Pages

Monday, April 8, 2013

အင်ဒိုနီးရှားတွင် မြန်မာရှစ်ဦး အသတ်ခံရမှု ဖြေရှင်းရန် မြန်မာအစိုးရ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံမှ ခိုးဝင်လာသည်ဆိုသူ အချင်းချင်းသတ်ဖြတ်မှုကြောင့် လူရှစ်ဦး သေဆုံးမှု ကို ဖြေရှင်း ချက်ပေးရန် မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ် စဉ် အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊ အပြစ်ရှိသူ များ၊ ပြစ် မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန်၊ မြန်မာနိုင်ငံသားများ၏ လုံခြုံရေး ကို အလေးထား ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့ တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်း ထားသော မြန်မာနိုင်ငံမှ ခိုးဝင်သူအချင်းချင်း ဧပြီလ ၄ ရက်နေ့ အင်ဒိုနီးရှား စံတော်ချိန်ည ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သတင်းများတွင် ဖော်ပြသည်။ ဓား သို့မဟုတ် သေကျေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်း ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ယင်းစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စောင့်ကြပ်ထိန်းသိမ်းမှု အခြေအနေများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ယင်းပဋိပက္ခများသည် ၂ နာရီကြာ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်သူများတွင် သစ်သားနှင့် သံချောင်းများကို အသုံးပြုထားကြောင်း နိုင်ငံခြားသားများ ထိန်းသိမ်းထားရာ စင်တာမှ အမှုဆောင်အရာရှိက ပြောကြားချက်ကို ဂျာကာတာဂလို့ဘ် သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးဌာနတွင် မြန်မာနိုင်ငံမှ ခိုးဝင်သူအကြား ကွဲပြားခြားနားသော ယုံကြည်မှု ကိုယ်စီဖြင့် နေထိုင်သော အဖွဲ့နှစ်ဖွဲ့ ကွဲပြားနေပြီး အကြမ်းဖက်မှုမှာ ယင်းအဖွဲ့ အစည်း နှစ်ခုကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းများအရ သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘယ်လဝန်ဆိပ်ကမ်းရှိ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှ ခိုးဝင်လာသည် ဆိုသူ ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်