Pages

Saturday, April 20, 2013

စက်မှုဇုန် အသီးသီးမှ အလုပ်သမားများ ကို အသေးစား ချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ ၀န်ကြီး ဌာနမှ သတင်းရရှိ

"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။ အသေး စားချေးငွေများ ထုတ်ချေးရာတွင် ငါးဦးတစ်ဖွဲ့ ၀ိုင်းကြီးချုပ်စနစ်ဖြင့် စည်းကမ်းချက် သုံးရပ်နှင့် ကိုက်ညီရန် လို အပ်ကြောင်း သတင်းရရှိသည်။

သတ်မှတ်စည်းကမ်းချက် သုံးချက်မှာ-

( ၁ ) ထုတ်ချေးပေးသည့်ငွေကြေးကို အလွဲသုံးစားမလုပ်ရန်၊

( ၂ ) ရရှိသည့်ချေးငွေများကို ဒုတိယ၀င်ငွေရ လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့်

( ၃ ) ချေးယူထားသည့် ငွေကြေးပမာဏနှင့် ၀န်ဆောင်မှုစရိတ် အတိုးကို သတ်မှတ်ကာလအ တွင်း ပြန် လ ည်ပေး ဆပ်ရန်တို့ဖြစ်သည်။

ဝိုင်းကြီးချုပ်စနစ်ဖြစ်သည့်အတွက် ချေးယူထားသည့် ငွေကို တစ်ဦးပြန်မဆပ်ပါကလည်း ကျန်လေးဦး က ဖြည့်တင်းပေးဆပ် ရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ရှင်းပြသည်။ လယ်ယာကဏ္ဍတွင် သမ၀ါယမမှ အသေး စားချေးငွေများ ထုတ်ချေးရာ၌ မိသားစုတစ်စုကို ကျပ်တစ်သိန်းနှုန်းဖြစ်သည်။ အလုပ်သမားများ ကို ချေးငွေေ ပးရာတွင် ဦးစီးဌာနမှ ညှိနှိုင်းဆောင်ရွက် သွားမည်ဟု သိရသည်။

7DaysNewsJournal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်