Pages

Monday, April 8, 2013

ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများ၌ ဖော်ပြမှုကြောင့် ဈေးကွက်တွင် လူကြိုက်များ


မြန်မာနိုင်ငံ၌ ယခင်က သတင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြည်တွင်းပြည်ပ သတင်း ဖွယ်ဖွယ်ရာရာများကို ပြည်ပသတင်းဌာနများမှ ထုတ်ပြန်သော သတင်းများကိုသာ အာရုံစူးစိုက်နေ ရသော ကြောင့် အားမလိုအားမရ ဖြစ်နေသော ပြည်သူအချို့မှာ ယခုအခါ နိုင်ငံပိုင် သတင်းစာများနှင့်အတူ ဧပြီလဆန်း၌ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေဖြန့်ချိမည့်သတင်း ကြားသိရသဖြင့် ပြည်ပသတင်း ဌာနများကို အလေးထား နားထောင်စရာ မလိုတော့ကြောင်း သတင်းကြိုက်သူ ပြည်သူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

''အရင်တုန်းက ပြည်တွင်းမှာ သတင်းပွင့်လင်းမှု မရှိတော့ ပြည်ပက ထုတ်လွှင့်တဲ့ BBC, VOA, RFA တို့ကို နားထောင်တဲ့ သူတွေများတယ်။ အခုတော့ နိုင်ငံပိုင် သတင်းစာတွေက အရင်နဲ့ မတူတော့ဘူး။ သတင်း ပွင့်လင်းမှုတွေ ရှိလာပြီ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို အလေးထား ဖော်ပြနေကြပြီ။ ပြည်သူတွေ နား၊ မျက်စိ ပွင့်ကုန်ကြပါပြီ'' ဟု သတင်းကြိုက်သူ ပြည်သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ဖ.ဆ.ပ.လ ခေတ်နောက်ပိုင်း ဝါဒရေးရာ စည်းရုံးရေး သတင်းများကို တစိုက်မတ်မတ် ဖော်ပြခဲ့ကြသည်။

ယခုအခါ သတင်းများအစား ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများက ဖော်ပြ လာကြသဖြင့် ဈေးကွက်တွင် လူကြိုက်များလာကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးထံမှ ကြားသိရသည်။ အစ ကနဦးက ဧပြီလဆန်းတွင် နိုင်ငံပိုင် သတင်းစာများနှင့်အပြိုင် ပုဂ္ဂလိကသတင်းစာ ၁၆ မျိုး ထုတ်ဝေဖြန့်ချိမည်ဟု ဆိုသော်လည်း စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံ သစ်၊ ပြည်ထောင် စုနေ့စဉ်သတင်းစာ လေးမျိုးသာ ထုတ်ဝေဖြန့်ချိမှု ကို မြင်တွေ့ရ သည်။ ဈေးကွက် တွင် ကြေး မုံ၊ မြန်မာ့အလင်း၊ မြို့တော်၊ မြဝတီ၊ The New Light of Myanmar သတင်းစာတို့ကို တစ်စောင်လျှင် ကျပ် ၁ဝဝ နှုန်း၊ စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ်သတင်းစာတို့မှာ တစ်စောင်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်