Pages

Sunday, February 3, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင်ရမည့် အချက်များ ရှိနေ၍ ပြည်သူ့ လွှတ်တော် တရား စီရင်ရေး နှင့် ဥပဒေ ရေးရာ ကော်မတီ အနေဖြင့် ပြင်ဆင်သင့်သည့် အချက်များကို ကောက်ယူနေပြီး အခွင့်သင့်ပါက ပြင်ဆင်မည်ဟု ဆို


w1-2-4
 
တရားစီရင်ရေးနှင့် ဥပဒေရေးရာဆွေးနွေးပွဲ၌ သူရဦးအောင်ကိုအား တွေ့ရစဉ်
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်ရမည့် အချက်များ အများအပြားရှိနေပြီး အဆိုပါပြုပြင်ရမည့် အချက်များ အား ပြန်လည်ပြင်ဆင်နိုင်ရန် စစ်တမ်းများ ကောက်ယူထားပြီး အခွင့်သာ သည့်အ ချိန်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥ ပေဒေ ရးရာေ ကာ္မ တီ ဥကၠ႒ သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်။အဆိုပါ ပြောကြားချက်အား ဖေဖော်ဝါရီလ ၂ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး တွင် ပြ ည် သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှ င့် ရှေ့နေ များ ကွန်ရက်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် တရားစီ ရင်ေ ရးနှင့် ဥပဒေရေးရာများအကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
 ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းပြီးနောက် အဓိကအကျဆုံးဥပဒေအဖြစ် ရပ်တည်နေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သူရဦးအောင်ကိုက ''ဖွဲ့စည်းပုံအ ခြေခံဥပဒေထဲမှာ ပြင်ဆင်ရမယ့် ဥပဒေတွေ အများကြီးရှိနေပါတယ်။ ဒီလို မဖြစ်မနေ ပြင်ဆင်သင့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို စုပေးပါ။ စုပြီး ပြင်ဆင်နိုင်အောင် ကြိုးပမ်းပါ့မယ်''ဟု ပြောကြားခဲ့သည်။
 
အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်မည်ဆိုပါက ဒီမိုကရေစီနိုင်ငံများ၌ အဓိကကျသည့် မဏ္ဍိုင် သုံး ရပ် အပြင် အဆိုပါမဏ္ဍိုင်သုံးရပ်အား စောင့်ကြည့်သည့် အခန်းကဏ္ဍ နေရာတွင် ရှိနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်မှုမရှိသည့် စတုတ္ထမဏ္ဍိုင်ဆိုသည့် စကားစုနှင့် တာဝန်များအား ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ၌ပင် ထည့်သွင်းသင့်ကြောင်း တက်ရောက်သူတစ်ဦးက ဆွေးနွေးခဲ့သည်။
 
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်နေသည့်အချက်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အား ပြန်လည်သုံးသပ် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ပြောကြားခဲ့သည်။
 
အဆိုပါပုဒ်မတွင် နိုင်ငံသားများအနေဖြင့် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် စသည့်အချက်များနှင့် အခြားအချက်များအား ထည့်သွင်းဖော်ပြထားသော်လည်း ၂၀၁၂ ခုနှစ်အ တွင်း ပြ ဋ္ဌာန်း ခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပါပုဒ်မ အချို့ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဦးကိုနီက ဆိုပါသည်။
 
''ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အခွင့်ပေးထားပေမယ့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေမှာက ဆန္ဒပြချင်ရင် မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ တင်ပြရတယ်။ ဒီလိုကိုယ့်ကို ဖမ်းမယ့်သူတွေကို တင်ပြရတော့ ဘယ်လိုပဲဥပဒေနဲ့အညီပဲတင်တင် ခွင့်မပြုဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာဆို ငြိမ်းချမ်းစွာ လမ်းလျောက်တဲ့ လူငယ်တွေကို မြို့နယ် ၁၀ မြို့နယ်က အမှုဖွင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာပဲပါတယ်။ ရဲမှူးဆီတင်ပြရမယ်လို့ မပါပါဘူး''ဟု ဦးကိုနီက ပြောကြားခဲ့သည်။
 
ထိုသို့  ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေပါ ပုဒ်မအချို့ အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့စဉ်က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအတွက်သာ ထည့်သွင်း ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့် ပုဒ်မအချို့အား ပြင် ဆင် နိုင်ရ န် ပြန်လည် တင်ပြ မည်ဟု  ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦး ခင်မောင် ၀င်း က ပြော ကြားခဲ့သည်။
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရက်တစ်တန်ဖိုးများနှင့် ကိုက်ညီမှုမရှိသည့် ပုဒ်မများ အား ပြင်ဆင်လိုကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများရှိနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္က ဋ္ဌ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၅ ရက်က အမေရိ ကန်နို င်ငံ ဟာဝိုင်ယီပြည်နယ်ရှိ East-West Center တွင် ပြောကြားခဲ့သည်။
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးတစ်ယောက်အား ရည်ရွယ်ရေးဆွဲထားသည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမဆို တရားမျှတသည်ဟု မထင်ကြောင်းနှင့် ဒီမိုကရက်တစ် မဖြစ်ကြောင်းလည်း ပြော ကြားခဲ့သည်။
 
''ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ နိုင်ငံသား တိုင်းရင်းသား အခွင့်အရေးတွေ အပြည့်အ၀မ ရ ဖြစ်ေ နတာတွေကိုလည်း အပြည့်အ၀ရရှိအောင်ဆောင်ရွက်ပါမယ်။ အခြေခံဥပဒေပါ အ ချက်တွေ ကို ပြ င်နိုင် ဖို့အတွက် ပြင်သင့်တာအားလုံး စုစည်းပေးကြပါ''ဟုလည်း သူရဦးအောင်ကိုက ပြော ကြားခဲ့ သည်။
 
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက ပြင်ဆင်သည့် ဥပဒေမူကြမ်း အား ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရန် လိုအပ်ပြီး လွှတ်တော်တွင်း ဆွေးနွေးနိုင် ရန် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်ေ တာ် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်း၏ ထောက် ခံမှုရရှိရန် လိုအပ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ သိရသည်။
 
ဖွဲ့စည်းပုံ အခြေခံဥပဒေများထဲမှ အခန်း ၁ ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း ၂ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း ၃ ပုဒ်မ ၅၉၊ ၆၀၊ အခန်း ၄ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း ၅ ပုဒ်မ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း ၆ ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း ၁၁ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း ၁၂ ပုဒ်မ ၄၃၆ ရှိ ပြဋ္ဌာန်းချက်များအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ကာ ပြည်လုံးကျွတ်ဆန္ဒ မဲခံယူ၍ မဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။
 
E M G

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်