Pages

Monday, February 25, 2013

တက္ကသိုလ် ၀င်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်တွင် ဓာတ်အား ပြတ်တောက်မှု မရှိစေရန် နိုင်ငံပိုင် စက်ရုံများ အချိန်ပိုင်း ရပ်ဆိုင်း သွားမည်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်တွင် လျှပ်စစ်ဓာတ်အား ပြတ်ေ တာက်မှု မရှိစေရန် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများကို အချိန်ပိုင်း ရပ်ဆိုင်းမည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ဖေဖော်ဝါရီလ၂၁ ရက် နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 


စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က “ယခုလတ်တလော အခြေအနေမှာ မကြာမီ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုကာလနဲ့ ဖြေဆိုချိန်အတွင်း ဓာတ်အားပိုမို ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၈ သန်းနဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေ ၃၀ သန်းခန့် ဖြည့်ဆည်း ပံ့ပိုးပေးဖို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ညှိနှိုင်းလာပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ၁၃-၃-၂၀၁၃ ရက်နေ့ မှ ၂၂-၃-၂၀၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုဖို့ အနီးကပ် ပြင်ဆင်နေချိန်နဲ့ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်းမှာ ဓာတ်အားမပြတ်တောက်ဖို့ မတ်လ ၁ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ ညနေ ၀၅း၀၀ နာရီက နံနက် ၀၅း၀၀ နာရီအထိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းကို ရပ်တန့်ပေးဖို့ ၁၉-၂-၂၀၁၃ ရက်စွဲပါ စာဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထပ်မံညှိနှိုင်း လာပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်