Pages

Tuesday, January 14, 2014

ကမ္ဘောဒီးယား အလုပ်သမား ပြဿနာ မြန်မာ ဝင် ဖြေရှင်း ပေးရန် တောင်းဆို



၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာ အစိုးရ အနေနှင့် ကမ္ဘောဒီးယား နိုင်ငံ တွင် ဇန်နဝါရီ လဆန်းပိုင်း က စတင် ဖြစ်ပွား နေသည့် အလုပ်သမား ဆန္ဒပြ မှုများ ကို ကမ္ဘောဒီးယား အစိုးရက အင်အား သုံး ဖြေရှင်းမှု အပေါ် ညှိနှိုင်း ဖြေရှင်း ပေးရန် ကမ္ဘောဒီးယား နှင့် အရှေ့တောင် အာရှ အခြေ စိုက် လူမှု အဖွဲ့အစည်း အချို့က တောင်းဆို လိုက်သည်။ ရန်ကုန် မြို့ ကမ္ဘာအေး စေတီ လမ်းရှိ Micasa ဟိုတယ် တွင် ဇန်နဝါရီ လ ၁၃ ရက်နေ့ က ပြုလုပ် သည့် ကမ္ဘောဒီးယား အလုပ်သမား ပြဿနာ နှင့် အထွေထွေ မပြေလည် မှုများ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နှင့် မြန်မာ နိုင်ငံ တို့မှ လူမှု အဖွဲ့အစည်း အချို့က အထက်ပါ အတိုင်း တောင်းဆိုခြင်း ဖြစ်သည်။ 



ကမ္ဘောဒီးယား အထွေထွေ ရွေးကောက်ပွဲ များ ပြုလုပ် ပြီးစီး သည် ၂၀၁၂ ခုနှစ် နှစ်လယ် ကာလ မှ စတင် ကာ အထွေထွေ မကျေနပ် မှုများ နှင့် အလုပ် သမား များ လုပ်ခ လစာ တိုးမြှင့် တောင်းဆို သည့် ဆန္ဒ ပြပွဲများ ကို ဇန်နဝါရီလ ၃ ရက်နေ့ တွင် အစိုးရ က အင်အား သုံး နှိမ်နင်းမှု ကြောင့် လေးဦး သေဆုံး ကာ ၃၉ ဦး အပြင်း အထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ယင်း အပြင် လူ ၂၀ ကျော် ဖမ်းဆီး ခံထား ရကြောင်း Cambodia Women Caucus အဖွဲ့ မှ Ms. Thida Khus က ပြော သည်။ “အာဆီယံ အသိုက် အဝန်း အတွင်း မှာ အခုလို ဖိနှိပ် အကြမ်းဖက် မှုတွေ ဖြစ်နေ တာဟာ ကျန် အဖွဲ့ဝင် နိုင်ငံတွေ နဲ့ပါ တိုက်ရိုက် သက်ဆိုင် ပါတယ်။ ဒီ အတွက် အာဆီယံ ဥက္ကဋ္ဌ သစ် ဖြစ်တဲ့ မြန်မာ အစိုးရ ကို ဒီ ပြဿနာ တွေ အပေါ် ကမ္ဘော ဒီးယား အစိုးရ ကို ပြောဆို ညှိနှိုင်းဖို့ စာရေး တောင်းဆို သွားမှာ ပါ” ဟု Cambodia Asia Pacific Forum on Women Law and Development (APWLD) မှ Ms.Pranom Somwoung က ပြောဆို သည်။


ကမ္ဘောဒီးယား နိုင်ငံတွင် ဖြစ်ပွား သည့် အင်အား သုံး နှိမ်နင်း မှုများတွင် တာဝန် ရှိသူများ ကို ဖော်ထုတ် အရေးယူ ရန်၊ လွတ်လပ် သည့် ကော်မရှင် တစ်ရပ် ဖွဲ့စည်း ၍ နိုင်ငံရေး မကျေ လည်မှုများ နှင့် ရွေးကောက် ပွဲ မသမာ မှုများ ကို ဖြေရှင်း ဆောင်ရွက် ရန်၊ အလုပ် သမားများ အတွက် အခြေခံ လုပ်ခ လစာ ကို အမေရိကန် ဒေါ်လာ ၁၆၀ သတ်မှတ် ရန် စသည့် တောင်းဆို ချက်များ ကို ညှိနှိုင်း ဆောင်ရွက် ပေးရန် မြန်မာ အစိုးရ အပါ အ ဝင် အာဆီယံ အဖွဲ့ဝင် အစိုးရ များနှင့် အလုပ်သမား ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း များ ထံ ဆက်လက် တောင်းဆို မည် ဖြစ်ကြောင်း ၄င်းက ထပ် လောင်း ပြောကြား သည်။ အာဆီယံ ဥက္ကဋ္ဌ သစ် အဖြစ် ပထမ ဆုံး တာဝန် ယူ မည့် မြန်မာ နိုင်ငံ အစိုးရ အနေ နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များမှ ပြဿနာ များ ကို ညှိနှိုင်း ဆောင်ရွက် ရန် သက်ဆိုင် ရာ အစိုးရ များကို တိုက်တွန်း တောင်းဆို နိုင်သော် လည်း အာဆီယံ သဘော တူညီ ချက် အရ ယင်း နိုင်ငံများ ၏ ပြည်တွင်းရေး ကိုမူ တိုက်ရိုက် ဝင်ရောက် စွက်ဖက် ခွင့် မရှိ ကြောင်း နိုင်ငံရေး လေ့လာ သူများ က သုံးသပ် ကြသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်