Pages

Wednesday, February 6, 2013

ဒေါက်တာဆိတ်ဖွား၏ နိုင်ငံပိုင် မီဒီယာများအပေါ် အမြင်


သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်လက်ထက်တွင် အပြောင်းအလဲ များစွာကို အကောင်းဘက်သို့ ဦးတည်သောအရွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည်မှာ ထင်သာမြင်သာရှိပြီး အပြုသဘောဆောင်သည်မှာ အငြင်းပွားဖွယ်မရှိပါ ။အချို့သံသယဖြင့်စောင့်ကြည့်ဦး မည်ဟု ပြောဆိုမှု များရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများသည် တဖြည်းဖြည်းရုပ်လုံးပေါ် လာပြီဖြစ်၍ အဆိုပါသံသယများသည်လည်း လျော့ပါးတန်သလောက် လျော့ပါးလာ သည့်အခြေအနေမျိုးဖြစ်လေသည် ။ နှစ်ပေါင်းများစွာအယုံအကြည်ကင်းမဲ့နေရာမှ ဤမျှသောအချိန်တို အတွင်းတွင် ယခုလောက် ယုံကြည်မှုရရှိလာခြင်းဆိုသည်မှာ ပင်အပေါင်းလက္ခဏာ သဘောပင်ဖြစ်ပြီး သံသယရှိသူများကိုလည်း အပြစ်မတင်ထိုက်ပါပေ ။

မီဒီယာကဏ္ဍလည်းပါ

ထိုသို့သောပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မီဒီယာကဏ္ဍတွင်လည်း အရေးပါသော အပြောင်းအ လဲများ ကိုပြုလုပ်လာသည်ကိုတွေ့ခဲ့ရပေသည် ။တင်းကြပ်သောစာပေစီစစ်ရေးသည် မထင်ရလော က်အောင် ပင် လိုက်လျောဖြေလျော့မှုများပြုလုပ်လာသည် ။ အချို့ဂျာနယ်များကို စီစစ်ရေးပင်မလိုတော့ပဲ ထုတ်ဝေပြီးမှ စီစစ်ရေးကို တင်ပြရသည့်အခြေအနေမျိုးရောက်လာလေ၏ ။စီစစ်ရေးသို့ တင်ပြပြီးမှထုတ်ေ ၀ခွင့် ၇သော ဂျာနယ်များနှင့်စာများသည်လည်း အတော်အတန်လွတ် လပ်စွာ ရေးသား လာနိုင်သည်ကိုတွေ့ရလေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏လှုပ်ရှားမှု သတင်းများ ၊ သူမနှင့်အင်တာ ဗျုးများ ၊ ဆောင်းပါးများကို အဖြတ်အတောက်မရှိသလောက် နီးပါးဖေါ်ပြခွင့်ရရှိလာခြင်း ၊ NLD မှဦးဝင်းတင်၏ စာအုပ်များတစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရရှိလာခြင်းတို့သည် ထင်ရှားသောသာဓက များဖြစ်သည် ။

ပြည်ထောင်စုဝန်ကြီးကိုပါဝေဖန်လာနိုင်

မြစ်ဆုံဆည်ကိစ္စတွင် အစိုးရနှင့်သဘောထားခြင်းဆန့်ကျင်သည့်အယူအဆများကို တွင်တွင်ကျယ် ကျယ် ဖေါ်ပြ ခွင့်ရလာသည် ၊ အလားတူပင်အစိုးရနှင့်သဘောထားမတူ ဆန့်ကျင်ဘက် အသွင်ဆောင်သော ဟောပြောပွဲများ ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခွင့် ရလာလေ၏ ၊ ဖေါ်ထုတ်ခွင့် ရလာေ လ၏ ၊ ထိုကိစ္စတွင် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၏ သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ဖြေကြားချက်မှ အားနည်းသည်များကိုကောက်နှုတ်ကာ အဆိုပါပြည်ထောင်စု ၀န်ကြီးအား ပြင်းပြင်း ထန်ထန် ဝေဖန်သည့်သတင်းဖေါ်ပြချက်များ ၊ ဆောင်းပါးရေးသားချက်များကို အကန့်အသတ်မရှိဖေါ်ပြ လာေ လ၏ ၊ဖေါ်ပြခွင့်လည်းရရှိလာလေ၏ ၊ အဆိုပါသတင်းဖေါ်ပြချက်များ၏ အကျိုးဆက်ကြောင့် ပင် နောက်ဆုံးတွင် မြစ်ဆုံရေကာတာကြီးကို မိမိတို့ အစိုးရလက်ထက်တွင် ဆက်လက်တည်ေ ဆာက်ခြင်းမပြုပဲ ရပ်ဆိုင်ထားတော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာရ သည်အ ထိ ဖြစ်ခဲ့ေ လသည် ။

ပုဂ္ဂလိက မီဒီယာများခေါင်းထောင်လာ

ဆိုလိုသည်မှာ နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့် ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊ နိုင်ငံရေးနှင့် ပတ်သက်သော ဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့လေသည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေး ညီသိခွင့်ရလာလေ၏ ၊ သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း ကျွဲကူးရေပါဆို သလိုပင် ပါလာလေ၏ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထ င်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊ အိမ်နီးချင်းနိုင် ငံများနှ င့် ပြည်သူများကြား သဘောထား ကွဲလွဲနိုင်သည်များကို အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေး သားမှုများ ၊ တာဝန်ရှိသူတို့ ၏ပြောကြား ချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ လွှတ်တော်တွင်းသတင်းရယူရာတွင် အချို့သတင်းမီဒီယာများက အတွေ့အကြုံရှိသူဝါရင့် သတင်းထောက် ကြီးများကိုစေလွှတ်သတင်း ရယူမှုမျိုးရှိသော်လည်း အချိုကသောသတင်းမီဒီယာများကမူ လွှတ်တော် ဆိုသော အရာကို မည်သို့အရာ မှန်းမသိ သူများ ၊ တစ်ခါဘူးမှအတွေ့အကြုံမရှိသူများကို လွှတ်တော် အတွင်းတွင် သတင်းထောက်အဖြစ် သတင်းယူရန်စေလွှတ်သည်များလည်းရှိလေသည် ။လွှတ်တော် များနှင့် အဆက်ပြတ်ခဲ့သည်မို့ အပြစ်မတင် သာသော် လည်း လွှတ်တော်ဟူသောနေရာ ကိုကား လေး စားသမှုရှိသင့်သည် ။

နောက်ကျကျန်နေသော နိုင်ငံပိုင်မီဒီယာများ

နိုင်ငံပိုင်မီဒီယာများ ဆိုသည်မှာ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြား ဌာနများကိုဆိုလိုပါသည် ။ ပုဂ္ဂလိက မီဒီယာများက အရှိန်နှင့်ချီတက်နေချိန်တွင် မှန်သည်များလည်းရှိ၏ မှားသည်များလည်းရှိမည်မှာ ဓမ္မတာပင်ဖြစ်သည် ၊ ထိုအမှားအမှန်များကို ချိန်ညှိရန် balance လုပ်ရန် တာဝန်မှာ နိုင်ငံပိုင်မီဒီယာများ၏ တာဝန်သာဖြစ်သည် ။ သတင်းမှန်များကို အချိန်နှင့်တပြေးညီ ဖေါ်ပြ ထုတ်ပြန်ပေးရန် အထူးတာဝန်ရှိလှပေသည် ။ မီဒီယာများသည် အစိုးရ၏ ပြုပြင်ရန်လိုအပ်နေသည်များ အားနည်းချက်များကိုထောက်ပြရန် ၊ ပြည်သူ့အသံများကိုအစိုးရတာဝန်ရှိသူများသိရှိရေးဆောင်ရွက်ရန် တာဝန် ရှိသကဲ့သို့ အစိုးရ၏အသံကို ၊ အစိုးရ၏အခက်အခဲများကို ၊ အပြောလွယ်သလောက် အလုပ်ခက်နေပုံများကို အကြောင်းအရာတစ်ခုတွင် အစိုးရ၏ ရှုထောင့်မှ အမြင်ကို ပြည်သူများသိရှိရန် လည်းတာဝန်ရှိလှပေသည် ။ထိုတာဝန်ကိုအဓိကယူရမည့်သူများမှာ နိုင်ငံပိုင်မီဒီယာများပင် ဖြစ်လေသည် ။ဤသို့ဆိုလိုက်သဖြင့် အစိုးရ၏ အနာဂတ်စီမံကိန်းများ ၊ လျှို့ဝှက်ချက်များ ၊ ကုန်သွယ်ရေး ဆိုင်ရာအချက်အလက်များ ၊ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ကိန်းဂဏန်းများကို ဖေါ်ပြပေးရ မည်ဟုမဆိုလိုပါ ၊ ပြည်သူလူထုသိသင့်သိထိုက်သည့်အပိုင်းများကိုသာ ဆိုလိုပါသည် ။
အားမနာတမ်းပြောရပါလျှင်

နိုင်ငံပိုင်မီဒီယာများ၏ အားနည်းနေသောအပိုင်းများကို အားမနာတမ်း ဖေါ်ပြရမည်ဆိုပါလျှင် အများအပြားပင်ရှိမည်ထင်ပါသည် ထိုအများအပြားထဲမှ ကျွန်ုပ်ကဲ့သို့ လူပြိန်းများပင် မြင်နေရသော အချက်အချို့ကို ထုတ်နှုတ်ရေးသားတင်ပြရသော် ...

( ၁ ) နိုင်ငံပိုင်သတင်းဌာနများအားလုံးလိုလိုသည် သတင်း Website များမရှိကြပါ ၊ ကမ္ဘာပေါ်တွင် သတင်း အင်တာနက် စာမျက်နှာမရှိသော နိုင်ငံပိုင်သတင်းဌာနဟူ၍ မြန်မာတစ်နိုင်ငံတည်းသာ ရှိမည်ထင်ပါသည် ။

( ၂ ) ပြည်တွင်းသတင်းထောက်ကွန်ယက် ပီပီပြင်ပြင်မရှိပါ ။ ( ပြန်/ဆက်ရုံးများ မြို့များတွင်ရှိသော်လည်း ၊ရုပ်မြင်သံကြား ပြသခြင်း ၊ အခါအားလျှော်စွာ နံရံကပ်စာစောင်များ ကပ်ခြင်း ၊ ပြည်တွင်းထုတ်သတင်းစာနှင့် ၀န်ကြီးဌာနများမှ ရသောဂျာနယ်များအား ရုံးဘေးရှိအဆောင်ထဲတွင်ထားကာ လာရောက်ဖတ်ရှုလိုက ဖတ်ရှုနိုင်ခြင်း ၊ သတင်းစာကိုယ်စားလှယ်လုပ်ခြင်းများ ၊ ကျောင်းများတွင်လုပ်သော မိဘဆရာ အစည်းဝေးသတင်းများထည့်ပေးခြင်း ၊ စည်ပင်မှလမ်းပြင်နေသည်များထည့်ပေးခြင်း များသာ တွေ့နေရ ပါသည် )

( ၃ ) ပြည်ပသတင်းထောက်ကွန်ယက်မရှိပါ ။

( ၄ ) သတင်းရယူမှုနှင့် သတင်းဖြန့်ချိမှု ၊ ရေးသားမှု နှင့်ဖေါ်ပြမှု တို့သည် အလွန်အမင်းရုံးဆန်နေပါသည် ။ပုံသေဆန်လွန်းနေပါသည် ။( ဥပမာ - ပြည်ထောင်စုဝန်ကြီးတစ်ဦးက သက်ဆိုင်ရာဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းတစ်ခုကို စစ်ဆေးသည်ဆိုပါစို့ ပထမအပိုဒ်တွင် အဆိုပါဝန်ကြီးဘယ်အချိန်မှာရောက်လာပုံ သက်ဆိုင်ရာတာဝန်ရှိသူမည်သူမည်ဝါများက ကြိုဆိုကြပုံ ကိုဖေါ်ပြ၏ ပြီးလျှင်ဝန်ကြီးကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြ၏ ပြီးလျင် ၀န်ကြီးက သတ်မှတ်ရက်အမီပြီးစီးအောင် ဆောက်ရွက်ရေးနှင့် လိုအပ်သည်များလမ်းညွှန်ကာ ပြန်လည် ထွက်ခွာသွားသည် ဆိုကာ ဖေါ်ပြလေ့ရှိသည် ။ ပြည်သူသိချင်သောအကြောင်းအရာ အဘယ်မှာနည်း )

( ၅ ) ပြည်သူလူထု အထူးစိတ်ဝင်စားနေသည့် Current News များကိုဖေါ်ပြခြင်းမပြုပဲ အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများ ကိုသာ အလေးပေးဖေါ်ပြနေသည်ကိုတွေ့ရပါသည် ။

( ၆ )ပြည်သူလူထုအပေါ်သြဇာရှိသော နယ်ပယ်အသီးသီးမှ ပညာရှင်များ ၏ပညာပေး ဆောင်း ပါးဖေါ်ပြ ချက်များ ၊ အင်တာဗျုးများ မတွေ့ဘူးပါ ၊ မည်သူမည်ဝါမှန်းမသိသူများက မြန်မာပြည်သား ၊ ပြည်ချစ်သား ၊ မြစ်ဆုံသား ၊ ဆရာဝန်တစ်ဦး ၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦး စသည်ဖြင့် ရေးသား မှုများကို သာတွေ့နေ ရပါသည် ။ မည်သူပြောနေမှန်းမသိသော စကားများကို နားထောင်လိုသူ ဖတ်ရှုလိုသူ အဘယ်မှာ ရှိပါမည်နည်း ။ဖတ်ရှုသည်ထားဦးတော့ အဘယ်မှာယုံကြည်မှုရှိနိုင်ပါမည်နည်း ။

ပြောလျှင်ကုန်မည်မထင်ပါ ။ပြန်ကြားရေးဝန်ကြီးဌာနတွင် ၀ါရင့် ပညာရှင်ကြီးများ နည်းပညာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်ကြသူများမရှိမဟုတ် ရှိကြမည်သာဖြစ်ပါသည် ၊ ထိုသူတို့သည်လည်း သူတို့၏ စွမ်းဆောင်ရည်ကို ပြသနိုင်သော ပြောင်းလဲမှု မျိုးကိုစောင့်ဆိုင်းနေကြမည်မှာ သေချာလှပါသည် ။

ကမ္ဘာကြည့် ကြည့်သော်

ကမ္ဘာတစ်လွှားနာမည်ကျော်ကြားလှသော သတင်းဌာနကြီးများဖြစ်ကြသည့် BBC, VOA , CNN အစရှိသော သတင်းဌာနကြီးများသည် သက်ဆိုင်ရာနိုင်ငံတို့၏ အစိုးရအာဘော်သတင်းဌာန များဖြစ်လေ သည် ။ ထိုသတင်းဌာနကြီးများကို ထိုနိုင်ငံတို့၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက ပညာသားပါပါ ချုပ်ကိုင် ထားကြသည်ကို သတင်းစိတ်ဝင်စားသူတိုင်းသိကြလေသည် ။ ထို့အပြင် ဒေသတွင်း ရှိ NHK , ဆင်ဟွာ အစရှိသော သတင်းဌာနများသည်လည်း သက်ဆိုင်ရာနိုင်ငံအသီးသီး၏ နိုင်ငံပိုင် သတင်း ဌာနများ ဖြစ်ကြလေသည် ။ မည်သို့ပင်ဆိုစေကာမူ ထိုသတင်းဌာနများ၏ သတင်းအရင်းအမြစ်များကို တစ်ကမ္ဘာလုံးက ကိုးကားဖေါ်ပြနေကြသည်ကို ကြည့်ဖြင်းအားဖြင့် နိုင်ငံပိုင်သတင်းဌာနများ၏ အရေးပါမှု ကိုမှန်း ဆ၍ ရနိုင်လေသည် ။

သတင်းစစ်မျက်နှာ

စတုတ္ထမဏ္ဍိုင်ဟုဆိုကာ အလိမ္မာသုံး၍ ပြောဆိုနေကြသော်လည်း မီဒီယာကဏ္ဍသည် စစ်မျက်နှာ တစ်ခုသာလျှင်ဖြစ်သည် ၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်အင်အားရှိရန်လိုသကဲ့သို့ မီဒီယာအင်အားရှိရန်လည်း အထူးပင်လိုအပ်လှကြောင်းကို စစ်ဘက်တွင် အဆင့်မြင့်တာဝန် များ ယူခဲ့ ကြ သည့် နိုင်ငံတ်ာအကြီး အကဲများ မသိမဟုတ် သိရှိကြမည်သာ ဖြစ်လေသည် ။ အခြားသော အကြောင်းေ ကြာင်း များေ ကြာင့် အကောင်အထည်ဖေါ်ရန် နောက်ကျနေခဲ့သည်ဆိုပါမူ ယခုအချိန်တွင် မီဒီ ယာ စစ်မျက်နှာအတွက် အင်အားတောင့်တင်းသော စစ်သည်တော်များဖြင့် တိုက်ပွဲဝင်ရန် အချိန်အခါ ကြရောက်နေပြီဖြစ်ပါကြောင်း ။

ဒေါက်တာဆိတ်ဖွား
တဇောက်ကန်း ဆိတ် ဖွား

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်