Pages

Friday, March 8, 2013

မန္တလေးမှာ ပြည်သူ့ရင်ပြင် ရှိလာဖို့ ဒေသခံတွေ ဆန္ဒရှိ


ပြည်သူလူထု အခမ်းအနား၊ အစည်းအဝေးတွေ၊ ပြပွဲပြိုင်ပွဲေ တွ ပြုလု ပ်နိုင်မယ့် ပြည် သူ့ ရင်ပြင်လိုမျိုး နေရာကျယ်တစ်ခု ရှိလာဖို့ မန္တလေးမြို့ခံတွေက ဆန္ဒရှိနေကြပါတယ်။ “နိုင်ငံေ တ်ာပွဲေ တွတောင် ဗထူးအားကစားကွင်းလိုမျိုး၊ မန္တလေးတောင် အားကစားကွင်းတွေမှာ လုပ်ကြရတာ၊ ဒါကြောင့် လက်ရှိ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်သူ့ရင်ပြင်လိုမျိုး ပြည်သူတွေ လွတ်လွတ်လပ်လပ် တွေ့ဆုံလို့ရမယ့် နေရာတစ်ခု ဖန်တီးပေးဖို့ လိုနေပါပြီ” လို့ ဝန်ကြီးဌာနတစ်ခုမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိ အရာထမ်းတစ်ဦးက ပြောပါတယ်။ 
 
မန္တလေးမှာ အရင်က ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ အခမ်းအနားတွေ၊ ပြပွဲပြိုင်ပွဲတွေကို မန္တလေးတောင် ခြေရာပြည့်ကွင်း၊ သိပ္ပံလမ်းရှိ ဆင်ဖြူကန်ကွင်းတွေမှာ ပြုလုပ်ခဲ့ပေမယ့် ယခုအခါ ရာပြည့်ကွင်းဟာ တိရစ္ဆာန်ဥယျာဉ်၊ ဆင်ဖြူကန်ကွင်းဟာ ပုဂ္ဂလိက ဆိုင်တွေကို အသုံးပြုခွင့် ငှားရမ်းထားတာတွေကြောင့် ပြည်သူတွေ စုဝေးနိုင်မယ့် နေရာကျယ်၊ ကွင်းကျယ်တွေဟာ မရှိသလောက် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ပြည်သူတွေ စုဝေးနိုင်တဲ့ နေရာအဖြစ် သိပ္ပံလမ်းအနီးက ဆင်ဖြူကန်ကွင်းကို ပြုပြင်သတ်မှတ်သင့်တယ်လို့ မြို့ခံအချို့က မှတ်ချက်ပေးပါတယ်။ မန္တလေးမြို့တော်ဝန်က “အစည်းအဝေးတွေ၊ အခမ်းအနားတွေ လုပ်နိုင်ဖို့ ကွန်ဗင်းရှင်းစင်တာ (convention center) ဆောက်ဖို့ တင်ဒါခေါ်ပြီး ရွေးချယ်စိစစ် ဆောင်ရွက်လျက် ရှိပါတယ်” လို့ ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံပွဲတစ်ခုမှာ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်