Pages

Monday, March 18, 2013

လက်ပံတောင်းတောင် သပိတ်စခန်းများ ပြန်လည် ရုပ်သိမ်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေနီစီမံကိန်း အတွင်းရှိ သပိတ်စခန်းများကို ပြန်လည် ရုပ်သိမ်း သွားပြီ ဖြစ်သည်။ (16.3.2013)လိပ်ခွံတောင်နှင့် အင်ကြင်းတောင် သပိတ်စခန်းနှစ်ခုကို ယမန်နေ့ ည-( 7း00 ) နာရီခန့်တွင် ပြည်လည် ရုပ်သိမ်းသွား ကြကြောင်း၊ ယင်းစခန်း နှစ်ခုကို မိုးကြိုးပြင်ရွာသူ၊ ရွာသားများက နေရာယူ တပ်စွဲထားခဲ့ကြခြင်း ဖြစ်ကြောင်း၊ တုံရွာ သပိတ် စခန်းကို ယနေ့(17.3.2013) ညနေ(4း00) နာရီခန့်တွင် ရုပ်သိမ်းသွားကြကြောင်း၊ ယင်းသပိတ်စခန်းကို ဆည်တည်းရွာနှင့် တုံရွာတို့မှ ရွာသူရွာသားများက တပ်စွဲထားခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။

ဒေသခံများနှင့်သာ အဆက်အသွယ်ရပြီး ပြန်လည်ရုပ်သိမ်းရာရွာများနှင့် အဆက်အသွယ်မရ၍ ရွာသူရွာ သားတို့ သဘောထားနှင့် ရည်ရွယ်ချက်ကို မသိရသေးပေ။ ဒေါ်အောင် ဆန်းစု ကြည် ၏ စေတ နာမေတ္တာကို နားလည်ခံစားမိသွား၍လော၊ အစီရင်ခံစား၏ အနက် အဓိပ္ပါယ်ကို အလေးအနက် သိရှိသွား ၍လော၊ မဆိုသာသော်လည်း အပြု သဘောဆောင်သော ရုပ်သိမ်းခြင်းမျိုး ဖြစ်ပါက သာဓု ခေါ်ရ မည် ဖြစ် သည်။ ကောင်းချီး သြဘာ ပေးရမည်ဖြစ်သည်။

ရှေးခါသော်က၊ သီဟနွားလား၊ နှစ်ကောင်ကြားဝယ်၊
တောသားဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သောအခါ၊
ခြင်္သေ့နွားတို့၊ ခိုက်ပွားရန်ဖြစ်၊ ဖြစ်၍မကြာ၊ သေကြစွာ၏။ (မဃဒေ၀)

သန္ဓိဘေဒ ဇာတ်တော်လာ နောက်ကွယ်ကကြိုး။
မြေခွေးဆိုးမျိုးနှင့် အစဉ်ထာဝရ ကင်းဝေးကြပါစေ။
Wira Thu

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်