Pages

Friday, February 1, 2013

လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များ သည် တိုက်ပွဲများ အတွက် အထောက်အကူ များစွာ ရရှိခဲ့ကြောင်း မြန်မာ့ တပ်မတော် အရာရှိတစ်ဦး မှ ပြောဆို

လိုင်ဇာသို့ရောက်ရှိလာသည့် ပြည်တွင်းပြည်ပသတင်းထောက်များ၏ သတင်းတင်ပြချက်များ၊ သတင်း ဓာတ် ပုံများ နှင့် Video File များသည် လိုင်ဇာဒေသတစ်ဝိုက်ရှိ တောင်ကုန်းများအား တိုက်ခိုက်ရာတွင် မိမိတို့အ တွက်အလွန် အသုံးဝင်ကြောင်း ကချင်ပြည်နယ်၊ ရှေ့တန်း စစ်မျ က်နှာ တွင် တာဝန်ထမ်းေ ဆာင်ေ နသောအရာရှိတစ်ဦးမှပြောကြားခဲ့သည်။

လဂျားယန်တို့၊ လိုင်ဇာအ၀င်ဝမုဒ်ဦးတို့ မိုးလဲချောင်းတံတားတို့ဆိုတာ အရင်က ကျွန်တော်တို့ မရောက်ဖူးပါဘူး။ ဒါပေမယ့် Internet မှာ  ABSDF က မင်းဌေးတို့ကလည်း အဲဒီဒေသတစ်ဝိုက်က ဓာတ်ပုံတွေ ဗီဒီယိုတွေတင်ထားတော့ အဲဒီအချက် အလက်တွေကြည့်ပြီး ကြိုတင်စစ်ရေးသုံး သပ်ပြင် ဆင်နိုင်ခဲ့ပါတယ်။ ဒါအပြင် ပြည်တွင်းပြည်ပ သတင်းေ ထာက်တွေတင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး KIA အဖွဲ့က ကတုတ်ကျင်းတွေဘယ်လိုအနေ အထားရှိတယ်၊ ဘာလက်နက်တွေသုံးတယ်၊ ဘယ်လိုစစ် အသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ ခန့်မှန်းလို့ရပါ တယ်လို့ ပြောဆိုခဲ့သည်။ ထို့ပြင်၎င်းက လဂျားယန်တိုက်ပွဲမှာ ကျွန်တော်တို့ကိုအများဆုံးကူညီသွားတာကတော့ ABSDF မြောက်ပိုင်းက ကိုမင်းဌေးကြီးပါဘဲ။ သူက တိုက်ပွဲဖြစ်နေချိန် မှာ နောက်ဆုံးအခြေ အနေတွေကို သူရဲ့ face book ကနေ update လုပ်နေတော့ ကျွန်တော်တို့ သူတို့ခေါင်းဆောင်ပြီး အုပ်စုတွေရှိနိုင်တဲ့နေရာ၊ သူတို့အဖွဲ့တွေ နေရာ ချထားနိုင်တဲ့နေရာကို ခန့်မှန်းရလွယ်သွားပါတယ်ဟု ပြောဆိုသွားသည်။



 
ဓာတ်ပုံ - ကတုတ်ကျင်းထဲရောက် သတင်းသမား (ဒေါင်းမာန်ဟုန်)
သံလွင် 

လဂျားယန်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲဖြစ်စဉ် အသေးစိတ်အား ABSDF မြောက် ပိုင်းမှ ဗိုလ်မှူးမင်းဌေး၏ facebook တွင် အမြဲ Update လုပ်၍ ကြေငြာခဲ့သော်လည်း ယခုအခါ၎င်း၏ facebook တွင် သတင်းများတင်ပြနိုင်ခြင်းမရှိတော့ပေ။

KIA အဖွဲ့အနေဖြင့် ယခင်ကတည်းက ပြည်တွင်းပြည်ပမီဒီယာများအား လိုင်ဇာမြို့ သို့ဖိတ်ခေါ်သတင်း ယူခွင့်ပြု ခဲ့ပြီး တိုက်ပွဲဖြစ်စဉ်မှာပင် တိုက်ပွဲသတင်းများကို CNN၊ BBC ၊ အယ်ဂျာဇီးယား စသည့် သ တင်း ဌာနများတွင် ပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပြည်တွင်း ရှိ Media လောကသားများမှ မြန်မာစစ်တပ်သည် Media နှင့် ကင်းကွာနေကြောင်း မြန်မာစစ်တပ်ဖက်မှ သတင်းများရယူလိုသော်လည်း မရနိုင်ကြောင်း ဝေဖန်ပြော ဆိုခဲ့ကြသည်။

From:[_ Myawady News_] 


(မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်