Pages

Thursday, February 14, 2013

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့ မှ ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ဦးစီး ၁၀ ဦး အလင်းဝင်

ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့ နယ် ခွဲ လေညာ ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူး အဆင့် ရှိ နိုင်ညိုနှင့် ဗိုလ်အဆင့်ရှိ အချန်းတို့နှစ်ဦးသည် အမ် ၃၂ ပစ္စတိုတစ်လက်၊ ပွိုင့် ၃၀ ကာဘိုင်တစ်လက်၊ ဆက် စပ် ပစ္စည်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြသည်။

တပ်မတော်၏ နွေးထွေးပျူငှာစွာ ဆက်ဆံမှုကြောင့် ၄င်းတို့နှစ်ဦးက လက်ကျန် အဖွဲ့များအား ဆက် သွယ် ခေါ်ဆောင်ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ခေါင်းဆောင် အဖွဲ့ဝင်ရှစ်ဦးသည် ပွိုင့်၃ဝ ကာဘိုင်တစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျကေ နှစ်လက်၊ ကေအေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လု ပ်ေ သ နတ်တို တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံအလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိ ရ သည်။

၎င်းတို့ ၁ဝ ဦးနှင့်အတူ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းမျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၂ ခု ပါရှိလာခဲ့ပြီး တာဝန်ရှိသူများမှ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ ထောက်ပံ့ပေးအပ်၍ ၄င်းတို့ မိသားစုဘဝ လုံခြုံရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်