Pages

Sunday, January 20, 2013

ဆန္ဒပြ အဖွဲ့အား ဖိတ်ခေါ်ခြင်း


KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူ ၄၇ ဦး အနက် ထွက်ပြေးလွတ်မြောက်လာသူ ၆ ဦးက ယခု ဆန္ဒပြအဖွဲ့အား ကချင်ပြည်သို့ လာရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။ ဖိတ်ခေါ်ရသည့် အကြောင်းမှာ ၁၆.၁.၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် အူဗျစ်ကျေးရွာရှိ ရွာသူရွာသားများ ၄၇ ဦးဖမ်းဆီးခံရပြီး အူဗျစ်ကျေးရွာမှ ၄ ဦးနှင့် အာလမ်ကျေးရွာမှ ၂ ဦး၊ စုစုပေါင်း ၆ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။ ကျန် ၄၁ ဦး ပြန်လည် လွတ်မြောက်နိုင်စေရန် အဆိုပါ ဆန္ဒပြအဖွဲ့အား အကူညီ တောင်း လိုပါသည်။

ကေအိုင်အေ များသည် ကချင်တစ်မျိုးသားလုံး ကပဲ ကေအိုင်အေ ဖက်ပါသယောင် ၀ါဒဖြန့်ပြီး( စပွန်စာပေး တဲ့ မီဒီယာများ အပါအ၀င်) အမှန်တကယ်တွင် ရွာသားများအား အတင်း ဖမ်းဆီးခေါ်ဆောင် ကာ လက် နက်ကိုင် တိုက်ခိုင်းနေပါသဖြင့် ငြိမ်းချမ်းလိုသော ကချင်ပြည်နယ် လူမျိုးများမှ တောင်းဆိုပါသည်။ ကိုယ့် ဟာကိုယ် ဆန္ဒပြရင်လည်း ကေအိုင်အေ က သတ်ခံရမည် ဖြစ်သဖြင့် နီးရာဒါးကို ကြောက်နေ ရသော ပြ ည်သူများမှ ကချင်ပြည်နယ် အတွက် ရန်ကုန်မြို့မှ ဆန္ဒပြသူများ အား ကချင်ပြည်နယ် ကိုယ်စား နှင့် ဖမ်း ဆီးခံရသော ရွာသားများ ပြန်လည် လွတ်မြောက်ရေး အတွက် ကေအိုင်အေ ကို ဆန္ဒပြပေးရန် ဖိတ်ခေါ်ပါ သည်။

မှတ်ချက်။ ။ ရထားလမ်း ၊ ကားလမ်း ကြိုက်သည့်လမ်းက မိမိစားရိတ်နှင့် ကြွခဲ့ပါ။

Say Nyon Thu

တပ်မတော်က ထိုးစစ်တွေ ရပ်ပြီး ခုခံစစ်ပဲ... လုပ်တော့မယ်ဆိုတာနဲ့ KIA တွေက စစ်တပ်ကို မတိုက်ရဲပဲ ကာမိုင်း ရဲစခန်းကို ဒုတိယအကြိမ်မြောက် ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်... ထို့ အတူပဲ... ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇မှာ ခရီးသည်တင်ကားများ KIA ရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရ ပြန်တယ်...

KIA က လုပ်တော့ စောက်ပေါက်တွေ ပိတ်နေပြီး အခု KIA နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို တပ်မတော်က နေ တစ်ဖက်သတ် စစ်ရပ်ဖို့ တောင်းဆို ဆန္ဒပြနေတဲ့ သူတွေက ခါတော်မှီ နာမည်ကြီး တဲ့ နိုင် ငံရေး သ မား ဖြစ်ချင်လို့ ပြည်သူ့ အတွက် ဦးစားပေးတဲ့ လူတွေလိုလို ငြိမ်းချမ်းရေး အတွက် လုပ်ေ ဆာ င် ေ ပး တဲ့ သူ ရဲေ ကာင်းကြီးတွေ လိုလို ဖြစ်အောင် ပေါ်ပင်လေးတွေ လိုက်လုပ်နေကြ တာ လား တော့ မသိ ပါ ...

အခု ဆန္ဒပြနေတဲ့ သူတွေ အနေနဲ့... KIA ကို အဖျက်လုပ်ရပ်တွေ မလုပ်ပါဘူး... တပ်မတော်က ထိုးစစ်ရပ်ထားသလို KIA ကလဲ ရပ်ထားပါမယ်လို့ အာမခံ နိုင်လို့ ဆန္ဒပြနေကြတာလား? တကယ်လို့ စစ်တပ်က ဆက်မတိုက်တော့ပဲ KIA က ပြည်သူတွေကို သတ်ခဲ့ရင်၊ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ၀င်ေ ရာက် ပစ်ခတ် စီးနှင်း ခဲ့ ရင် အခု ဆန္ဒပြနေတဲ့ သူတွေ အနေနဲ့... ဘယ်လို တာဝန် ယူပေးနို င်ပါ သလဲ??

သိပ်ပြီး ငြိမ်းချမ်းအောင် လုပ်ပေးဖို့ ဆန္ဒတွေ စောက်ရမ်း ထက်သန်နေသပဆိုရင် ငြိမ်းချမ်းအောင် လမ်းပေါ် ထွက် ဆန္ဒပြတာ မျိုး မလုပ်ပဲ... ကိုယ်တိုင် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကချင်ပြည်နယ်က စစ်မြေပြင်မှာ ကိုင်တိုင် သွားရောက်ပြီး လက်တွေ့ ငြိမ်းချမ်းအောင် နှစ်ဖက်စလုံးကို ကြားဝင်ညိုပေးလိုက်ပါ...

အဲဒီလိုမှ မဟုတ်ပဲ... လမ်းပေါ်ထွက် ဆိုင်းပုဒ်ကလေး ကိုင်ပြီး ဆန္ဒပြလိုက် ခြင်းက ရှေ့တန်း စစ်မျ က်နှာပြ င် မှာ အသက်ကို ဖက်နဲ့ ထုပ်ကာ နိုင်ငံ အတွက် စစ်တိုက်နေကြတဲ့ တပ်မတော် သားတွေကို တစ်ဖက် သတ် ရပ်တန့်စေခိုင်း ခြင်းမျိုး ဖြစ်ပြီး ရှေ့တန်း ရောက် လုံခြုံရေး ယူထားသော တပ်မတော် သားတွေကို အနု နည်းနဲ့ အသေခံ ခိုင်းကာ သတ်နေခြင်း ဖြစ်သည်...

ထို့ကြောင့် နှစ်ဖက် စလုံး ပြိုင်တူ အပစ်ရပ်အောင် လက်တွေ့ ညိုနှိုင်း ဆောင်ရွက်ပေး ခြင်းမျိုး မဟုတ်ပဲ... တပ်မတော် တစ်ဖက်တည်း အပစ်ရပ်အောင် လမ်းပေါ် ထွက် ဆိုင်း ပုဒ်ကလေး ကိုင်ပြီး ဆန္ဒပြနေရုံနဲ့ ငြိမ်းချမ်းရေး လိုလား သူမျိုး၊ နှမ်းဖြူး သလို လုပ်တဲ့ ငြိမ်းချမ်းရေး အလုပ်မျိုးကို စောက် အထင်မကြီးပါ...

(စကားလုံး အသုံးအနှုန်း ရင့်သီးသွားလျှင် သည်းခံ ခွင့်လွှတ်ပါ)

Thway Thit Sar

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်