Pages

Monday, February 25, 2013

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့၌ ဗုံးများပေါက်ကွဲ၊ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့ရှိ လူနေသိပ်သည်းသော ဆင်ခြေဖုံး ဒေသတစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက် တွင် ပြောကြားသည်။ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အတွက် တာဝန်ရှိသူများကို အပြစ်ပေး အရေး ယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားသည်။ မကြာသေးမီက ခွဲထွက်ရေး ၀ါဒီ တစ်ဦးကို သေဒဏ်ပြစ်ဒဏ်  ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကက်ရှ်မီးယားဒေသတွင် ကန့်ကွက် ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ လုံခြုံရေးအရ တပ်လှန့်ထားချိန်တွင် ဗုံးပေါက်ကွဲမှု များ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။ ဟိုက်ဒြာဘတ်မြို့ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ ရပ်ကွက် တစ်ခုတွင် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဟိုက်ခြာဘတ်မြို့သည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ ဆိုင် ရာ စက်မှုလုပ်ငန်းများ အခြေစိုက်ရာဒေသဖြစ်သည်။ 

ရိုက်တာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်