Pages

Tuesday, March 26, 2013

တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်



ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွှန့် (ငြိမ်း)
တိုင်းမှူး၊ သာသနာရေးဝန်ကြီး (ငြိမ်း)

“တိုင်းပြည်က ရဲဘော်အတွက် မဟုတ်ဘူး။ ရဲဘော်ဟာ တိုင်းပြည် အတွက်ဖြစ်ရမယ်”

တပ်မတော်စဖွဲ့ကထဲကိုက တိုင်းပြည်လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာကို ဦးထိပ်ပန်ဆင် ပြီးစတည်ထောင်ခဲ့တာပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းဟာကျောင်း သားဘ၀နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၃၉ လောက်ကစပြီး ၉ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဖက်ဆစ်ကိုလည်းရအောင် တိုက်နိုင်ခဲ့တယ်။ လွတ်လပ်ရေးကို  လည်းရအောင်ယူနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အပြော လျှော့ပြီးအလုပ်များများလုပ်သွား လို့လွတ်လပ်ရေးရခဲ့တာ လွတ်လပ်  ရေးကြိုးပမ်းမှုကာလမှာ အဖွဲ့ အစည်းတွေက သူတို့ပဲတိုင်းပြည်  ချစ်တယ်ဆိုပြီးလုပ်နေကြ၊ ပြော နေကြချိန်မှာ အဲဒီမှာပဲ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ မတူ တာတွေဘေးဖယ်ပြီးတူတာတွေ ပူးပေါင်းလုပ်မယ်ဆိုပြီး လုပ်ခဲ့လို့  ရဲဘော်သုံးကျိပ်ဆိုတာဖြစ်လာတယ်။ အဲဒါကြောင့် လွတ်လပ်ရေးကြိုး ပမ်းမှုမှာ ရဲဘော်သုံးကျိပ်ဟာ အရေးပါလာခဲ့တာ ပြောရရင် အပြောနဲ့မဟုတ်ဘဲ ၉ နှစ်အတွင်း  လွတ်လပ်ရေးရအောင်ဗိုလ်ချုပ် အောင်ဆန်းကယူပေးခဲ့တယ်။ ၉ နှစ်အတွင်းနဲ့ ရအောင်ယူပေးနိုင်  ခဲ့တာ ရပြီးတော့ အဲဒီလွတ်လပ် ရေးတည်မြဲဖို့ဆိုတာကလည်း တိုင်းရင်းသားတွေကြားမှာ စည်းလုံးမှုရှိမှရမှာလေ မြန်မာ ပြည်လွတ်လပ်ရေးရရင် တိုင်းရင်း သားတွေလည်း လွတ်လပ်ရေးရ မယ်ဆိုတဲ့ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့  ဗိုလ်ချုပ်အောင်ဆန်းကလုပ်ခဲ့တာ   ဘဘပြောချင်တာက ဂျန်အက်ဖ်  ကနေဒီပြောခဲ့တဲ့စကားလေးရှိ တယ်။ တိုင်းပြည်ကသင့်အတွက်   ဘာလုပ်ပေးနိုင်သလဲမမေးပါနဲ့တဲ့  သင်ကတိုင်းပြည်အတွက်ဘာလုပ် ပေးနိုင်သလဲဆိုတာကို ပဲပြောပါ  တဲ့ ဒီစကားကအရမ်းတန်ဖိုးရှိပါ တယ်။ အဲဒီအတိုင်းပဲ ဘဘတို့  တပ်မတော်မှာလည်း ဆောင်ပုဒ်  ရှိတယ်။ တိုင်းပြည်သည်ရဲဘော်  အတွက်မဖြစ်ရဘူး။ ရဲဘော်သည်   တိုင်းပြည်အတွက်ပဲဖြစ်ရမယ်ဆို တာရှိတာပဲ။ တပ်မတော်ကြီးဟာ လည်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလကစပြီး အဲဒီဆောင်ပုဒ်ကို စွဲကိုင်ပြီး တိုင်းပြည်အတွက်ရပ်တည်  လာခဲ့တာပဲလေ။ ဒီတော့ တိုင်း ပြည်လွတ်လပ်ရေးကို ဦးထိပ်ပန်ဆင်  ခဲ့တဲ့ဘဘတို့တပ်မတော်ကြီးဟာ   တိုင်းပြည်ကိုညာခဲ့တာမျိုးရှိလို့လား။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်