Pages

Monday, March 18, 2013

ကုလကန့်သတ်မှု ရုတ်သိမ်းပေးဖို့ သမ္မတဦးသိန်းစိန်တောင်းဆို

 

မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ကန့်သတ်မှုတွေကိုရုတ်သိမ်းပေး ဖို့အတွက် သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။သြစတြေးလျနိုင်ငံကိုလည်း ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကန့်သတ်မှုတွေကို ရုတ်သိမ်းပေးဖို့ အတွက် ကုလသမဂ္ဂကို တိုက်တွန်းပေးဖို့ လည်းပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ သြစတြေးလျနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အတွက် မြန်မာနိုင်ငံ ထဲ ကို သြစတြေးလျ စစ်သံမှူးထားရှိဖို့ အစီအစဉ်ရှိကြောင်း ဝန်ကြီးချုပ် ဂျူလီယာဂေးလ်လဒ်က သတင်းစာ ရှင်းလင်း ပွဲပြုလုပ်စဉ် အတွင်း သတင်းထောက်တွေ ရဲ့ မေးမြန်း ချက်ကို ဖြေကြားစဉ် ပြောသွားခဲ့ပါတယ်။

ဒီကနေ့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလ်လဒ်နဲ့ တွေ့ဆုံအပြီး သြစတြေးလျနိုင်ငံ ဘုရင်ခံ ချုပ် ရဲ့ ဂုဏ်ပြုဧည့်ခံ ကြိုဆိုပွဲကို သွားရောက်မှာ ဖြစ်တဲ့အပြင် မွန်းလွဲပိုင်းမှာတော့ သြစတြေးလျနိုင်ငံ ပညာ သင် ဆုရ မြန်မာကျောင်းသားများနဲ့ လည်းတွေ့ဖို့ ရှိပါတယ်။

မနက်ဖြန်မှာတော့ သမ္မတဦးသိန်းစိန်က ဆဒနီမြို့ကို သွားရောက် လည်ပတ်မှာဖြစ်ပြီး နညူးဆော့်ဝီ ပြည် နယ် ဘုရင်ခံချုပ် နဲ့ တွေ့ဆုံမှာဖြစ်သလို စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရ ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာမှာ မနေ့ညနေကရောက်ရှိလာပြီး သြစတြေး လျရောက် မြန်မာတွေနဲ့လည်း မနေ့ညမှာပဲတွေ့ ဆုံစကားပြောခဲ့တယ်လို့ သိရပါတယ်။

၁၉၇၄ခုနှစ်ကစပြီး အခု သမ္မတဦးသိန်းစိန်သြစတြေးလျနိုင်ငံခရီးစဉ်ဟာ ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံက အဆင့်မြင့် အစိုးရအရာရှိတွေ သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ခြင်းဖြစ် ပါတယ် တဆက်တည်းမှာပဲမြန်မာနိုင်ငံအစိုးရ ကိုဖိအားပေးတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံကိုရောက် ရှိနေ စဉ် အတွင်း ပြည်ပရောက် ကချင်၊ ကရင်တိုင်းသား တချို့နဲ့ ဘင်္ဂလီ တွေ က ကန့်ကွက် ဆန္ဒပြ မှုတွေ ပြုလုပ်သွားမယ်လို့ လည်းသိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်