Pages

Monday, March 18, 2013

တရားမဝင် စားသောက်ကုန်အများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်း

 
 
ကျန်းမာရေး အစားအေသာက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန လက်မှတ်မပါဘဲ နယ်စပ်ကတဆင့် ၀င်ရောက်နေ တဲ့ စားသောက်ကုန်တွေ အများစုဟာ ထိုင်းနိုင်ငံထဲက ဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက သိရပါတယ်။

စီးပွားကူးသန်းဝန်ကြီးရုံးညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက “ဖမ်းမိတဲ့ ကိန်းဂဏန်းတွေအရပြန်ကြည့်ရင်တော့ အဲဒါက ရာခိုင်နှုန်းအများကြီးတော့ မဟုတ်ပါဘူး။ ဖမ်းမိတဲ့ အသား၊ ငါး ဆိုတာထက် FDA အသိအမှတ်ပြု လက်မှတ်မပါတဲ့ စားသောက်ကုန်ပစ္စည်းတွေဆိုရင် ပိုကောင်းမယ်ထင် တယ်။ FDA အသိအမှတ်ပြု လက်မှတ် မပါဘဲ တရားမ၀င်သွင်းလာတဲ့ စားသောက်ကုန်တွေထဲမှာ ဆီလိုဟာမျိုးတွေ၊ အသားအစိုလိုဟာ မျိုးတွေ နဲ့ ခေါက်ဆွဲခြောက်၊ မုန့်အခြောက်လို တာရှည်ခံလုပ်ထားတဲ့ စားသောက်ကုန်တွေ ဒီလို ၃ မျိုးတော့ ကွဲနေတယ်။ အဓိကအေနနဲ့ ထိုင်းနိုင်ငံက ၀င်နေတာများတယ်။ တရုတ်ဘက်ကလည်း အထက်မြန်မာပြည် လမ်းကြောင်းအနေနဲ့ ၀င်နေတာ ရှိတယ်။ ကိန်းဂဏန်းအနေနဲ့ ထိုင်းနယ်စပ် မြ၀တီလမ်းကြောင်းဘက်က ပိုများတယ်” လို့ ပြောပါတယ်။
 
ပြည်တွင်းဈေးကွက်ထဲ တရားမ၀င် ၀င်ရောက်နေတဲ့ သားငါးတွေကို တွေ့ရင် အကြောင်းကြားဖို့ မွေးမြူရေး နဲ့ ကုသရေးဦးစီးဌာနကလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲ့ဒီဌာနက ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာအောင်ကြီးက “တရားမ၀င် အသား၊ ငါးဆိုတာက ဥပမာ နိုင်ငံခြားကေန တင်သွင်းတယ်ဆိုရင် ကျေန်ာတို့ဆီမှာ ကျန်းမာရေးစစ်ဆေး ချက်   ထောက်ခံချက်လက်မှတ်ထုတ်ရတယ်လေ။

အဲလို ထောက်ခံချက်လက်မှတ်ပါမလာရင် နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါတွေ ပါလာနိုင်တယ်။ ပါလာနိုင်လို့ အဲလို တရားမ၀င်အသား၊ ငါးတွေ တင်သွင်းရင်တော့ ကျနော်တို့ဌာနကို အကြောင်းကြားပါ။ ဌာနအနေဲ့ လိုအပ်သလို စိစစ်ဆောင်ရွက်သွားမယ်။
         
အထူးသဖြင့်တော့ ရောဂါကာကွယ်ရေးနဲ့ပတ်သက်လို့ပါ”လို့ ပြောပါတယ်။မြန်မာစီးပွားကူးသန်းဝန်ကြီး ဌာ န အနေဲ့လည်း အသားအစိုတွေကို နယ်စပ်က တရားဝင်တင်သွင်းခွင့် ခွင့်ပြုမထားဘူးလို့ ဦးတင်ရဲဝင်းက ပြောပါတယ်။

“အသားအစိုနဲ့ပတ်သက်ရင် တင်သွင်းခွင့်မေပးပါဘူး။ အသားအစိုတွေမှာ FDA အသိအမှတ်ပြုလက်မှတ် စစ်ဆေးဖို့ခက်ခဲပါ တယ်။ နောက် ပြည်တွင်းမှာလည်း အသားအစိုတွေနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုကိန်း ဂဏန်းအရ လုံလောက်နေတဲ့အတွက် ပြည်ပကနေ လောလောဆယ် တင်သွင်းရန် မလိုသေးဘူးလို့ အသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်လည်း ရယူထားတယ်။ တတိယအချက်က ၀င်လာတဲ့အသားအစိုတွေ မှာလည်း ဥပမာအားဖြင့် တရုတ်နိုင်ငံဖြစ်ဖြစ်၊ ထိုင်းနိုင်ငံဖြစ်ဖြစ် အဲနိုင်ငံတွေက လူအများ စားသုံးရန်သင့်တော်ပါ တယ်ဆိုတဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်တွေ တခုမှလည်း ပါမလာလို့ပါ။”

လတ်တေလာမှာ မြန်မာပြည်ထဲက အေးခဲအမဲသားတွေ တရုတ်ပြည်ကို တရားမ၀င် တင်ပို့နေတာ၊ ထိုင်းနိုင်ငံက အေးခဲကြက်သားတွေ တရားမ၀င် တင်သွင်းနေတာတွေ ရှိနေပြီး သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိရင် ဖျက်ဆီးပစ်ပါတယ်။

DVB

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်