Pages

Tuesday, March 26, 2013

တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာတပ်မတော် ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်

 
ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ (ငြိမ်း) စစ်ဒေသမှူးနှင့် ၀န်ကြီး (ငြိမ်း)

“တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်   ကြီးရဲ့ ဖခင်ကြီးဖြစ်သလိုတပ်မတော် သားတွေရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်”

တပ်မတော်စဖွဲ့စည်းတဲ့နေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့ကာ တော်လှန်ရေးနေ့မဟုတ်နိုင်သ လို နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်နေတဲ့ မတ်လ (၂၇) ရက်နေ့ကိုလည်း တပ်မတော်နေ့လို့ခေါ် ဆိုခြင်းမပြု နိုင်ချေဆိုပြီး။ The Future   မဂ္ဂဇင်း မှာ ဗိုလ်မှူးချုပ်အောင်ရွှေ (ငြိမ်း) က ဆောင်းပါးရေးထားတယ်။ ပြောရရင်ဒါက ၀ိဒါဒကွဲလွဲနေကြ တာပါ။ အယူအဆကွဲလွဲနေကြ တယ်။ ဒါကကွဲလွဲရမှာမဟုတ်ဘူး။  ယူဆချင်သလိုယူဆလို့ရတာပဲလေ  တပ်မတော်ကိုတည်ဆောက်ခဲ့တဲ့  ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်   ကြီးလို့ပြောလို့ရသလို တပ်မတော်   ကြီးကိုတည်ထောင်တဲ့ ဖခင်ကြီး ပဲလေ။ ဘန်ကောက်မှာ တပ်မတော်    စဖွဲ့စည်းတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါဝင်ခဲ့တာပဲပြီးတော့  မတ်လ (၂၇) ရက်နေ့ ဖက်ဆစ် ကိုတော်လှန်ဖို့တပ် ထွက်မိန့်ခွန်း ပြောတုန်းကလည်း ဗိုလ်ချုပ် အောင်ဆန်းပါခဲ့တာပဲလေ။ ဒီနေ့  နှစ်နေ့နဲ့ ပတ်သက်ပြီး ဒီကနေ့ အယူအဆတွေကွဲနေကြတယ်။ မတ်လ (၂၇) ရက်နေ့ကလည်း ဂျပန်ကိုတော်လှန်တော့မယ်ဆိုပြီး အဲဒီမှာ သတင်းတွေပေါက်ကြား တယ်ဆိုတာမျိုးတောင်ဖြစ်ပြီးရက် တောင်ရွေ့လိုက်ရသေးတယ်။ အဲဒီက ရုတ်တရက်လုပ်လိုက်ရတဲ့  အတွက် ရက်ကိုရွေ့လိုက်ရတယ်။  ဗိုလ်ချုပ်အောင်ရွှေပြောတာက တော့ သူ့အမြင်နဲ့သူပြောတာပါ။  ဒီလိုဖြစ်ရတာကလည်း တပ်မတော်   ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်  ဆန်းကိုအကြောင်းပြုပြီးဖြစ်ရတာ လေ။ ဒီကိစ္စအယူအဆကွဲနေစရာ တော့မလိုဘူးထင်တယ်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်