မတ်လ တွင် အမေရိကန် နိုင်ငံ၌ နှစ်စဉ် ကျင်းပ သော ကမ္ဘာ့ အကြီးဆုံး Sea Food ပြပွဲကြီး ဖြစ်သည့် Sea Food Export America Show ပွဲ၌ မြန်မာ နိုင်ငံမှ ထုတ်လုပ် သော ရေထွက်ကုန် ပစ္စည်းများ ကို သွားရောက် ပြသမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ် မှ ၉-၁-၂၀၁၄ ရက်က သိရ သည်။ အဆိုပါ ပြပွဲကြီး သို့ နိုင်ငံ တကာမှ ရေထွက် ကုန် ပစ္စည်းများ လာရောက် ပြသ၍ မြန်မာ နိုင်ငံ မှ ပြသ ခြင်း မှာ ပထမ ဆုံး အကြိမ် ဖြစ်ကြောင်း၊ မြန်မာ့ ရေထွက်ကုန် များမှာ တရုတ် ဈေးကွက် တစ်ခု ကိုသာ အား ကိုး နေ ရသော ကြောင့် ပြည်ပ ဈေးကွက် အသစ် ရှာဖွေရန် အတွက် ပြသ ရခြင်း ဖြစ်ကြောင်း မြန် မာ နိုင် ငံ ရေ ထွက် ပစ္စည်းများ အသင်း ထံမှ သိရ သည်။
“အဲဒီ ပြပွဲမှာ ပြပွဲ စရိတ် က အရမ်းကြီး တယ်။ ဒါပေမဲ့ အခု က တရုတ် ဈေးကွက် တစ်ခု တည်း ရှိတဲ့ အတွက် ပြည်ပ ဈေးကွက် အသစ် ရဖို့ ငါး လုပ်ငန်း အဖွဲ့ချုပ် အောက် က အသင်း သားတွေ စည်းရုံး ပြီးတော့ လုပ်ဆောင် မှာပါ။ ဒီလို လိုက်ပြီး လေ့လာ မှ သူများ နိုင်ငံမှာ ဘယ် ပစ္စည်း ကို ဘယ်လို ထုတ်တယ်။ ထုတ်လုပ် သူတွေ ကလည်း ဘယ် လိုငါး၊ ပုစွန် မွေးရင် ဈေးကွက် ရှိတယ်။ ဈေး ရနိုင်တယ် ဆိုတာတွေ လေ့လာ နိုင်တယ်” ဟု မြန်မာ နိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ် သူများ နှင့် ထုတ်ကုန် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းအေး က ပြောသည်။ ယခု အမေရိကန် ၌ သွားရောက် ပြသမည့် ပွဲ၌ အောင်မြင် လာပါက တရုတ် ၌ ကျင်းပ မည့် Sea Food Show ပွဲကို လည်း သွားရောက် ပြသရန် စီစဉ် သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်မြန်မာ ဂျာနယ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.