Pages

Friday, March 1, 2013

ဒီမိုကရေစီ အစိုးရ ကို ကူးပြောင်းရာမှာ ခက်ခဲမှုများ ရှိနေကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား


မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို ကူးပြောင်းတဲ့အခါ ခက်ခဲနေတာတွေ ရှိတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံက မြန်မာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။ “ပွင့်လင်းလာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဘာအားနည်းချက် ရှိလဲဆိုတာ နားလည်လာတယ်၊ နားလည်လာတဲ့အခါ ဒီအလုပ်က တော်တော်ခက်ခဲတယ် ဆိုတာ သိလာရတယ်၊ ကျွန်တော်တို့ လုပ်နေတဲ့အလုပ် စစ်အစိုးရကနေ ဒီမိုကရေစီအစိုးရ သွားတာဆိုတော့ အမေရိကမှာ သမ္မတပြောင်းတာ လွယ်တယ်၊ အင်စတီကျူ့၊ အခြေခံအဆောက်အအုံတို့၊ လူတွေရဲ့ စိတ်နေသဘောထား (mindset) တွေက ရှိထားပြီးသား။ သမ္မတပဲပြောင်းတာ၊ ခေါင်းဆောင် ပဲပြောင်းတာ၊ နော်ဝေမှာလဲ ဒီလိုပဲ၊ အစိုးရပြောင်းလဲလဲ သူတို့က ဒီအတိုင်းပဲ သွားနေတယ်၊ ကျွန်တော်တို့က စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို သွား တာဆိုတော့ လုပ်ပုံကိုင်ပုံတွေက တခြားစီပဲ” လို့ နော်ဝေနိုင်ငံရောက် မြန်မာမိသားစုေ တွ နဲ့ တွေ့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
 
ဖေဖော်ဝါရီ ၂၆ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စုဝန်ကြီး အချို့ နော်ဝေနိုင် ငံကို ရောက်ရှိကြပါတယ်။ သမ္မတဦးသိန်းစိန်က နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ ဆုံပြီး မြန် မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းေ တွ မှာ နော်ေ ဝနိုင် ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍတွေမှာ နော်ဝေကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတက ဖိတ်ခေါ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်