ဘော်စတွန် မာရသွန်တွင် ဗုံးခွဲသူဟု မသင်္ကာသူနှစ်ဦးအနက် ထွက်ပြေးလွတ်မြောက်သွားသူကို ယမန်နေ့ညပိုင်းက ဖမ်းဆီးရမိလိုက်ပြီဖြစ်သည်။
ထိုသူမှာ အသက် ၁၉ နှစ်အရွယ်ခန့်သာရှိသေးသော Dzhokhar A. Tsarnaev ဖြစ်ပြီး ဆင်ခြေဖုံးရပ်ကွက် တစ်ခု၏ နောက်ဖေးလမ်းကြားရှိ လှေတစ်ခုထဲတွင် ပုန်းအောင်းနေစဉ် အထူးတပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင် ပစ်ခတ်မှုများကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်းသိရသည်။
သူ၏ အစ်ကိုဖြစ်သူ အသက် ၂၆ နှစ်အရွယ် Tamerlan Tsarnaev မှာမူ သောကြာနေ့က ဖမ်းဆီးစဉ် အသေ ရမိခဲ့သည်။ ထိုစဉ်က Dzhokhar Tsarnaev မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ယင်းတို့နှစ်ဦးသည် ရုရှားနိုင်ငံ ချေချင်းညှာမှဖြစ်ပြီး၊ အမေရိကန်သို့ရောက်ရှိလာကြသည်မှာ မကြာ လှသေးေ ကြာင်း သိရသည်။
ယင်းတို့ကို FBI, CIA နှင့် အမေရိကန်စစ်တပ်မှ အဖွဲ့သားများ ပူးပေါင်းရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

NBC News

No comments:
Post a Comment
Note: Only a member of this blog may post a comment.