Pages

Sunday, February 3, 2013

တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ သွေးခွဲလာသူ တို့ရန်သူ


တပ်မတော်ကို အမျိုးမျိုးအပုပ်ချနေတဲ့မီဒီယာတွေနဲ့အ မြင်စောင်းနေသူများ ကိုပြောချင်ပါတယ်။ စစ်သား ဆို တာသီးခြား လူတန်းစားမဟုတ်ပါဘူး။ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့ သားတွေပါ။ စစ်ရေး စစ်ရာ အ ခြေအနေအရ လျို့ဝှက်ထားရမယ့်ကိစ္စရပ်တွေကို အပြင်လူတွေ မပြောနဲ့၊စစ်သား အချင်း ချင်းေ တာင် သိသင့်သူကလွဲပြီး ကျန် တဲ့သူတွေ မသိရပါဘူး ။နောက်ပြီး တပ်မတော်ဆိုတာ စည်းကမ်းမရှိတဲ့ သာမန် လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ စစ်သည်တိုင်း လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ် (၆၀) ဆို တာကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာစောင့်ထိန်းလိုက်နာ နေကြရတာပါ။
 
စစ် ဘက်ဆိုင်ရာဥပဒေတွေအပြင် နယ်ဘက် ဆိုင်ရာဥပ ဒေကိုပါ လိုက်နာရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။လူ တစ် ဦးချင်းစီရဲ့ တန်ဖိုးဟာ လူ့ကျင့်ဝတ် သီလဖြစ်သလို စစ် သည်တော်ကျင့် ဝတ်ဆိုတာ ဟာလည်း တပ်မတော် သားတစ်ဦးအတွက် အကျင့်သီလပဲဖြစ်ပါတယ်။အဲဒီ စစ်သည်တော် ကျင့်ဝတ်ဆိုတာကို တ ပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အောက်ဆုံး ရဲဘော်အ ဆင့်ထိ တိတိကျကျ လိုက်နာ ရပါတယ်။ ဘယ် အဖွဲ့အ စည်းမှာမဆို ကောင်းတဲ့သူရော ဆိုးတဲ့သူပါ ရောထွေး နေတတ်ပါတယ်။မတစ်ထောင် သားေ တွဖြစ် တဲ့ တပ်မ တော်သားတွေမှာလည်း စစ်သည်တော်ကျင့်ဝတ်ကို အသက်နဲ့လဲပြီး စောင့်ထိန်း သူတွေ ရှိသလို စည်းကမ်း ဖောက်ဖျက်တဲ့ စုန်းပြူးတစ်ချို့လည်း ရှိမှာပါပဲ။အဲဒီလို စည်း ကမ်းဖောက် ဖျက် တဲ့  စစ်သည်တွေကို စစ်တရား ရုံးအမျိုးမျိုးနဲ့ စနစ်တကျစစ်ဆေးပြီး အပြစ်ပေးအရေး ယူလျှက်ရှိပါတယ်။ကျူး လွန် တဲ့ပြစ်မှုအမျိုးအစားပေါ် မူတည်ပြီး သတိပေး၊ ရာထူးတိုးရပ်ဆိုင်း ၊အဆင့်လျော့၊ ထောင်ဒဏ်၊သေ ဒဏ် အထိ ပြစ်ဒဏ်ချမှတ်လေ့ရှိပါ တယ်။

ဒီလို စည်းကမ်းတကျရှိတဲ့ တပ်မတော်ကို မဟုတ်မမှန် ဝေဖန်တာတွေဟာ ကျေးဇူးရှင်ကိုကျေး စွပ်တာနဲ့ အတူ တူပါပဲ ။ကျောကိုသင်ဖျူး...ဆူးကိုမွေ့ ယာလုပ်ပြီး တိုင်းပြည်အတွက် အသက်စွန့်  ကာကွယ် နေတဲ့ ဒီတပ် မတော်နဲ့ စစ်သည်တွေ သာမရှိရင် ခင်ဗျား တို့က္ဈန်တော်တို့ ဘဝက ခေတ် ပျက်ခေတ် ဆိုးကြီးထဲ ကိုပြန်ရောက် သွားမှာပါ။ "ခေတ်ပျက်တယ်"... ဆိုတဲ့အ တွေ့အကြုံဆိုးကြီးကို ဒီကနေ့ အသက်(၇၀)၊(၈၀)ကျော်နေ တဲ့ က္ဈန်တော်တို့ရဲ့ အဘိုး အဘွားတွေ ကိုမေးကြည့်လိုက်ရင် ကြေကွဲစွာနဲ့ ပြန်ပြောပြပါလိမ့် မယ်။ တစ်ချို့ အတွေ့ အကြုံတွေက စာတွေ့ပဲကောင်းပါ တယ်။ငါတွေ့ မဖြစ်စေချင် ပါဘူး။ အထူး သဖြင့် ဒီကနေ့ နောင်လာနောက်သား လူငယ်လူရွယ်တွေလက်ထက် မှာ ဒီအတွေ့အကြုံဆိုးကြီးကို မခံ စားစေသင့်တော့ပါ ဘူး။ အိုးတစ်လုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်ခွဲရတာက အရမ်း လွယ်ပါတယ်။ ဒါပေမယ့်...အဲဒီ လိုအိုးကောင်း တစ်လုံးဖြစ်လာ ဘို့အတွက် လုက်ရတဲ့ အဆင့်တွေက အရမ်း များပြီး အရမ်း အချိန်ယူရပါတယ်။ မကူညီ ချင်နေပါ။မနှောင့် ယှက်ကြပါနဲ့လို့ တပ်မတော် သားတွေရဲ့ ကိုယ်စား အ လေးအနက် မေတ္တာရပ်ခံပါတယ်ဗျာ။
 
 မောင်မှန် 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်