Pages

Sunday, February 17, 2013

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေး လောင်းကစား အယောင်ပြ လိမ်လည်သူများ



ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်း ကစားဝိုင်းများရှိနေ သည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေ မှုနှင့်ငွေကြေး ဆုံး  ရှုံးမှုများကြုံတွေ့နေရကြောင်း သိ ရသည်။

ယင်းလောင်းကစားဝိုင်းများသည် တောင်ဒဂုံ၊တောင်ဥက္ကလာ   နှင့်သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ    နေရာများတွင် အများဆုံးဖြစ်ပေါ်  နေကြောင်း အဆိုပါမြို့နယ်နေ သူများနှင့်ကြုံတွေ့ခဲ့ရသူအချို့ ၏ ပြောကြားချက်များ အရသိရသည်။   ““ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန် လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင် တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ် တိုင်နားမှာရှိတဲ့လောင်း ကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း   က ဒီအစ်မထိုးတာ၊ဒီအစ်မ ကို လျော်ရမှာလို့ပြောတယ်။ တစ် ယောက်က ဟာဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲ မဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။ တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက် ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မပိုက် ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေသိ ထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။  ပိုက် ဆံ အိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ””ဟု နည်းပညာတက္က သိုလ် တစ် ခု မှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

““ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင်   နားမှာလည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုေ တွရှိ တယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့မိန်းမကို  ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့ပြန်ပေးတယ်  ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေးကျောင်းသွား  ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွား   ကြတယ်””ဟု တောင်ဥက္ကလာ CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦး ကပြောသည်။

ယင်းသို့လောင်ကစားအယောင်  ပြကာ လူအများထံမှနည်းအမျိုး မျိုးဖြင့် ငွေလိမ်ယူနေသူ အုပ်စု   မှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်းအနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်အုပ်စုဖွဲ့လှည့်လည်ကျက်စား   နေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများ ကိုနည်းအမျိုးမျိုးအသုံးပြု၍  ငွေ ကြေးများရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာဖယ်  ရှားရှင်း လင်းပေး ရန် ဒေသခံများ   က လိုလားလျက်ရှိကြကြောင်း သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်