Pages

Thursday, February 14, 2013

သမ္မတ အပါအဝင် မည်သူကို မဆို စစ်ဆေး အရေးယူ နိုင်မည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း ကို အတည်ပြု

 
နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဝန်ထမ်းများအား လာဘ်ေ ပး လာဘ်ယူမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ေ ရး ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ေ ကြာင်း ပြည်ေ ထာင် စုလွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောသည်။

“ဒီဥပဒေအရ တိုင်ကြားလာရင် မည်သူ့ကိုမဆို ကော်မရှင်က စစ်ဆေးခွင့်ရှိပြီး သက်ဆိုင်ရာ တရားရုံးတွေ ကို တရားစွဲဖို့ တင်ပို့ခွင့်ရှိပါတယ်။ နိုင်ငံတော်သမ္မတက စစ်ဆေးခွင့်ရှိပါတယ်” ဟု ဒေါက်တာမြတ် ဥာဏ စိုး က ပြောသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များအား စစ်ဆေးရန်ရှိလာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားရုံးများသို့ အဆိုပါ ဥပဒေမှ စစ်ဆေးအရေးယူခွင့် ပေးထားပြီး ၄င်းတရားရုံးများအပေါ် အုပ်ချုပ်ရေးအဖွဲ့များမှ သြဇာလွှမ်းမိုးခံ ရေ ကြာင်း ကော်မရှင်မှ ယူဆပါက အထူးတရားရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ကို ဥပဒေအရ ပေးအပ် ထားေ ကြာင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို လွှတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင် ငါးဦးစီ ရွေးချယ်တာဝန်ပေးရမည် ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၄င်းတို့၏ ပိုင်ဆိုင်မှုစာရင်းကို နိုင်ငံတော်သမ္မတထံ တင်ပြရမည် ဖြစ်သည်။ လာဘ်ပေးလာဘ် ယူမှု လျော့နည်း ကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ေ ရး ကော် မတီ ကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၈ ရက်တွင် အမိန့်အမှတ် ၉/၂၀၁၃ ဖြင့် အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့ေ ကြာင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်