Pages

Monday, March 18, 2013

အစိုးရ၊ သမ္မတကြီး နှင့် တပ်မတော်ကို တိုက်ခိုက် အပုပ်ချမှုများ ပြုလုပ်နေသော်လည်း အရေးယူ မခံရသေးသည့် The Ladies ၈ျာနယ် အယ်ဒီတာ အကြောင်း

ခွန်ဒီးယမ်း (ခေါ်) ဒီမိုဖက်တီး...... ကျွန်တော် တတ်နိုင်သလောက် မရေးပါဘူး..... သူ့ရဲ့ ဒုက္ခိတ ဘ၀ကို စာ နာ တာရယ်၊ တစ်ချိန်မှာတော့ ပြောင်းလဲလာမယ်လို့ ယူဆပြီး ရှောင်ခဲ့တယ်.... ဒါပေမယ့် တဖြည်ြး ဖည်းနဲ့ ကျွန်တော့်ကို ဘိုင်နိမ်းတတ်ပြီး အညှိုးအတေးကြီးစွာနဲ့ မဟုတ်တာတွေ ရေးတာ များလာတဲ့ အတွက် တစ်ခုခုတော့ တုံ့ပြန်သင့်တယ်လို့ မြင်မိတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ.....
တကယ်တော့ ဒီမိုဖက်တီးဆိုတာ ဘယ်သူလည်း အထူးအထွေ ပြောစရာမရှိပါဘူး.... လူအများ သိပီး သားဖြစ်တဲ့ မေဇင်အေးပါပဲ...... သူ့ရဲ့ အညှိုးအတေးကြီးမှုက အခုမှ မဟုတ်ပါဘူး.... အရင်ကတည်း ကပါပဲ .... သူ့ရဲ့ M3WI ကုမ္ပဏီ ကြေငြာကိစ္စနဲ့ ပါတ်သက်ပြီး Weekly Eleven အုပ်စုနဲ့ အကြီးအကျယ် ငြိခဲ့ ပါတယ်..... အဲ့ဒိအတွက် အခွင့်သာတိုင်းမှာ ဒီမိုဖက်တီးအကောင့်နဲ့ ကြုံရင်ကြုံသလို အညှိုးတကြီး တိုက် ခိုက်လေ့ ရှိပါတယ်..... ဒီအတွက်လည်း Eleven က ဆတ်ဆတ်ထိမခံတဲ့ အယ်ဒီတာ ဝေဖြိုးနဲ့ တွေ့ ချိန်မှာ ဝေဖြိုးက ဒီမိုဖက်တီးကို တရားစွဲမယ်လို့ ကြေငြာပီးတဲ့နောက်ပိုင်းမှာ တော်တော်လေး ငြိမ်သွား ခဲ့ပါတယ်....
ဒီမိုဖက်တီးဟာ ဒေါ်စုရဲ့ သတင်း၊ ဓါတ်ပုံတွေကို အွန်လိုင်းမှာ ဦးဆုံးတင်နိုင်တဲ့လူ တစ်ယောက်အနေနဲ့ ရှိနေ တဲ့ အတွက်လည်း လူအများစုရဲ့ အားပေးမှုကို ရနေချိန်မှာ အတော်လေး ဘ၀င်မြင့်ပြီး လူအများစုကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံလာတဲ့အတွက် မသင့်မတင့်တွေ အတော်များခဲ့သလို၊ လက်လွတ်စပါယ် ပြော ဆိုမှု၊ သူတစ်ပါး တင်ထားတဲ့ စာ၊ ဓါတ်ပုံတွေကို ပေါ်တင်ကူးယူပြီး လုံးဝ ခရက်ဒစ်မပေးခြင်း အစရှိတဲ့ သူခိုး ကျင့် သူခိုးကြံတွေ ပြုလုပ်လာတဲ့အတွက် လူအများစုရဲ့ ချဉ်ဖတ်လည်း ဖြစ်ခဲ့ပါတယ်.....
ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာခဲ့ပြီးနောက်ပိုင်း၊ သူမရဲ့ အားနည်းချက်ကို စာနာသွားလို့ ဒေါ်စုမှ အခွင့် အရေး ပေးခဲ့မှုအပေါ် ကောင်းကောင်း အသုံးချခဲ့ပါတယ်... ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ဒေါ်စုအိမ် သွားလည်ရင်းနဲ့  ဒေါ်စုက သူ့ လက်တွန်းလှည်းကို တွန်းပေးနေတဲ့ပုံကို ဖေ့ဘုတ်မှာ တင်ရင်း ဒေါ်စုနဲ့ ပုဂ္ဂိုလ်ရေး အရရင်းနှီးကြောင်း ပြပြီး ဒေါ်စုချစ်သူတွေ သူ့ ကိုသတိထားမိအောင် လုပ်ခဲ့တယ်..... သူ့ေ မွးနေ့ အတွက် ဒေါ်စု ကိတ်မုန့် လက်ဆောင် ပေးခဲ့တာကို တခုတ်တရ ဖေ့ဘွတ်ပေါ်ကို တင်ပီး တဲ့နောက် မှာ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးဟာ ဒေါ်စုရဲ့ ပြန်ကြားရေး အသွင်ပုံစံမျိုး ပြုလုပ်လာသလို၊ NLD ရဲ့ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်သဖွယ်မျိုး ပြောဆို ဆက်ဆံလာခဲ့ပါတယ်....
အဓိက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ ကြားဖြတ်အပြီးမှာ ပြည်တွင်း သတင်းထောက်တွေရဲ့ စွမ်း စွမ်း တမံ ဆောင်ရွက်မှုတွေ များလာခဲ့ပြီး ဒေါ်စုရဲ့ ရွေးကောက်ပွဲ မဲဆွယ်ခရီးတွေ အများစုကို သတင်း ဌာနတွေက သတင်းတွေ တက်လာချိန်မှာ ဒီမိုဖက်တီးဟာ သူ့စီက အောင်မြင်မှုဝေစုကို ခွဲဝေယူသွားတဲ့ သတင်း သမားတွေကို အညှိုးအတေးထားပြီး မသိမသာ တိုက်ခိုက်လာခဲ့ပါတယ်...... အထူးသဖြင့် ၎င်းနဲ့ သူတော်ခြင်းခြင်း သတင်းလွေ့လွေ့ ပေါင်းဖြစ်နေတဲ့ အွန်လိုင်းပေါ်က စာရေးဆရာ သွန်းနေစိုးရဲ့ မုဒိမ်းမှုကို 7Day က သတင်းထောက် ဥက္ကာကိုကို တင်ခဲ့တာနဲ့ ပါတ်သက်ပြီး၊ သူနဲ့ အလွမ်းသင့်သူကို မကောင်း သတင်း တင်ရပါ့မလားဆိုပြီး ဒီမိုဖက်တီးနဲ့ သတင်းထောက် ဥက္ကာကိုကိုနဲ့ ငြိခဲ့တယ်..... အဲ့ဒိ အချိန်က စပြီးတော့ ဒီမိုဖက်တီးဟာ ဥက္ကာကိုကိုကို တော်တော်လေး ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့တယ်.......
ဥက္ကာကိုကိုနဲ့ အခြေအတင်ဖြစ်ခဲ့ပြီး မကျေမလည် ဖြစ်နေတဲ့ ဒီမိုဖက်တီးဟာ ကျောက်နီမော် ကိစ္စဖြစ် ချိန်မှာ ရခိုင်လူမျိုး ဥက္ကာကိုကို ကို မကျေနပ်မှုနဲ့ စက်ချုပ်သမလေးကို လော်လီလို့ မုဒိမ်းကျင့်ပီး အသတ်ခံ ရတဲ့ ပုံစံမျိုး ရေးလိုက်ချိန်မှာ ရခိုင်အများစုနဲ့ ဒီမိုဖက်တီးနဲ့ ပြဿနာ တက်ခဲ့ပါတယ်..... ရခိုင်ကိစ္စနဲ့ ပါတ်သက်ပြီး သူ့ရဲ့ အရေးအသားကြောင့် ရခိုင်လူမျိုးများ မကျေမနပ်ဖြစ်ခဲ့ရာမှ ဒေါ်စုနှုတ်ဆိပ်နေခဲ့ခြင်းကို အားမလိုအားမရဖြစ်ပြီး ဝေဖန်ခဲ့ခြင်းအပေါ်မှာလည်း ဒီမိုဖက်တီးဟာ မီဒီယာတွေကို ခပ်တည်တည်နဲ့ အပြစ်ပုံချခဲ့ပါတယ်.....
ဒီမိုဖက်တီးရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုတစ်ခုနဲ့ ဆူပူအောင်ရေးခဲ့ခြင်းရဲ့ အကျိုးရလာဘ်ကတော့ ရခိုင်လူမျိုး အများစုဟာ ဒေါ်စုအပေါ်မှာ အမြင်ကြည်လင်ခဲ့ခြင်း မရှိတော့တာ အခုအချိန်ထိပါပဲ...... ဒီမိုဖက်တီးရဲ့ လက်လွတ် စပါယ် ပြောဆိုမှု၊ အရေးအသားတွေကြောင့် NLD ကိုပါ ရိုက်ခတ်မှုရှိလာတဲ့အတွက် NLD မှာ ပြောရေးဆိုခွင့်ရ ဦးဥာဏ်ဝင်းကိုယ်တိုင် ဒီမိုဖက်တီးဟာ NLD နဲ့ လုံးဝ ပါတ်သက်မှု မရှိဘူးလို့ စာနယ်ဇင်းများကတဆင့် တရားဝင် ငြင်းဆိုခဲ့ပါတယ်......
ထိုကဲ့သို့ ဦးဥာဏ်ဝင်းမှတဆင့် ဒီမိုဖက်တီးဟာ NLD နဲ့ သက်ဆိုင်မှု မရှိပါလို့ ကြေငြာခဲ့တာနဲ့ ပါတ် သက်ပြီး ဒီမိုဖက်တီးဟာ တော်တော်လေးကို ခံစားခဲ့ရပါတယ်.... နာကြဉ်းခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်.... ထို့အတူပဲ ဒီမိုဖက်တီးဟာ ဒေါ်စုဘေးနားက ဦးခွန်သာမြင့်နဲ့ ပါတ်သက်ပြီးတော့လည်း တော်တော်လေးကို အညှိုးအတေး ထားခဲ့တာကို ဦးခွန်သာမြင့်အပေါ်မှာ သူရေးခဲ့တဲ့ ဝေဖန်မှုတွေဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရှိခဲ့တာ အဲ့ဒိအချိန်က စာဖတ်သူတွေ မှတ်မိနေဆဲ ဖြစ်မှာပါ...... NLD သတင်းတွေကို အွန် လိုင်းပေါ်မှာ အမြဲလိုလိုတင်ပြီး NLD ဘက်တော်သားသဖွယ်၊ ဒေါ်စုရဲ့ အရေးပေးခံရသူသဖွယ် မိမိကိုယ်ကို အမွှန်း တင်နေလေ့ရှိတဲ့ ဒီမိုဖက်တီးအတွက် ဦးဥာဏ်ဝင်းရဲ့ ကြေငြာချက်ဟာ အတော့ကို အခဲမကြေနိုင်ဖြစ်ခဲ့ပါတယ်.....
ရလာဘ်ကတော့ ဒီမိုဖက်တီးဟာ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကို အသုံးပြုပြီး NLD ထဲမှာသူနဲ့ အလွမ်း သင့်သူတွေကိုသာ ဦးစားပေးခဲ့ပြီး သူမကျေနပ်သူများကို အခွင့်သာတိုင်း ကစ်ရင်းနဲ့ NLD ရဲ့ အက်ကြောင်း ကို ဖန်တီးခဲ့တာပါပဲ....... ထိုကဲ့သို့ ဖန်တီးရင်းနဲ့ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးရဲ့ အပြော အဆိုတွေဟာ ဘောင်ကျော်လာပြီး NLD ကိုပါ ထိခိုက်လာတာတွေကြောင့် အဲ့ဒိအချိန်က ကျွန်တော်နဲ့ စိတ်တူ ကိုယ်တူရှိခဲ့တဲ့ လူတစ်စုကနေတစ်ဆင့် ဆုံးဖြတ်ကြရင်း ကျွန်တော် ဒီမိုဖက်တီးကို ပေါ်တင်ဝေ ဖန်ခဲ့ပါတယ်..... အဲ့ဒိကစလို့ ဒီမိုဖက်တီးဟာ ကျွန်တော့်ကို ဘလော့သွားခဲ့တာ အခုအချိန်ထိပါပဲ......
Eleven Media မှ အယ်ဒီတာ ဝေဖြိုးရဲ့ တရားစွဲမယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်း၊ ဥက္ကာကိုကိုကို မကျေနပ် တာနဲ့ ရခိုင်လူမျိုးတွေအပေါ် စော်ကားခဲ့ခြင်း၊ လက်လွတ်စပါယ် ရေးသားခြင်း၊ အခြားသူများ၏ ပို့စ်များ၊ ဓါတ်ပုံ များကို ခပ်တည်တည်နဲ့ ခိုးယူဖော်ပြခြင်းများကြောင့် ဒီမိုဖက်တီး အကောင့်ကို လူအများစု ပြစ်ပြစ်နှ စ်နှစ် ဝေဖန်လာကြတဲ့အတွက် ခွန်ဒီးယမ်ဆိုတဲ့ အကောင့်ကို ဖွင့်ခဲ့ကာ ဒေါ်စုရဲ့ ခရီးသွားခြင်း ဓါတ်ပုံေ တွကို တင်ရင်းနဲ့ နေရာပြန်ယူလာခဲ့ပါတယ်.....
ထုံးစံအတိုင်း လူအများစုရဲ့ အာရုံစိုက်ခံရချိန်မှာ တစ်ချိန်က သူမကျေနပ်ခဲ့တဲ့ Eleven၊ ကြားဖြတ်ရွေးေ ကာက် ပွဲမှာ လက်စောင်းထက်ထက်နဲ့ ဖေ့ဘွတ်ပေါ်မှာ သူ့စီက အမှတ်တွေ ခွဲယူသွားတဲ့ မီဒီယာများနဲ့ ဥက္ကာ ကိုကို ကိစ္စနဲ့ ပါတ်သက်ပြီး သူဖြစ်စေချင်သလို ဖိအားပေးလို့ မရတဲ့ 7Days က ကိုသောင်းစုငြိမ်း တို့ကို အခွင့်အခါသင့်တိုင်းမှာ အထိမ်းအကွတ်မရှိ ဝေဖန်ခဲ့ပါတယ်...... သိသာခဲ့တာကတော့ ကိုသောင်း စုငြိမ်းတို့ ဦးသိန်းစိန်ကို ကန်တော့ခဲ့တဲ့ ကိစ္စနဲ့ ပါတ်သက်ပြီးတော့ပဲ ဖြစ်ပါတယ်.....
ဒီမိုဖက်တီးအကောင့်နဲ့ ဒေါ်စုရဲ့ အွန်လိုင်းပေါ်က ပြောရေးဆိုခွင့်ရလူလိုလို ဘာလိုလိုနဲ့ လက်လွတ် စပါယ်ရေးသားခြင်းရဲ့ ရလာဘ်ကတော့ ဒေါ်စုအပေါ်မှာ ပညာတတ်လူတန်းစားတွေ အမြင်ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်.... အထူးသဖြင့် ဒီမိုဖက်တီးရဲ့ ဒီမိုနာမည်ခံပြီး Dictatorship အပြုအမူများဖြစ်တဲ့ အမြင်မ တူသူများကို ဆဲဆိုခြင်း၊ အမှားထောက်ပြသော မှတ်ချက်များကို ဖျက်ခြင်း၊ ပိုင်ရှင်ထံမှ ခွင့်မတောင်းပဲ ကူး ယူသော စာ၊ ဓါတ်ပုံများနှင့် ပါတ်သက်ပြီး ဝေဖန်သူများကို ဘလော့ခြင်း၊ ပိုင်ရှင်အား ဘလော့ခြင်း အစရှိ သည်များကြောင့်ပဲ ဖြစ်ပါတယ်.... ဒေါ်စုနှင့် နီးစပ်သူတစ်ဦးက ဒီလိုမျိုးလုပ်နေတာ ဒေါ်စုက မဟန့် ဘူးလား ဆိုတဲ့ မေးခွန်းများစွာလည်း အွန်လိုင်းသုံးတဲ့ ပညာတတ် လူတန်းစားကြားမှာ ပြန့်နှံ့ခဲ့ပါတယ်.....
ဒါတင် အားမရသေးပါဘူး ခွန်ဒီးယမ်း အကောင့်မှလည်း မကျေနပ်ချက် အညှိုးအတေးများကို ရှေ့တန်းတင် ရေးသား ခဲ့ပါတယ်..... အထူးသဖြင့် NLD ပါတီတွင်း မကျေနပ်ချက်များကြောင့် အက်ကြောင်းများ ဖြစ်လာ ခဲ့စဉ်မှာ သူမကျေနပ်တဲ့ လူတွေပါဝင်တဲ့ဘက်ကို ဆိုးဆိုးဝါးဝါး ဝေဖန်ခြင်းမျိုး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှု များကြောင့် အမြင်မကြည်လင်မှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်..... ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်းရဲ့ ဆိုက်ကို တစ် ခုဟာ သူပြောတာကို လက်ခံ ထောက်ခံပြီး မြှောက်ပင့်ပေးနေမှ သဘောကျနေတတ်တဲ့ စိတ်ထားရှိ သူတစ်ဦး ဖြစ်ပါတယ်..... ဒါကြောင့် ရံဖန်ရံခါမှာ သူပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ဖြစ်သွားတဲ့ ဒေါ်စု ကိုတောင် စကားနာထိုးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်......
ထိုမျှနဲ့မရပ်သေးပဲ လက်ပံတောင်းကိစ္စမှာ သူမနေစေချင်သလို မနေခဲ့တဲ့ ဒေါ်စုကော်မရှင်ဥက္ကဌ လုပ်ခဲ့ တာ ကို အတော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ်..... ဒေါ်စုကို မဝေဖန်ရဲတဲ့အတွက် အစိုးရကို အပြစ်ဖို့ရင်း လက်ပံေ တာင်း စီမံကိန်းကို ဆန့်ကျင်သူမှန်သမျှကို ထောက်ခံအားပေးခဲ့ပါတယ်.... သူမရဲ့ အဲ့ဒိအညှိုး အတေးဟာလည်း NLD၊ ဒေါ်စုနဲ့ ၈၈ ကို ရန်တိုက်သလို ဖြစ်လာခဲ့တာပါပဲ..... အထူးသဖြင့် လက်ပံေ တာင်း အစီရင်ခံစာမထွက်ခင် များသောအားဖြင့် ဒေါ်စုနဲ့ ဆန့်ကျင်ဘက် ပြောလေ့ရှိတဲ့ ဦးဝင်းတင်၏ ဆန္ဒပြခြင်း အား ထောက်ခံခြင်းများ၊ ဒေါ်စု ပါဝင်သည့် ကော်မရှင်မှ အစီရင်ခံစာနှင့် ဆန့်ကျင် ဘက်ဖြစ်ေ သာ စကားများကို တင်၍လှုံ့ဆော်ခဲ့ပြီး၊ ဒေါ်စု စုံစမ်းခဲ့သည်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိုမင်းကိုနိုင်၏ မီးလောင်ဗုံး အင်တာဗျူးအဖြေအား တင်၍လည်း ဒေါ်စုရဲ့ အစီရင်ခံစာအပေါ် သွယ်ဝိုက်သော ဝေဖန်မှုမျိုးများ ပြုလုပ်ခဲ့ပါတယ်........ ဒါတွေဟာ ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်း အကောင့်ရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ် ချက်များ၊ အညှိုးအတေးထားမှုများနဲ့ လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်..... အဆိုပါဖြစ် ရပ်တွေထဲမှာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်မှု သက်သက်နဲ့ ဒေါ်စု၊ NLD အပါအ၀င် မည်သူ့ကိုမဆို ပုတ်ခတ်၊ စော်ကား၊ စကားနာထိုးခြင်း၊ သွေးထိုးခြင်း၊ သပ်ရှိုခြင်းများစွာ လုပ်ခဲ့တာကို သိနိုင်ပါတယ်....
ဒီမိုဖက်တီး အကောင့်နှင့် ခွန်ဒီးယမ်း အကောင့်ရဲ့ တူညီတဲ့အချက်ကတော့ စာအရေးအသား၊ အာဘော်၊ NLD အ တွင်းရေး၊ ဒေါ်စု၏ အတွင်းသတင်း အစရှိတာတွေကို အမြဲလိုလိုပင် ဦးစွာတင်လေ့ရှိခြင်း ဖြစ်သ လို၊ အခြားသူများရဲ့ စာများ၊ ပုံများကိုလည်း ခိုးယူတင်ခြင်းပဲ ဖြစ်ပါတယ်..... ဒီမိုဖက်တီးဟာ ဘယ်သူ ဆိုတာ တစ်ချိန်က ဒီမိုဖက်တီး မွေးနေ့မှာ ကိတ်မုန့်ပို့ခဲ့တဲ့ ဒေါ်စု အသိဆုံးပဲ ဖြစ်ပါတယ်..... ဒီမိုဖက်တီး ကိုယ်တိုင် သူဟာ ပေါင် ၂၀၀ ကျော်ရှိတယ်ဆိုတာကို ၀န်ခံထားတဲ့ ကျွန်တော်နဲ့ အပြန်အလှန် ပို့ထားတဲ့ မက်ဆေ့ခ်ျ လည်း သက်သေရှိပါတယ်..... ပုံမှန်အနေဖြင့် ကျွန်တော် လူတစ်ဖက်သားကို ဒီလိုမဝေ ဖန်ပါဘူး..... ဒါပေမယ့် အွန်လိုင်း ပရိတ်သတ်ရဲ့ အားကိုယူပြီး ကျွန်တော့်ကို သွားပုတ်လေလွင့် ရေးသား ပြောဆိုလာတဲ့ အကြိမ်ပေါင်း များလာတဲ့အတွက်သာ ရေးခြင်း ဖြစ်ပါတယ်.....
တလက်စတည်း ဒီမိုဖက်တီးရေးသားခဲ့သည်များနှင့် ပါတ်သက်ပြီး တရားစွဲဆိုခြင်သူရှိပါက ဒီမိုဖက်တီးနဲ့ ကျွန်တော် အပြန်အလှန်ရေးသားခဲ့တဲ့ မက်ဆေ့ခ်ျတွေကို တရားရုံးမှာ သက်သေအဖြစ်တင်ဖို့ ကျွန်တော် ကူညီပါမယ်..... ကျေးဇူးတင်ပါတယ်....
James Mint


တစ်ချိန်က ဒီမိုဖက်တီးရဲ့ စာစုတစ်ခု....

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်