Pages

Thursday, April 4, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E.Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂ နံနက် (၁၁) နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှားသမ္မတနိုင်င စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ ရာဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ နှစ်ဆတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ရုံး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်