Pages

Friday, February 1, 2013

UNFC ကိုမဏ္ဍိုင်ထားပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး အမြန်ဖြစ်ပေါ်ရန် မွန်ပြည်သစ် ပါတီ တိုက်တွန်း


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအပါအဝင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဖေါ်ဆော င် ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေး ဦးတည်ကြိုးပမ်းကြရန် သက်ဆိုင်သူအားလုံးသို့ မွန်ပြည်သစ် ပါတီက အလေးအနက် တိုက်တွန်းလိုက်သည်။



မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်(NMSP)
 
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းအပေါ် ၂၀၁၃ -ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ဒေသမှာ ဘယ်သူက ကျူးကျော်စစ်၊ ခုခံ စစ် ဆိုတာ ခွဲခြားတတ်ဖို့လိုတယ်၊ ကချင်ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ ကိစ္စရပ်တန့်ဖို့ ကျနော်တို့ အဖွဲ့ ပေါင်းစုံကနေပြီးတော့ ထင်ထင်ပေါ်ပေါ်နဲ့တောင်းဆိုနေကြပါတယ်” ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းနိုင်ရေး အတွက် အစိုးရ၏ ဗမာ့တပ်မတော်ဘက်မှ သဘောထားကြီ်းစွာနှင့် KIO အားဝိုင်း ပတ် ပိတ်ဆို့ ထားခြင်းကိုဖွင့်ပေးပြီး နှစ်ဖက်တပ်ကိုခွာ၍ တိုက်ပွဲရပ်စဲသွားစေရန် လုပ်ဆောင်သင့်သည်ဟုလည်း ဆိုသည်။

တိုးတက်သော မွန်လူငယ်အစည်းအရုံး Mon Youth Progressive Organization ဥက္ကဌ မင်း ဉာဏ်စိုက်ရာမာဉ်က တစ်ဖက်တွင် လူမျိုးရေး မုန်းတီးနာကျည်းမှုအထိ ဖြစ်စေနိုင်သည့် စစ်ရေးကျူးေ ကျာ်မှု ပြဿနာမှအစပြု၍ ကချင်ဒေသအား ခုခံကာကွယ်ကြမည့် လူငယ်အများအပြား ပေါ်ထွန်းလာနိုင်ပြီး စစ်မီးများပို၍ တောက်လောင်လာမည့်အရေးကို စိုးရိမ်မိကြောင်း ပြောသည်။

သူက “နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရ အမုန်းပွားလာပြီး စစ်မီးတွေ ပိုပြီးတောက်လောင်လာမယ်၊ အခုစစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်၊ ဒီလိုအခြေအနေမှာ ကချင်လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျနော်တို့မွန်လူငယ်တွေကလည်း စာနာ မိ ပါတယ်” ဟု ပြောသည်။

ကချင်ဒေသ စစ်ပွဲရပ်တန့်ရန် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က တပ်မတော် စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့သော်လည်း ထိုးစစ်ရပ်စဲခြင်းမရှိခဲ့သလို၂၀၁၃-ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ အစိုးရဖက်မှ ထိုးစစ်ကိုရပ်နားလိုက်ပြီဟု ကြေငြာခဲ့သည့်နောက်ပိုင်း KIO ဌာနချုပ်အနီးရှိ ဗျူဟာမြောက်တောင်ကုန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ယင်းစစ်ပွဲကြောင့် သက်ဆိုင်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များအပါအ၀င် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရပြီး သိန်းနဲ့ချီသော ဒေသခံပြည်သူများ အိုအိမ်နှင့်လုပ်ငန်းခွင်ကို စွန့်ခွာကြရကာ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင် နေကြရဆဲ ဖြစ်သည်။

၁၉၉၄ ခုနှစ်က အပစ်ရပ်စဲမှု သဘောတူညီခဲ့သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ တပ်မတော်တို့အကြား လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်အကြာ ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲသည် ၂၀၁၂ - ခုနှ စ် အကူး ၂၀၁၃ ခုတွင် အစိုးရစစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ် များဖြင့် ပြ င်းပြ င်း ထန်ထန်တိုက်ခိုက်လာခဲ့သည်။

နိုင်ငံရေးပြဿနာကို တဖွဲ့တည်းသီးခြားဆွေးနွေးရန်မဟုတ်၊ UNFC ကိုမဏ္ဍိုင်ထားပြီး စုစည်းနိုင်သမျှအဖွဲ့ အစည်းများနှင့်စုပေါင်း၍ ဆွေးနွေးခြင်းကိုသာ လိုလားလက်ခံသည်ဟု မွန်ပြည်သစ်ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


 burmese.bnionline.net

အမေရိကန် သံရုံး (ရန်ကုန်) ထုတ်ပြန်ချက် အပေါ် အငြိမ်းစား စစ်သည်ဟောင်း တစ်ဦး၏ တုန့်ပြန်ချက်


အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် အလွန်ပင် စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရှိရသည့်အတွက် ကျွန်တော်တို့မှလည်း ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်တစား ရှိသည့်အတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်ကတော့ ယခုအချိန်မှာ တိုင်းပြည်တာဝန်တွေကို ကျွန်တော့ သက်တမ်း ၆၀ ပြည့်သည်အထိ ကျရာတာဝန်ကို ရောက်ရာဒေသ မှာ ကျေပွန်စွာတာဝန်ထမ်းဆောင်ပြီးလို့ ကျွန်တော်လေးစား ချစ်ခင်တွယ်တာခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ တပ်မတော်ရဲ့သတင်းတွေကို မီဒီယာတွေကနေတဆင့် မျက်စိဖွင့် နားစွင့်နေရတဲ့ အချိန်မှာ သံရုံးရဲ့ထုတ်ပြန်ချက်ကို သိရှိလိုက်ရလို့ မခံစားနိုင်ဘဲ ရင်ဖွင့်တုန့်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။

KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးထွက်နေ


ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးရှိ အဓိကကျသော လုံခြုံရေး တပ်စခန်း များကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီးနောက် KIO အထက်ပိုင်း အရာရှိအချို့ လိုင်ဇာဌာနချုပ်မှ ခရီးထွက်ေ နေ ကြာင်း သိရသည်။

Laiza-map

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မုံးကိုး မြို့နယ်ခွဲ မန်ဂျယ်ရွာ၌ ဒေသခံ ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်


နေပြည်တော် ဇန်နဝါရီ ၃၁
 
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ကြေညာပြီးနောက် စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များအား တိုက်ခိုက် လျက်ရှိရာ ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းက မုံးကိုးမြို့နယ်ခွဲ မန်ဂျယ်ရွာ၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသူ နှစ်ဦးသည် ဒေသခံ ပြည်သူနှစ်ဦးအား အကြောင်း မဲ့ လက်နက်ငယ် များဖြင့် ပစ်ခတ်ခြင်းကြောင့် ဦးဖောင်းချိန်ဖောင်း ၂၄ နှစ် (ဘ) ဦးဖိန်စမ်း၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃နှစ် (ဘ) ဦးရီစမ်းတို့မှာ အခင်းဖြစ်ပွားရာတွင် ရရှိ ဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်းနှင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် ကွတ်ခိုင် ပြည်သူ့ စစ်အဖွဲ့တို့က  လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။  
 

ကချင် တိုက်ပွဲတွင်း တိုက်လေယာဉ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ် မရှိကြောင်း ဦးအောင်သိန်း လင်းပြော



မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး
 ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့ သည်။

ဂျာနယ်လစ်များကို အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် တက္ကစီယာဉ်မောင်းများ အား ပန်းပဲတန်း ရဲစခန်းတွင် အမှုဖွင့်



ဇန်န၀ါရီလ ၂၆ ရက် ည ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ သိမ်ကြီးဈေး အနော်ရထားလမ်းမပေါ်တွင် ဂျာနယ် လစ် တစ်ချို့နှင့် တက္ကစီ ယာဉ်မောင်း တစ်ဦး ပြဿနာ ဖြစ်ပွားခဲ့သည်။ ထို့နောက် တက္ကစီ ယာဉ်မောင်းများ ရောက်လာပြီး ၀ိုင်းရိုက်ခဲ့သည့် အတွက် ပန်းပဲတန်း ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်မှုကြောင့် ဂျာနယ်လစ် ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီး ရောက်သွားသည် ဟု လူမိုက် ၏ စာမျက်နှာပါ ဂျာနယ်ဖြတ်ပိုင်း ဓာတ်ပုံအရ သိရသည်။

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြင်ဆင် နေသော်လည်း မိမိတို့ ရည်မှန်းချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဟု KIA ပြော


လိုင်ဇာ ဖေဖော်ဝါရီ ၁
 
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့နဲ့ KIOအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖို့ KIA ဘက် က ပါဝင်မယ့် ကိုယ်စားလှယ်တွေရွေးချယ်နေပါတယ်။ ဒီဆွေးနွေးပွဲဟာ ကမ္ဘာကအာရုံစိုက်နေတဲ့ေ ဆွးနွေး ပွဲ တစ်ခု ဖြစ်နေလို့ KIA ဘက်က ဆွေးနွေးဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ် သ က် လို့ KIA ဒုတိယ စစ်ဦးစီးချုပ်အက်အစ်ဂွမ်မော်က KIA တပ်ဖွဲ့က တပ်မဟာမှူးတွေ၊ တပ်ရ င်း မှူးေ တွ ကို တွေ့ဆုံပြီး ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က တပ်မဟာ(၅)ဌာနချုပ် မှာတွေ့ဆုံ   ပြော ဆိုခဲ့ရာ မှာေ တာ့. .. KIO/KIA အနေနဲ့ အစိုးရနဲ့တွေ့ဆုံဆွေးနွေးပွဲ တွေ ဘယ်လိုပဲကျင်းပ ကျင်း ပ..လက် နက် ကိုင် လမ်းစ ဉ် ကိုစွန့်လွှတ်မှာမဟုတ်တဲ့အပြင် ဆွေးနွေးပွဲကာလအတွင်း မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထား မှာမ ဟုတ် ဘူးလို့ပြောဆိုခဲ့ပါတယ်။
 

ဆက်သွားချင်သေးတယ် ဆိုရင်