Pages

Friday, March 1, 2013

မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းပါ ၃ ဦးအား မတ်လ ၁ ရက်နေ့တွင် ကွပ်မျက်မည်ဟုဆို

၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် မဲခေါင် မြစ်ကြောင်း၌ မူးယစ်ဆေးဝါး များ တင်ဆောင် လာသည့် တရုတ် သင်္ဘော ၂ စီးပေါ်တွင် ပါရှိသော တရုတ် သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းအပါ ၃ ဦးအား မတ်လ ၁ ရက် ( ယနေ့ ) တွင် ဆေးထိုး၍ ကွပ်မျက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ်ရှိ ကူမင်း ပြည်သူ့ တရားရုံး က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြား ခဲ့သည်ဟု သိရသည်။
 
စိုင်းနော်ခမ်း ၏ အပေါင်းအပါ ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham ၊ လာအို နိုင်ငံမှ Zha Xika နှင့် နိုင်ငံမဲ့ ဖြစ်သည့် Yi Lai တို့ ဖြစ်ကြောင်း သိရသည်။ ၄င်းတို့ ၄ ဦးသည် သေဒဏ် ကျခံရမှု အတွက် အယူခံလွှာ တင်သွင်း ခဲ့သော်လည်း အဆိုပါ တရားရုံးက ပယ်ချ ခဲ့ကြောင်း နှင့် ၄င်းတို့ အပေါ် ပြစ်ဒဏ် ချမှတ်မှု အခြေအနေ ကို အကဲဖြတ် ဆန်းစစ်ရန် အတွက် ပြည်သူ့ တရားရုံးချုပ် ( SPS ) သို့ တင်သွင်း ခဲ့ကြောင်း သိရသည်။ အဆိုပါ အကဲဖြတ် ဆန်းစစ်ချက် ကို ဆောင်ရွက် ပြီးနောက် SPS ဥက္ကဋ္ဌ က ၄င်းတို့အား ကွပ်မျက်ရေး အမိန့်ကို လက်မှတ် ရေးထိုး ခဲ့သည်။
၎င်းတို့အား ကူမင်းမြို့၌ပင် ကွပ်မျက် သွားမည် ဖြစ်ကြောင်း နှင့် ၄င်းတို့အား ကွပ်မျက် ပြီးပါက ၄င်းတို့၏ ပိုင်ဆိုင်မှု များကို သက်ဆိုင်ရာ ဆွေမျိုးများနှင့် သက်ဆိုင်ရာ ကောင်စစ် ၀န်ရုံးများထံ လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်