Pages

Sunday, March 10, 2013

မန်း အလှူ တစ်ခုတွင် လူ ၁၅၆ ဦး အစာအဆိပ်သင့်

မန္တလေးတိုင်းဒေ သကြီး၊ပုသိမ်ကြီးမြို့နယ် တွင်အလှူတစ်ခုတွင် မတ်၉ရက်က အစာ အဆိပ်သင့်မှု တစ် ခုဖြစ် ပွားခဲ့ပြီးမည့်သည့်အကြောင်းကြောင့်ဖြစ်သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အစာအဆိပ်သင့်မှုတွင် ပါဝင်သူ ၁၅၆ဦးရှိပြီး အစာအဆိပ်သင့်လက္ခဏာရှိသူ ၈၉ဦးကို ကွင်းဆင်းကု သပေးခဲ့ပြီး အဆိုပါ ၈၉ဦးမှ ၂၀ဦးအား ပုသိမ်ကြီးဆေးရုံသို့ တက်ရောက်ကုသစေ ခဲ့ကြောင်း၊ ၁၄ ဦးအား ပြင်ပလူနာအ နေဖြင့် ကုသပေးနေပြီး ၆ဦးအား အတွင်းလူနာအဖြစ် ကုသပေးနေကြောင်း လက် ရှိ ဆေးရုံတွင် အစာအဆိပ်သင့်သူ ၆ဦးသာ ကျန်ရှိတော့ပြီးစိုးရိမ်ရသည့်အခြေနေတွင်မရှိဘဲ ကျန်လူနာများမှာ ပြန်ဆင်းသွားပြီဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ဆေးရုံမှ မြို့ နယ်ဆရာဝန်က ပြောသည်။ အ ခုကုသပေးနေတဲ့ လူတွေက အစာအဆိပ်သင့်တာပါ။ အားလုံးကို ဆေးရုံကနေ အခမဲ့ကုသပေးနေ ပါ တယ်။ လူနာတွေက စိုးရိမ်စရာမရှိပါဘူး ဟု အဆိုပါမြို့နယ်ဆရာဝန်က ပြောသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်