Pages

Sunday, March 10, 2013

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါ

 
တပ်မတော် သားမှ မဟုတ် ဒီမြေမှာမွေး ဒီရေ ကိုသောက် ဒီမြေမှာကြီး ပြင်း လာကြသော မည်သူမဆို ဒီမြေ ဒီရေ ဒီနိုင်ငံ ကို သစ္စာစောင့် သိရမည် ဖြစ်သည်။ အရိပ်နေနေ အခက် ချိုးချိုး ၊ သားရေ ပေါ်အိပ် သားရေ နားစား ဟူသော ကျေးဇူး ကန်းမှု များသည် လွန်စွာမှ စပ်ဆုတ် ရွံ့ ရှာဖွယ်ရာ ကောင်းလှပေ သည်။ မြန်မာ တို့သည် သူထူး၏ ကျေးဇူး တရားကို တန်ဖိုးထား လေးစား လိုက်နာကြသူများဖြစ်သည် ဟု ကျွန်တော်ပြောလျှင် မှားအံ့ မထင်။ ငခင်ညို ၏ တလုတ်စားဖူးသူ့ကျေးဇူး ကိုသိရှိပြီးဖြစ်ရာ ငယ်စဉ်မှ ယနေ့ ယခု အချိန်ထိ တိုင်ရင်သားညီ အကိုမောင်နှမ အာလုံး တို့အား စားဝတ်နေရေး အတွက် ကောက်ပဲသိးီနှံ ဆန်စပါးတို့ ကို ထုတ်လုပ်ပေးနေသော အမိ နိုင်ငံတော် ၏ ကျေးဇူးကို မူ ပြောဖွယ်ရာပင် မရှိတော့ပေ။

ထို့အတူ မြန်မာတို့ သည် မျိုးချစ် စိတ်ဓါတ် ထက်သန်သူများ ၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသားများ အပေါ် ချစ် မြတ်နိုး တန်ဘိုးထားသူများ ဖြစ်ကြ ပေသည်။မျိးချစ်စိတ် ပြင်းထန်ပြီ လွတ်လပ်မှု ကို အသက်တမျှ တန်ဖိုးထား သောမြန်မာတို့သည် သူ့ကျွန်ဘ၀ ကလွတ်မြောက်ရန် အသက်သွေးချွေး များစွာ ပေးဆပ်ရယူ ကြိုးပမ်း ခဲ့ကြသည်။ သို့ဖြင့် ၁၉၄၈ ခုနှစ်တွ် အသက်တမျှ မြတ်နိုး သော လွတ်လပ်ရေးကြီး အားပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။ လွတ် လပ်ရေး ကြိုပမ်းမှု အခန်းကဏ္ဍ တွင် တပ်မတော် သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အမိနိုင်ငံ အတွက် ၊လွတ်လပ်ရေး အတွက် အသက်သွေးချွေးတို့ဖြင့် ရင်း၍ တိုက်ပွဲဝင်ခဲ့သော ယနေ့ မြန့်မာ တပ်မတော်၏ ဖခင် ထိုစဉ်က ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA ၏ ဗန်ကောက်မှ  မြန်မာ သို့မထွက်ခွာ မီ ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်း ပြောကြားရာ တွင် တပ်မတော်၏ စွန့်လွှတ်အနစ်အနာခံမှု အဖြစ် " ရဲဘော်တို့ အိပ်ရန်မြေကြီး ၊ စားရန်ကျောက်ခဲ ၊ ဒါပဲ ငါတတ်နိုင်တယ် " ဟု ထည့်သွင်းပြောကြား ခဲ့ခြင်းဖြင့် အထင် အရှားတွေ့ ရမည် ဖြစ်သည်။

ထို့ အတူ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရောင်စုံ သောင်းကျန်းသူမျာ အား လည်း တပ်မတော်မှ သာ အသက်သွေးချွေးများ ရင်နှီးပေးဆပ် ပြီး တိုင်းပြည် နှင့် လူမျိုး အတွက် ကာကွယ် ခဲ့ ကြောင်း တွေ ရှိရမည် သာဖြစ်ပါသည်။ သို့ဖြစ် ပါ၍ ယနေ့တပ်မတော် သည် ပန်းခင်းသော လမ်း ကိုငြိမ်းချမ်းစွာ လျှောက်လှမ်းခဲ့ ရသည် မဟုတ် ဘဲ ဆူးလွှမ်းသော ခရောင်းလမ်း ကိုကြမ်းတမ်းစွာ ဖြတ်သန်းကျော်လွှားခဲ့ ရသည် ဆိုခြင်းမှာ လယ်ပြင်မှာ ဆင်သွားသကဲ့ သို့ ထင်ရှားလျှက် ရှိပေသည်။မည်သို့ကြမ်းတမ်း ခက်ခဲပါစေ တပ်မတော်သားတို့ သည် ၀ါသနာ၊ စေတနာ ၊ အနစ်နာ ခံ၍ မိမိ နိုင်ငံ နောက်တဖန် တိုင်းတပါး လက်အောက် နည်းလမ်းမျိုးစုံ ဖြင့် မရောက်ရှိစေ ရေးအား ကြိုးပမ်းခဲ့ ပေသည်။ ထို့သို ပြောလျှင် တိုင်းတပါး လက်အောက်ရောက်ရှိ ခြင်း ဆိုသော နည်းလမ်းများ ထည့်သွင်း ပြောရမည် ဖြစ်သည်။ ခတ်သစ် နယ်ချဲ့နည်း များစွာ ရှိပါသည်။ ထိုထဲ မှ အောက်ပါတို့မှာ လက်တွေ့ အများဆုံး လုပ်ဆောင်နေသာ လုပ်နည်းလုပ်ဟန်များ ဖြစ်ပါသည်-

( က ) လက်နက်ဖြင့် သိမ်းယူ နယ်ချဲ့နည်း
( ခ ) လူဦးရေဖြင့် ၀ါးမျိုနည်း
( ဂ ) ယဉ်ကျေးမှုဖြင့် ၀ါးမျိုနည်း
( ဃ ) စီးပွားရေးဖြင့် ၀ါးမျိုနည်း
( င ) နိုင်ငံရေးဖြင့် ကြားဝင်စွတ်ဖက် ၀ါးမျိုခြင်း
( စ ) ဘာသာရေး နည်းလမ်းဖြင့် ၀ါးမျိုခြင်း တို့ဖြစ်သည်။

ထိုထဲမှ တနည်းနည်းဖြင့် လက်အောက်သို့ရောက်ရှိ ခြင်းသည် လည်း တိုင်းတပါးအောက် ကျွန်ဖြစ်ခြင်း မည်ပေသည်။ ထိုသို့ မဖြစ်စေရေး တပ်မတော် တွင်သာ တာဝန်ရှိသည် မဟုတ်။ နိုင်ငံ အတွင်းမှီတင်း နေထိုင် ကြသော တိုင်းရင်းသား အားလုံး အပေါ်တွင် တာဝန် ရှိနေသည် ဟု ခံယူ ကြရမည်ဖြစ် သည်။ တပ်မတော်သားတို့ အနေဖြင့် ကား အထူးပြောရန်မရှိ ပြီ ။ နေ့စဉ် မာန်ပါပါဖြင့် ရွတ်ဆိုနေသော သစ္စာ အဓိဋ္ဌာန် ( ၄ ) ချက်တွင် နံပါတ် ( ၁ ) အချက်မှာ " ငါတို့ သည် နိုင်ငံတ်ာနှင့် နိုင်ငံ သားတို့ ၏ သစ္စာ ကိုစောင့် သိရိုသေပါမည် " ဟူ၍ ဖြစ်ပြီး နံပါတ် ( ၄ ) အချက်မှာ " ငါ့ နိုင်ငံတော် ငါ့ နိုင်ငံ သား ငါ့ တပ်မတော် အတွက် ငါ၏ အသက် ကို စွန့်လွှတ် ရန် အဓိဋ္ဌာန် ပြုပါ၏ " ဟု နေ့စဉ် သစ္စာ ဆို ထားပြီး ဖြစ်ပါသည်။

အမိ နိုင်ငံတော်၏ ကျေးဇူးသစ္စာ ကိုစောင့် သိရိုသေ တတ်ခြင်းသည် တိုင်းရင်းသားတိုင်း ၏ မွေးရာပါ အသိစိတ်ဓါတ်တွင် ကိန်းအောင်း ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သူ အပေါင်း အနေဖြင့် နိုင်ငံတော်၏ သစ္စာ ကိုစောင့်သိ ရိုသေရာ ရောက်စေရန် နိုင်ငံတော် ပြိုကွဲ စေ မည့် ပြောဆိုပြုမူ ကြံဆောင်လုပ်ကိုင် မှုများ ၊ နိုင်ငံတော်ကြီးအား အန္တ ရယ် ဖြစ်စေနိုင်သော ပြောဆိုပြုမူ ကြံ စည် လုပ်ကိုင်မှုများ အား မပြုလုပ်မိစေရန် အထူး လိုအပ်ပါသည်။ ဆူပူ သောင်းကျန်းလို သည့် မည်သူ့ ကိုမဆို တိုင်းရင်းသား ပြည်သူ တရပ်လုံးမှ ၀ိုင်းဝန်း ကန့်ကွက် ရှုံ့ချဖို့လိုအပ် ပါသည်။

အမိနိုင်ငံတော် အပေါ် သစ္စာ ဖောက်ဖျက် မှုများ ပြုလုပ်လာပါက လည်း ကမ္ဘာ ပေါ်တွင် မည်သည့် နိုင်ငံ တွင်မျှ လက်ခံ ခွင့်လွှတ်သည် ဟူ၍ မရှိပေ ။ အကြီးလေးဆုံးသော ပြစ်ဒါဏ်များနှင့် ပညတ် ထားပေသည်။ လူသားတစ်ဦးအတွက် ပြစ်ဒဏ် ထိုက်သင့် ရာတွင် မိမိနိုင်ငံ အပေါ် မှာ ပင်လျှင် သစ္စာမရှိသောကြောင့် ထိုက်သင့် သော ပြစ်ဒါဏ် သည့် ရှက်စရာ အကောင်းဆုံး ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးေ သာ ပြစ် ဒါဏ် ဖြစ်ပေသည်။ ထိုသို့သော သူများ အား  လည်း တပါးသောနိုင်ငံမျာမှ ထောက်ပံ့ပေးကမ်း ချီးမြှောက် နေခြင်းမှာ လဲ တိုင်းပြည်တပြည် ၏ အချုပ်အခြာ အာဏာ ကို ၀င်ရောက်လွှမ်းမိုး ချယ်လှယ် လိုသော စိတ် ဖြင့် သာထောက်ပံ့ ပေကမ်း ချီးမြှောက် နေခြင်းဖြစ်ပေသည်။  အကျိုးမလိုဘဲ နှင့် မည်သူမျှ ညောင်ရေမလောင်းပေ။

သို့ဖြစ်၍ ကျွန်တော်တို့ နိုင်ငံ တွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီ အကို မောင်နှမ အပေါင်း တို့ အနေဖြင့် အသက်သွေးချွေး များစွာပေးဆပ် ရယူခဲ့ရသော လွတ်လပ်ရေးအား မည်သည့် နည်းနှင့်မျှ တိုင်းတပါး လက်အောက်သို့ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ မရောက်ရှိစေရေး ၊ တိုင်းတပါးသြဇာခံ ရုပ်သေး အစိုးရ မဖြစ်စေရေး ကို ကာကွယ် စောင့်လျှောက်ရင်း နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏  သစ္စာ ၊ အမိနိုင်ငံတော် ၏ လွတ် လပ်ေ ရး အတွက်  ကျိုးပမ်းရင်း ကျဆုံးခဲ့ကြကုန်သော  တိုင်းရင်းသားညီ အကိုမောင်နှမများ၏ သစ္စာ ကို မဖြစ်မနေ စောင့်သိ ရိုသေ သွားကြရမည် မှာ သမိုင်းပေး တာဝန် တခုပင် ဖြစ် ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို  စောင့်သိရိုသေ ကြပါစေကြောင်း ဆန္ဒပြုရင်း  ...

လင်း လက် လူ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်