Pages

Sunday, February 17, 2013

ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးအား VI Holding Group of Compaines CEO Mr. Olegs Skorik ခေါင်းဆောင်သော အဖွဲ့ လာရောက် တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေး ဦးအားVI Holding Group of Companies CEO Mr.Oleg Skorik ခေါင်းဆောင်သောအဖွဲ့ ၀င် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ  ၁၃ရက် မွန်းတည့် (၁၂)နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာ နချုပ်ရုံး ဧည့်ခန်းမသို့လာရောက်   တွေ့ ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့   တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ   ဥက္ကဋ္ဌဦးဌေးဦးနှင့် အတူပြည်ေ ထာင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်ရုံးမှတာဝန်ရှိသူများတက် ရောက်ကြပြီး ဧည့်သည်တော် VI Holding Group of Companies CEO Mr.Oleg Skorik နှင့်အတူDeputy CEO for Min ing Projects Ms.Alexey Seme nov,Expert for Science and Geology Mr.Boris kogan, Chief Geologists Mr.Nikalay Vorogushin, Legal Adviser Mr. Alexander Kudryavtsev Manager Mr.Mikhail Osminin ,Dir ector Senior Col Virinderjit Si ngh Grewal ,Shwe Sin Yadanar Co,Ltd Chairman ဦးသက်နိုင်၊Director  ဦးချမ်းမြေ့အောင်တို့ တက်ရောက်ကြကြောင်းသိရ သည်။

တွေ့ဆုံရာတွင် ပါတီစုံဒီမိုက ရေစီနိုင်ငံရေးစနစ်နှင့်အညီနိုင်ငံ တော်တည်ငြိမ်းအေးချမ်းဖွံ့ဖြိုးတိုး  တက်ရန် ပါတီ၊အစိုးရ၊လွှတ်တော် နှင့်ပြည်သူများကြိုးပမ်းဆောင် ရွက်နေသည့်အခြေအနေများ၊ကျင့် သုံးနေသောနိုင် ငံရေးစနစ်ရှင်သန်    ဖြစ်ထွန်းခိုင်မာရန်၊နိုင်ငံတော်နှင့်    ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုး တက် ရန်ဆောင် ရွက်နေမှုများနှင့်ပူးပေါင်း  ဆောင်ရွက်မည့် အလားအလာ များကိုခင်မင်ရင်းနှီးစွာေ ဆွးနွေး  ကြကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး  ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်   CEO Mr.Oleg Skorik နှင့်အဖွဲ့ ၀င်များသည် အပြန်အလှန်အမှတ်  တရလက်ဆောင်ပစ္စည်းများပေး အပ်ကြပြီး စုပေါင်း မှတ် တမ်းတင် ဓာတ်ပုံများရိုက်ကူးကြကြောင်း သတင်းရရှိသည်။

Hot News


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်