Pages

Monday, February 25, 2013

မြန်မာနိုင်ငံမှ ဘဏ်လေးဘဏ်နှင့် ငွေကြေး လုပ်ငန်း ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန ခွင့်ပြု

အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံမှ အဓိကဘဏ်များနှင့် ငွေကြေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း AFP သတင်းဋ္ဌာနက ဖော်ပြသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သော မြန်မာဘဏ်များမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်ကြောင်း သိရသည်။ 

စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့သည့် ဆောင်ရွက်ချက် တစ်ရပ်အဖြစ် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက လုပ်ငန်းရှင် တစ်ဦးချင်းစီကို လည်းကောင်း၊ ကုမ္ပဏီများနှ င့် ငွေကြေး အဖွဲ့အစည်းများကို လည်းေ ကာင်း ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းဆိုင်ရာ တို့အတွက် ငွေစာရင်း ဖွင့်ခြင်းနှင့် အခြားေ ငွကြေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါ မြန်မာဘဏ်များနှင့် လုပ်ကိုင်နိုင်ရေး လိုင်စင်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


“အခုလို လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် အမေရိကန်က ကုမ္ပဏီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံက အကြီးဆုံး ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ခွင့် ရလာသလို မြန်မာဘဏ်တွေ အနေနဲ့လည်း အမေရိကန် ဘဏ္ဍာရေးစနစ်နဲ့ ထိတွေ့လုပ်ကိုင်ခွင့် ရရှိလာစေမှာ ဖြစ်ပါတယ်” ဟု အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများအား ဖြေလျော့ခြင်းကို အမေရိကန်နိုင်ငံက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်၏ ရင်းနှီးမြှူပ်နှံမှုများ ပိုမိုတိုးတက်လာခဲ့ရာ ယခုဘဏ် လုပ်ငန်းဆိုင်ရာ ခွင့်ပြုချက်က နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုကို ပိုမိုအထောက်အပံ့ ဖြစ်လာနိုင်စေ မည်ဟု သိရသည်။အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက် လုပ်ငန်းနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဌာနမှ ဒေးဗစ်ကိုဟင်က ယခုဆောင်ရွက်ချက် သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာ အထောက်အပံ့ ဖြစ်စေမ ည်ဟု မျှော် လင့်ကြောင်း ပြော ကြားခဲ့သည်။

 မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်သွင်းကုန် ပြုလုပ်ရာတွင် နိုင်ငံတစ်ခုအား ကြားခံထားကာ ငွေလွှဲပြောင်းေ ရးအတွက် စာရင်းဖွင့်လှစ် လုပ်ကိုင်ရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းအပေါ် ကြန့်ကြာခက်ခဲစေလျက် ရှိသည်။ ယခုကဲ့သို့ အမေရိကန်မှ ခွင့်ပြုပေးခဲ့ရာ နိုင်ငံ၏ ပို့ကုန်သွင်းကုန်ကဏ္ဍအတွက် ပိုမိုလွယ်ကူ ချောမွေ့စေမည်ဖြစ်ပြီး ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့အပြင် အခြားပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့်လည်း အမေရိကန်ဖြင့် ထပ်မံ၍ ချိတ်ဆက်လုပ်ကိုင်ခွင့် ရလာနိုင်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိပြီး ပြည်တွင်း၌ နိုင်ငံတကာဘဏ်များမှ ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်မှု အရေအတွက်မှာ ၂၈ ဘဏ်အထိ ရှိလာသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်