Pages

Saturday, March 2, 2013

ပုဂ္ဂလိက သတင်းစာ ၈ စောင် ယာယီ ထုတ်ခွင့် ပြုလိုက်ပြီ


ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၁၃)ကို မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးရုံး၌ ကျင်းပခဲ့ရာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေ ခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံ ရရှိခဲ့ခြင်း အနက် စိစစ်ပြီး ၁၄ စောင်ထဲမှ သတ်မှတ် ချက် များနှင့် ပြည့်စုံကိုက်ညီသော အောက်ပါ ၈ စောင်အား ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် မှတ်ပုံတင် ဥပဒေ ပုဒ်မ ၈(၁) အရ ၁၄-၄-၂၀၁၃ ရက်နေ့မှ စ၍ ယာယီထုတ်ဝေ ခွင့်ပြု လိုက်ကြောင်းသိရသည်။

(၁) ခေတ်မိုး သတင်းစာ (လျှောက်ထားသူ ဦးခင်မောင်လေး)
(၂) ရွှေနိုင်ငံသစ် သတင်းစာ (လျှောက်ထားသူ ဦးမောင်မောင်လှ)
(၃) ပြည်ထောင်စုနေ့စဉ် သတင်းစာ (လျှောက်ထားသူ ဦးတင့်ဇော်)
(၄) အင်ပါယာ သတင်းစာ (လျှောက်ထားသူ ဒေါ်ဝိုင်းအုံချစ်)
(၅) The Messenger သတင်းစာ (လျှောက်ထားသူ ဒေါ်ကေသွယ်)
(၆) နောက်ဆုံးရနေ့စဉ်သတင်းစာ (လျှောက်ထားသူ ဦးအောင်ကြူဟိန်း)
(၇) မြန်မာနယူးဝိခ်နေ့စဉ် သတင်းစာ (လျှောက်ထားသူ ဒေါက်တာတင်အောင်ခိုင်)
(၈) မဇ္ဈိမ သတင်းစာ (လျှောက်ထားသူ ဦးသော်ဇင်ထွန်း)

ကျန်ရှိနေသေးသော လျှောက်လွှာ ၃ စောင်မှာမူ စိစစ်ဆဲဖြစ်ကြောင်းသိရသည်။

စိစစ်ပြီး လျှောက်လွှာ ၁၄ စောင်အနက် ခွင့်ပြုရန်ကျန်ရှိနေသေးသော သတင်းစာ ၆ စောင် မှာ လျှောက် လွှာတွင် လိုအပ်ချက်နေသည်တို့ကို ပြင်ဆင်ဖြည့်စွက်၍ အချိန်မှီ ပြန်လည်လျှောက် ထားနိုင်ရန် အ တွက် လျှောက်ထားသူများထံသို့ ဆက်သွယ်အကြောင်းကြား မည်ဖြ စ်ပြီး၊ စိစစ်ဆဲ လျှောက်လွှာ ၃ စောင်နှင့် ထပ်မံလျှောက်ထားလာကြမည့် လျှောက်လွှာများအား ဆက်လက် စိစစ်ပြီးနောက်၊ မတ် လ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ေ ကြာင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်