Pages

Friday, February 1, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် သုံးဦး ရွေးချယ်


ပြည်သူ့လွှတ်တော် က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် သုံးဦးကို ရွေးချယ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး ၏ ထုတ်ပြန်ချက် များကို ကိုးကား၍ The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။

အဆိုပါ ခုံရုံးအဖွဲ့ဝင် ရွေးချယ်ခြင်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌ က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထံ သဝန်လွှာ ပေးပို့ ထားပြီး ရွေးချယ်ထား ခံရသော ခုံရုံးအဖွဲ့ဝင်များမှာ ဦးမြသိန်း (ညွှန်ကြားရေးမှူးချုပ် - ငြိမ်း) (တရားလွှတ်တော်ချုပ်)၊ ဦးမြသိန်း (တရားလွှတ်တော် ရှေ့နေ) နှင့် ဦးမြင့်လွင် (တရားလွှတ်တော် ရှေ့နေ) တို့ဖြစ်ကြောင်း ယင်း လွှတ်တော် ထုတ်ပြန်ချက်များ အရ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်