Pages

Tuesday, January 14, 2014

ဒီလှိုင်း သတင်းစာ နှင့် Daily Eleven News သတင်းစာ အပါ အ၀င် စုစုပေါင်း သတင်းစာ ၁၂ စောင်အား ထုတ်ဝေခွင့် လိုင်စင် များ ရုပ်သိမ်း

ကန့်သတ် မှုများ ရုပ်သိမ်း လိုက်သည့် စာနယ်ဇင်း လောက သည် သတင်းစာ၊ ဂျာနယ် မြောက်မြား စွာ ပေါ် ထွက် လာခဲ့ သည်။ အစိုးရ ဆီ အပြိုင် အဆိုင် ထုတ်ဝေ ခွင့် လျှောက်ထား သော သတင်းစာများ လည်း အများအပြား ရှိခဲ့ သည်။ ယခု အခါ ထုတ်ဝေခွင့် ကို အစိုးရ မှ ခွင့်ပြု ထားပြီး သတ်မှတ်ချိန် အတွင်း ထုတ်ဝေ နိုင်ခြင်း မရှိသည့် ပုဂ္ဂလိက နေ့စဉ် သတင်း စာ ၅ စောင် ၏ ထုတ်ဝေခွင့် လိုင်စင် များကို ပြန်လည် ရုပ်သိမ်း တော့မည် ဖြစ်သည်။

ထို့အပြင် ထုတ်ဝေခွင့် လျှောက်ထား ပြီး မထုတ်လုပ် နိုင်သည့် သတင်းစာ ၇ စောင် သည်လည်း ထုတ်ဝေခွင့် လိုင်စင်များ ကို ကာယ ကံရှင် များ ကိုယ်တိုင် ပြန်အပ်မည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ပြန်အပ် မည့် သတင်းစာ များ ထဲတွင် NLD ပါတီမှ ထုတ်ဝေ မည့် ဒီလှိုင်း နေ့စဉ် သတင်း စာ လည်း ပါဝင် ကြောင်း သိရ သည်။

“ထုတ်ဝေခွင့် လိုင်စင် ရုပ်သိမ်းမယ့် အကြောင်း အကြောင်းကြား စာ ပေးပို့ ထားပြီး ဖြစ်ပါတယ်” ဟု ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှ ညွှန်ကြားရေး မှူး ဦးအောင်ကျော်ဦး က ဇန်န၀ါရီ ၁၃ ရက် က ပြန်ကြားရေး ၀န်ကြီး ဌာန အစည်း အဝေး ခန်းမ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြော သည်။ လက်ရှိ အချိန်တွင် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် ကို ၃၁ စောင် ခွင့်ပြု ထားရာ တွင် သတင်းစာ ၁၈ စောင် သာ ထုတ်ဝေ နိုင်ခြင်း ရှိကြောင်း သိရ သည်။

မြန်မာ နိုင်ငံ တွင် သတင်းစာ ထုတ်ဝေခွင့် ကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက် က စတင် ချထား ပေးခဲ့ပြီး ထုတ်ဝေခွင့် လိုင်စင် ကို တစ်လ အတွင်း ထုတ်ယူ ရမည် ဖြစ်ပြီး လိုင်စင် ထုတ်ယူပြီး နောက် ခြောက်လ အတွင်း သတင်းစာ ထုတ် ဝေရမည် ဟူသော စည်းကမ်း ချက် သတ်မှတ် ထား ကြောင်း သိရှိ ရသည်။

ကာယကံရှင် များ ကိုယ်တိုင် ထုတ်ဝေခွင့် လိုင်စင် ပြန်အပ် သည့် သတင်းစာ များ

(၁) ခေတ်မိုး နေ့စဉ် သတင်းစာ၊
(၂) ဒီလှိုင်း နေ့စဉ် သတင်းစာ၊
(၃)နောက်ဆုံးရ နေ့စဉ် သတင်းစာ၊
(၄) Daily Eleven News၊
(၅) ဝရဇိန် နေ့စဉ် သတင်းစာ၊
(၆) မြန်မာ နေ့စဉ် သတင်းစာ၊
(၇) People Net Daily သတင်းစာ တို့ ဖြစ်သည်။

သတ်မှတ် ကာလ အတွင်း ထုတ်ဝေခြင်း မပြု၍ ထုတ်ဝေခွင့် ပြန်လည် ရုပ်သိမ်း ခံရသည့် သတင်းစာ များ

(၁) မြန်မာအဓိက နေ့စဉ် သတင်းစာ
(၂) မြန်မာပို့စ် နေ့စဉ် သတင်းစာ
(၃) နဂါးနီ နေ့စဉ် သတင်းစာ
(၄) မြန်မာ့သဝဏ် နေ့စဉ် သတင်းစာ
(၅) Victory နေ့စဉ် သတင်းစာ တို့ဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်