Pages

Saturday, April 20, 2013

နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးကြမည်

ဧပြီ ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၂၂ ပါတီတို့ တွေ့ဆုံမည့်ပွဲ ကျင်းပမည် ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ခဲ့သော မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဖြစ်စဉ် များအတွင်း နိုင်ငံရေး ပါတီဝင်များ ပါဝင်ပက်သက်ခဲ့မှုနှင့် ပက်သက်၍ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ် ဆိုင်ရာ ခေါင်းစဉ်တွင် အထက်ပါကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည် ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ပြီး ရပ်တည်နေသော နိုင် ငံရေးပါတီ ၅၆ ပါတီ အနက် ၂၂ ပါတီကို ခေါ်ယူတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့၊ ကရင်ပြည်သူ့ပါတီ၊ တေ အာင်း (ပလောင်) ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ၊ ချင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အင်းအမျိုးသားပါတီ၊ ရခိုင် တိုင်းရင်း သား တိုးတက်ရေးပါတီ၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ စဝေါ် ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည် နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခဖြစ်စဉ်များအတွက် လှုံ့ဆော်မှုများကို တချို့ပါတီများက ပြုလုပ်နေသည်ကို ကြားသိရကြောင်း ဦးကိုကို က ပြောသည်။

“ကျနော်တို့ ကော်မရှင်အနေနဲ့က အကြားနဲ့တင် လုပ်မရဘူး။ တိုင်ကြားမှ ဆက်အရေးယူလို့ရမှာ။ အခု အချိန် ထိတော့ အဲဒီလို အရေးယူတာ မရှိပါဘူး။ တကယ်လို့ ပါတီထိပ်ပိုင်းတွေက အစ ပဋိပက္ခဖြစ် စဉ်တွေ နဲ့ ဆက်နွှယ်နေတာ ထင်ရှားရင်တော့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူလို့ရတယ်။ ပါတီဝင်တွေ သူ့ဘာ သာ သီးခြား ဆက်နွှယ်တာ ဆိုရင်တော့ ပါတီထိပ်ပိုင်းက အပြစ်မရှိပါဘူး” ဟု ပြောပြီး ပါဝင်မှု ထင်ရှားပါက နိုင် ငံေ တာ် ၏ တည်ဆဲ ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည် ။

ဧရာဝတီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်