Pages

Friday, March 8, 2013

အာဇာနည် ဂူဗိမာန်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်လျက် ရှိတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်မှ ယနေ့ လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို အများပြည်သူ ဂါရဝပြုရန်အတွက် နေ့စဉ်ဖွင့်လှစ်ထားရန်နဲ့ နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများရှိ မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိမ်းက ယနေ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ ဦးဖြိုးမင်းသိမ်းက ‘လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေရဲ့ ခရီးစဉ်မှာ အာဇာနည် ဂူဗိမာန်ကို လာရောက်ဂါရဝပြုမှု အစီအစဉ်တွေကို ချစ်ကြည်ရေး ခရီးစဉ်တွေမှာ ထည့်သွင်းဖို့ အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်’ ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း မေးမြန်းခဲ့ပါတယ်။ 


အာဇာနည် ခေါင်းဆောင်များရဲ့ ဂူဗိမာန်ကို နိုင်ငံတော်အ ဆင့်နဲ့အ ညီ ပြန် လည် မွမ်းမံမှုများ ဆောင်ရွက်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ဖို့အတွက် တစ်ပတ်ကို တစ်ရက်သာ ပိတ်ရက်ထားပြီး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဒေါ်စန္ဒာခင်က ဖြေကြားခဲ့ပါတယ်။ ဒေါ်စန္ဒာခင်က ‘နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲများ လာရောက်တဲ့အခါ official visit က နေပြည်တော် ဖြစ်ပါတယ်၊ ၎င်းတို့ စိတ်ဝင်စားတဲ့နေရာကို လည်ပတ်တဲ့ အစီအစဉ်က အိမ်ရှင်နိုင်ငံက ကန့်သတ်ရေးဆွဲပေးခြင်း မဟုတ်ဘဲ ဧည့်သည်ရဲ့ တောင်းဆိုမှုအရ စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်လို့ ဧည့်သည်တွေအနေနဲ့ သွားရောက် ဂါရဝပြုချင်ရင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်’ လို့ ဖြေကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်