Pages

Sunday, February 10, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အတွက် အခြေခံမူဝါဒ ချမှတ်ရာတွင် အင်အားကြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား တည်ရှိနေခြင်း အပေါ် အခြေခံ စဉ်းစားမည်

 
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဝါဒ ချမှတ်ရာတွင် အင်အားကြီး တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိနေခြင်းအပေါ် မဟာဗျူဟာမြောက်စဉ်းစား ချမှတ်သွား မည် ဖြစ်ကြောင်း မြန်မာအစိုးရ ချမှတ်ထားသည့် စီးပွာရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုအတွက် အခြေခံ မူဘောင် တွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကျန်းမာရေး၊ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ ရှိသော်လည်း တိုးတက်လာစေရေးသည် နှေးကွေးလေးလံနေဆဲ ဖြစ်ပြီး မူဝါဒ ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး တိုးတက်မှုတွင် နှေးကွေးနေခြင်းကြောင့် ဖြစ်ကြောင်းနှင့် စစ်ပွဲပဋိပက္ခဒဏ် ခံစားနေကြရသည့် အခြေ အနေ များတွင် ထိခိုက်လွယ်သည့် အခြေအနေ ဖြစ်ပေါ်စေကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြ င်ပြောင်း လဲမှုအတွက် အခြေခံမူဘောင်တွင် ထည့်သွင်းသုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို ဈေးကွက်က မောင်းနှင်သည့် စီးပွားရေးစနစ် ဖြစ်စေရန် ချမှတ်ထားပြီး  လွတ်လပ်သည့် ဈေးကွက်များ ဖွံ့ဖြိုးစေရန် အစိုးရက အားပေးသွားမည်ဖြစ်ကြောင်းနှင့် ဆင်းရဲနွမ်း ပါးမှု ပြဿနာကို တိုက်ရိုက်ဖြေရှင်းပေးမည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေး လိုအပ်ချက် များ ပြည့် မီအောင် မြှင့်တင်သွားမည်ဖြစ်ကြောင်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှုတွင် မဟာဗျူဟာမြောက် ချမှတ် ထား သည်။

လက်ရှိအစိုးရက စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် မူဝါဒဦးစားပေး နယ်ပယ်လေးခု ချမှတ်ထားပါသည်။ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် စက်မှုဖွံ့ဖြိုး ထွန်းကားလာစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ သယံဇာတ အရင်းအမြစ်များ၊ ရသုံးငွေ ဘတ်ဂျက်များနှင့် နိုင်ငံရပ်ခြား အကူအညီများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ညီမျစွာ ခွဲဝေသုံးစွဲရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး၊ ရပ်ရွာနှင့် ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်းများ တိုးတက်လာစေရေး၊ ပြည်သူ့ရေးရာ မူဝါဒ ဆုံးဖြတ်ချက်များ ပြုနိုင်ရန် ခိုင်လုံသော စာရင်းဇယားနှင့် သတင်းအချက်အလက်များ ပြုစုနိုင်ရေးတို့ကို ဦးစားပေး နယ်ပယ်လေးခုတွင် ထည့်သွင်းထားသည်။ ထို့အတူ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အခြေခံမူဘောင်တွင် နိုင်ငံခြားရေးနှ င့် နိုင်ငံတကာ သံတမန်ဆက်ဆံရေး မျက်နှာစာတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ နေရာ ကို ပြန် လည် တည်ဆောက်သွားရန် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခု ပြုပြင်ပြောင်းလဲရေး ကိစ္စများ ဆော င် ရွက် ရာတွင် နိုင်ငံတကာ မိသားစုများနှင့် ပူးပေါင်းလုပ်ဆောင်မှုများနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် မူဝါဒ ချ မှတ်ထားကြောင်း သိရသည်။

EMG

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်