Pages

Saturday, March 2, 2013

မအူပင် ORCHARD ကုမ္ပဏီ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေဟုဆို

 
မအူပင်ခရိုင်အတွင်းရှိ ORCHARD ကုမ္ပဏီ၏ စီမံကိန်းလုပ်ကွက် နေရာများတွင် သဘာဝ အတိုင်း ငါးမွေးမြူခြင်း လုပ်ငန်းနှင့် သီးနှံပင် စိုက်ပျိုးရေး လုပ်ငန်းများကို အမှန်တ ကယ် ဆောင် ရွက်နေကြောင်း ဇန်န၀ါရီ ၂ ရက်နေ့တွင် မီဒီယာများ ခေါ်ယူ၍ ရှင်းလင်း ပြသခဲ့ သည်။ ORCHARD ကုမ္ပ ဏီ သည် မအူပင်ခရိုင် အတွင်းရှိ ရေနက်ကွင်း များကို ရေအောက် ရတနာမြေ ဖော်ထုတ်ရေး စီမံကိန်း အရ ဧ ကပေါင်း ၃၂၅၀ ကို ၁၉၉၆ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိတွင် သဘာဝ အတိုင်း ငါးမွေးမြူသည့် ဧက ၂၃၅၀ ဧကနှင့် စပါးစိုက်ဧက ၉၀၀ ဖြင့် စိုက်ပျိုးမွေးမြူရေး ကို ဆောင် ရွက်ေ နခြင်းဖြ စ်ကြောင်း သိရသည်။ 
 

သဘာဝအတိုင်း ငါးမွေးမြူခြင်းဟု ဆိုရာတွင် မွေးငါးများကို ဓာတုဗေဒအစာကျွေးခြင်း မပြုဘဲ ရေပေါ်တွင် သဘာဝအတိုင်း ပေါက်ရောက် သော မြက်ပင်များကို ကျွေးခြင်းဖြင့် မွေးမြူသောစနစ်ဖြစ်ကြောင်း သိရသည်။ မွေးမြူသောငါးများမှာ ငါးကြင်းလုံး၊ ငါးခေါင်းပွ၊ ရွှေဝါငါး၊ ငါးမြစ်ချင်း၊ တီလားဗီးယား၊ မျိုးငါးများကို မွေးမြူပြီး သုံးနှစ်တစ်ကြိမ် ကန်ဖော်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ စပါးစိုက်ခြင်းတွင် နွေစပါးကိုသာ စိုက်ပျိုးပြီး နှစ်စဉ် သီးသပ်ယှဉ်မျိုးစိုက်ကြောင်း၊ ယခုနှစ်တွင် ဆန်ကောက်မျိုးပါးကို စိုက်ပျိုးထားကြောင်း သိရသည်။

ORCHARD ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိသော နေရာများမှာ ရေနက်ကွင်းများဖြစ်သောေ ကြာင့် နွေရာ သီ ၌သာ နွေစပါးစိုက်ပျိုးနိုင်ပြီး မိုးတွင်း၌ ရေမြုပ်ခြင်းကြောင့် စပါးမစိုက်နိုင်ကြောင်း၊ မိုးရာသီတွင် စပါးစိုက် ဧကများ၌ မြက်သတ်သည့်အလုပ် လုပ်ကိုင်ရကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်