Pages

Wednesday, February 6, 2013

ဖွလို့ကောင်းသွားခဲ့ပြန်တဲ့ ဆိုင်ကယ်ဓာတ်ပုံ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ “မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံး” ဆိုတဲ့သတင်းမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံဟာ ဟဲဟိုလေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ AirBagan လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဦးပြားရဲ့ဆိုင်ကယ် ဖြစ်နေတဲ့အတွက် ပြောစရာပေါင်း သောင်းခြောက်ထောင် ဖြစ်သွားခဲ့ရပါတယ်။ 
 
 ဒါပေမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် သတင်းစာများမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ပြန်လည်တောင်းပန်ခဲ့တာကို ဖတ်ခဲ့ရပါတယ်။ မှားတာ မကောင်းပေမယ့်၊ မှားတဲ့အတွက် ပြန်တောင်းပန်တာကို လက်ခံရပါမယ်။ ဘယ်တုန်းကမျှ ဘယ်သူ့ကိုမျှ မတောင်းပန်ခဲ့ဖူးတဲ့ သတင်းစာတွေက အခုလို စာဖတ်သူတွေကို တလေးတစား တောင်းပန်တာဟာ အပြောင်းအလဲ မဟုတ်ဘူးလားလို့ ကျွန်တော်ကမေးရင် ကိုဉာဏ်ဆိုတဲ့ကောင်က ကြံ့ဖွံ့အလံရှူးပါကွာလို့ ပြောဦးမလား မသိပါဘူးဗျာ။ 
 
အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်ကို ၀င်ဗျင်းလိုက်လို့ ဟိုနိုင်ငံခမျာ စိစိညက်ကျေသွားတာ မှတ်မိကြဦးမယ်ထင်ပါရဲ့။ အဲဒီအမှားအတွက် အမေရိကန်ရဲ့ တာဝန်ယူမှုက တစ်ခွန်းတည်း မဟုတ်လား။ သူတို့မှားသွားပါတယ်… ဆောရီး တဲ့။ အဲဒါထက်စာရင် ဒီဓာတ်ပုံမှားတာလောက်က စာမဖွဲ့လောက်ဘူး ထင်ပါရဲ့ဗျာ။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်