဆို့ ချုပ်ကိုင်ရန် ကြိုးပမ်းသော်လည်း ကမ္ဘာ့ဈေးကွက် ကြီးများအား ပိုင်ဆိုင်ထားသူချင်း အကျိုးမရှိဘဲ ပဋိပက္ခဖြစ်အောင်လုပ်ကြမည်မဟုတ်ပေ။

သို့ဖြစ်ပါ၍ ပထ၀ီဝင်နိုင်ငံရေး သည် မျက်မှောက်ကာလ တွင် အရေးပါသောနိုင်ငံရေး အခင်းအကျင်း တွင်ပါဝင်လာပေရာ ကမ္ဘာ့ဗဟိုချက် သည် အာရှတိုက် ဖြစ်လာနေကြောင်း အမေရိကန်၏ ယနေ့လက်ရှိ အာရှပစိဖိတ် မူဝါဒ ပြောင်းလဲလာနေမှုများ အားကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပေမည် ဖြစ် သည်။သို့ဖြစ်၍ ယနေ့ အချိန်တွင် ၄င်းအင်အားကြီး နိုင်ငံများ၏ အားပြိုင်မှု နှင့် နိုင်ငံရေး ပထ၀ီဝင် ၏အရေးပါမှုအား ဆက်လက် စောင့်ကြည့်ရင်း မိမိ နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ထိမ်းသိန်း ကာကွယ်စောင့်ရှောက် သွားရမည်သာ ဖြစ်ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။။။။။။။။။

ဗဟုသုတအလို့ငှာသာတင်ပြခြင်းဖြစ်ပါတယ် ... ဗဟုသုတထဲ က တခုခု ရရင်တော့ ရေးရကျိုးနပ်တာ ပေါ့ ခင်ဗျာ .....

လင်းလက်လူ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်