Pages

Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

Wednesday, April 10, 2013

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

 
 
မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် ( ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ )

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့ က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန် ဖမ်းမိ သွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်း ဆီး ခေါ်ေ ဆာင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့ သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိ တယ် လို့ ပြော ကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်ေ တ်ာလေး လည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါ သ ထွက်ကြတယ်” ဟု ဒေါ်အေးအေး ငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက် ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင် သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစား သင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိ









သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့ အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။ ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူ ထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့ တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဘင်္ဂလီ များ ပြည် မ ထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆို ကြပါသည်။

Wednesday, April 3, 2013

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ်အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်း သတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်( ၂) ရပ်ကွက်လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ် ”” ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင်တွင် ခေါင်ရည်ေ သာက်ပြီးပြန် ထွက်သွားကြောင်း သိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့ရာအဆိုပါမသင်္ကာ ဖွယ်လူအား မြို့သစ် (၂)ရပ်ကွက် လမ်းပေါ်တွင် တွေ့ရှိရသဖြင့်စစ်မေးရာ မတ္တရာမြို့၊ မြို့သစ်(၁)ရပ်ကွက်နေအောင် ကျော်မိုး (ခ)မိုးမိုး (၃၂)နှစ်ဖြစ်ပြီး ၎င်းင်းဝတ်ဆင်လာသောယူနီဖောင်းမှာ ဦးလေးဖြစ်သူ၏ ယူနီဖောင်းအား ခိုးယူဝတ် ဆင် လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ကျော်မိုး(ခ)မိုးမိုးအား မတ္တရာရဲစခန်း (ပ)၁၁၃/ ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

အင်းလျားကန်အနီး လူသတ်၍ ပြိုင်ကားဖြင့် ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ'

 
 
အင်းလျားကန်ဘောင်အနီး လူသတ် ၍ ပြိုင်ကားမောင်းပြီး ထွက်ပြေးသွား သူဟု ရဲက သံသယရှိသူမှာ ၄င်းကိုယ် တိုင် လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက် အ ဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူး က ပြောသည်။

မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင်ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦးဆင်းလာကာလဲကျသွား ၍ လုံခြုံရေးတာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ ရဲများက ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

''သတ်ရတဲ့အကြောင်းအရင်းကတော့ သေဆုံးသူက ရင့်ရင့်သီးသီးပြောလို့ တစ်ယောက်တစ်ခွန်း စကားများ ရာကနေ အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တယ်လို့ ထွက်ချက်ရထားတယ်''ဟု စခန်းမှူးက ပြောသည်။
 

Sunday, March 17, 2013

ရခိုင် ပုဏ္ဏားကျွန်းး အခြေခံပညာ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု မြို့နယ် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

 

မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်ကပုဏ္ဏားကျွန်းးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာ သင် ခန်း (၄)ဆောင် မီးလောင်ကျွမ်းမှု အခြေအနေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု များ ပြု လုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေးမှူးရုံး က အတည်ပြုပြောဆိုလိုက်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းအဖြစ် အသုံးပြုနေသည့် အဆိုပါ မီးလောင်ကျွမ်းခဲ့ရသည့် ကိစ္စရပ် အပေါ် ပြည်နယ် ပညာရေးမှူးရုံး ကလည်း သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြောဆိုပြီး ၎င်းစာမေးပွဲခန်းကို အသုံးပြုနေသည့် ကျောင်းသားများ အဆင်ပြေစေရန် အစီအစဉ်ရေးဆွဲ ထားပြီးဖြစ်သည် ဟု ပေါ်ပြူ လာ နယူးစ်သို့ ဆိုသည်။

“ပုဏ္ဏားကျွန်း အထကကျောင်းနဲ့ တစ်ဖာလုံလောက်ပဲဝေးတဲ့ အမကမြို့သစ်ကျောင်းမှာ စာစစ်ဌာနတစ်ခု ဖွင့်ပါမယ်။ စုစုပေါင်း ကျောင်း သားကျောင်းသူ ၁၂၀ ဖြေဆိုကြပါလိမ့်မယ်”ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန် ရှိသူက ပြောသည်။
Popular Myanmar News Journal

Saturday, March 2, 2013

သေဆုံးချိန်အထိ လူသတ်မှု၌ မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကို တခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေ ကိုပြန် သွားပြုစု စောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်း ဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအော င်မြင်ဘဲ မတ်လ ၁ ရက်၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်း များ က ဖော်ပြသည်။

Friday, March 1, 2013

မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းပါ ၃ ဦးအား မတ်လ ၁ ရက်နေ့တွင် ကွပ်မျက်မည်ဟုဆို

၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် မဲခေါင် မြစ်ကြောင်း၌ မူးယစ်ဆေးဝါး များ တင်ဆောင် လာသည့် တရုတ် သင်္ဘော ၂ စီးပေါ်တွင် ပါရှိသော တရုတ် သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းအပါ ၃ ဦးအား မတ်လ ၁ ရက် ( ယနေ့ ) တွင် ဆေးထိုး၍ ကွပ်မျက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ်ရှိ ကူမင်း ပြည်သူ့ တရားရုံး က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြား ခဲ့သည်ဟု သိရသည်။
 

Sunday, February 24, 2013

လုယက်မှု ကျုးလွန်ခံရသူ အင်္ဂလန် သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်


 
ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှု အား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသ ည်။ ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦး လမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။”ဟု ညောင်ဦး ရဲစခန်း စခန်းမှူးက ပြောသည်။ ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နှင့် Mrs.Coytbsarah တို့နှစ်ဦး တို့မှာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 

ရှမ်းပြည်နယ် ကွမ်လုံ စစ်ဆေးရေးဂိတ် တရားမ၀င် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 

ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံ မြို့အထွက် ကွမ်လုံ စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညနေ ပိုင်းတွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ ကွမ်လုံစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း မြင့်ဦး(တောင်ကြီးမြို့နေ သူ) မောင်းနှင်လာသော ယာဉ်အမှတ်၊ ၅ဂ/၅၂၀၁ HONDA.CR.Y ခဲရောင်အား စစ်ဆေးရှာဖွေရာတွင် ယာဉ်မောင်း မြင့်ဦး ခါးကြားမှ ထိုင်းနိုင်ငံထုတ် BROWING အမျိုးအစား ပစ္စတို(၁)လက်နှင့် ၎င်း ကျည်ဆံ(၇)တောင့်၊ အတူပါလာသော မျိုးသန့် (တောင်ကြီးမြို့နေသူ) ၏ ဘေးတံခါးလက်ကိုင်ခွက် အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး (ဖြူးစ်တပ်လျက်) နှင့် ကားဂီယာထိုးတံရှေ့ခွက်အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး(၁)လုံး တို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

ရေနွေးပူလောင်းခံရသသည့် ကရင်မိန်းကလေးနဲ့ အင်တာဗျူး

ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက်ပိုင်း ကန်ဖယ်ဖက်မြို့နယ်မှာ သူ့အလုပ်ရှင် ထိုင်းလင်မ ယား ရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။
 
(ဓာတ်ပုံများ - ဘန်ကောက်ပို့စ် သတင်းစာ - www.bangkokpost.com)
ထိုင်းအလုပ်ရှင်တွေဆီမှာ အသက် ၇ နှစ်အရွယ်ကနေ အလုပ်လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အထိ ပါပဲ တဲ့။ 
ကတ်ကျေးနဲ့ကိုက်၊ ရေနွေးပူနဲ့လောင်းခံရတဲ့ ဒီကလေးကို ကန်ဖယ်ဖက်မြို့နယ်မှာရှိတဲ့ မိခင်နဲ့ ကလေး စောင့်ေ ရှာက်ရေး ဂေဟာမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားပါတယ်။ 
သူရဲ့ ဒဏ်ရာတွေကိုတော့ ထိုင်းအစိုးရက အကုန်ကျခံ ကုသပေးမှာပါ တဲ့။
သူ့ကို နှိပ်စက်တယ် ဆိုတဲ့ အလုပ်ရှင်လင်မယားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ပြီး ဖမ်းခဲ့ ပါသေး တယ်၊ 
ကလေးငယ်ကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပါအ၀င် အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။ 
သူတို့ က နှိပ်စက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။
နောက် ပိုင်းမှာ သူတို့ကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက လွှတ်ပေးခဲ့ပါတယ်။
 

Saturday, February 23, 2013

ပုဂံမှာ နိုင်ငံခြားဧည့်သည်တွေထံက လုယက်သူတွေ ရက်ပိုင်းအတွင်း ဖမ်းမိ

ညောင်ဦးမြို့ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပစ္စည်းတွေကို လုယက်ပြီး ထွက်ပြေးေ နသူ တစ်စုအား ယခုလ ၁၈ ရက်နေ့မှာ ဖမ်းမိပြီး အရေးယူ အမှုဖွင့်ထားတယ်လို့ မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။ ညောင်ဦးမြို့တွင်း စက်ဘီးနဲ့ လည် ပတ်နေ တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ အိတ်တွေနဲ့ ပစ္စည်းတွေကို လုယက်တဲ့ အမှုသုံးခုက ယခုလ ၆ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဂျာမနီနိုင်ငံသူ၊ တရုတ်နိုင်ငံသူနဲ့ အင်္ဂလန်နိုင်ငံသူတွေထံက အသီးသီး လုယူခဲ့ တာ ဖြစ်တယ်။ အဲသည် လုယက်မှု သုံးခုလုံးကို ပြုလုပ်ခဲ့သူတွေက ၁၅ နှစ်အရွယ် နှစ်ဦးနဲ့ ၁၆ နှစ်အရွယ် တစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ညောင်ဦးမြို့ ရွာသစ်ရပ်နေ လူတစ်ဦးက ပန်းသီး အမှတ်တံဆိပ် လက်ကိုင်ဖုန်းကို သူ့ထံလာေ ရာက် ရောင်းချနေကြောင်း အသိပေးရာက လူငယ်သုံးဦးကို ခြေရာခံမိပြီး ညောင်ဦး ရဲစခန်း မှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ နေအိမ်တွေကို ရှာဖွေခဲ့ရာမှာ ကင်မရာ၊ ဖုန်းနဲ့ ဒေါ်လာငွေစက္ကူ တချို့ကို သက်သေခံပစ္စည်းအဖြစ် တွေ့ရှိခဲ့တယ်။ အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာနဲ့ ဟောင်ကောင်ငွေ ၂၀၀ ကိုလည်း မြန်မာငွေနဲ့ လဲလှယ်ပြီး ခွဲဝေသုံးစွဲခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတယ်။ သုံးဦးစလုံးကို ညောင်ဦး ရဲစခန်းက (ပ) ၂၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ နဲ့ အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းထံက သိရပါတယ်။ ယခုလို လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲမှူးစိုးညိမ်းက ‘နိုင်ငံခြားသား မဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေ အနေနဲ့လဲ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို အလည်သွားရင် လူပြတ်တဲ့နေရာတွေကို သတိထားသင့်တယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

Wednesday, February 20, 2013

အဖြစ်များနေသော မုဒိမ်းမှုလျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ


ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွ့မှူးရုံးထံမှ သိရသည်။ အဖြစ်များလာသော မုဒိမ်းမှုများကို လျော့ကျလာစေရန် ရည်ရွယ်ပြီး အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူမှုပြုလုပ်မည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။ 

အထူးစီမံချက်အရ စတင်ပြုလုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲအုပ်တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တစ်ဖွဲ့က လမ်းမတော် ၁၅ လမ်းရှိ ဆေးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့် Roselyn Virginity Top တံဆိပ် လိင်စိတ်ကြွဆေးများကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ 

ကိုယ်တိုင် ဗလီ မဖျက်ရသဖြင့် ကွမ်းယာ ဆိုင် နှင့် ကုန်စုံဆိုင် ဖျက်ဆီးသူ ၁၁ ဦးအား ရဲ မှ ဖမ်းဆီး

 
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန် ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှုကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများ က ပြော ကြသည်။

Tuesday, February 19, 2013

ဖရုံသီး အတွင်း ထည့်သွင်း သယ်ဆောင် လာသော ဘိန်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ


ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက် ၌ ဖေဖော်ဝါရီ ၁၆ ရက်ည ၇ နာရီက ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင် လာသော ဘိန်းစိမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကွတ်ခိုင် ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက် တာမိုးညဲသို့ သွားသည့် ကားလမ်းတွင် ယာဉ်များအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း ထွန်းထွန်းနို င်မောင်းနှင်သည့် ၆ က /------- ပေါ်တွင် လိုက်ပါ လာသည့် ဒေါ်တင်မေ ၄၈ နှစ် (ဘ)ဦးတွမ်အရှမ်း (ခ)အိုက်ကျီ အမှတ်(၃) ရပ်ကွက် ကျောက်မဲ မြို့နေသူ၏ ပလတ်စတစ် ဆွဲခြင်း အတွင်းရှိ ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင်လာသော ဘိန်းစိမ်း တစ်ကီလိုဂရမ် တစ်ထုပ်နှင့် စိတ်ကြွဆေးပြား ၁၉ဝ ပြားစီ ပါသော အထုပ် ၃ဝ(အလေးချိန် ၅၁၃ ဂရမ်) အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူ ဒေါ်တင်မေကို ကွတ်ခိုင် ရဲစခန်းမှ မယ(ပ) ၁၉/၁၃ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

မြန်မာနိုင်ငံသား ကရင် တိုင်းရင်းသူ ကို နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ စုံ စမ်း သိရသည်။ ''ဒီကိစ္စအတွက်ကို အရင်ကတည်း က ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အခု ပြစ်မှုကျူးလွန်တဲ့သူတွေက ထွက် ပြေး သွားပြီ လို့ သိရတယ်။ တရားဝင်စာတော့ မဝင်သေးဘူး။ တရားဝင်စာ ဝင် လာပြီး ဘယ်လို ဆက်လက်ဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ''ဟု အဆို ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြား သည်။

အဆိုပါ ကရင်တိုင်းရင်းသူ မအဲအား နှိပ်စက်ညှင်းပန်းခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ၂ ဦးကို အမှု ၇ မှုဖြင့် တရား စွဲဆိုရန် စီစဉ်ထားသော်လည်း အဆိုပါ ဇနီးမောင်နှံမှာ ဝန်ခံခြင်း မရှိသောကြောင့် အာမခံဖြင့် လွှတ်ပေး ထားရာမှ ယခုအခါ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အစိုးရ မှ ယင်းကဲ့သို့ ဝရမ်းထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါကိစ္စအား ထိုင်း နိုင်ငံရှိ မြန်မာသံရုံးမှ ကိုင်တွယ်ဆောင် ရွက်လျက်ရှိပြီး ထိုင်းအစိုးရမှ ယင်းဖြစ်စဉ် ကို ကိုင်တွယ် ဖြေရှင်းရာ ၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကိုလည်း စောင့် ကြည့်လေ့လာ သွားမည်ဖြစ် ကြောင်း သိရသည်။

www.MyanmarExpress.net

Saturday, February 16, 2013

ကရင် အမျိုးသမီး ငယ်လေးအား ညှဉ်းပန်း နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်းနှံ အား ပြင်းပြင်းထန်ထန် အရေးယူ ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ ထိုင်းလူမျိုးဇနီးမောင်နှံ၏ အိမ်တွင် ခိုင်းစေထားသော အသက်(၁၂)နှစ် အရွယ် ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်လေး တစ်ဦးအား အိမ်ရှင်ဇနီးမောင်နှံသည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ခဲ့ကြောင်း၊ အိမ်ရှင်အလိုက်ကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ် တွင် လှောင် ထားပြီး ရေနွေးပူနှင့် လောင်းခြင်း၊ နားရွက်ဖြတ်ခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း ထိုင်း သတင်းစာများနှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့ တွင် ဖော်ပြပါရှိခဲ့သည်။

အဆိုပါ ကရင်တိုင်းရင်းသူလေး၏ အမည်မှာ မအဲဖြစ်ပြီး မိဘများမှာ လှိုင်းဘွဲ့၊ ကြက်တူရွေးရွာမှ ဦးတင်အောင်နှင့် ဒေါ်မူးအွာသိန်းတို့ဖြစ်ကာ ထိုင်းနိုင်ငံတွင်မွေးဖွား၍ မြန်မာစကား နားမလည်သူ တစ် ဦးဖြစ်သည်။ ယခုအခါ မိဘများနှင့်အတူ ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ မိခင်နှင့် ကလေးစောင့်ေ ရှာ က်ေ ရး ဂေဟာတွင် နေထိုင်လျက်ရှိသည်။

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မ နည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရသည်။

တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှူး ဗင်ကားတွေကြီးဘဲဓါးပြတိုက် ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” ဟု ဓါးပြတိုက်ခံရသူ အားဖှန်ကပြောသည်။

Friday, February 15, 2013

လွိုင်ကော်မြို့တွင် သတ္တမတန်း ကျောင်းသူတဦး ကြိုးဆွဲချ သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ကျောင်းသူတဦး ကျောင်းစာ မလိုက်နိုင်၍ ကြိုးဆွဲချကာ သေဆုံးသော ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နံနက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ မိုင်းလုံးရပ်ကွက်နေ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ သတ္တမတန်းတွင် ပညာသင်ကြားနေသူ မစော(ခ)မသဲ အသက် (၁၈)နှစ် ဖြစ်သည်။

အဆိုပါနေ့နံနက် ၇ နာရီအချိန်ခန့်က သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်နန်းစံသည် နေအိမ်အောက်ရှိ မီးဖိုချောင်၌ ထမင်း၊ ဟင်းချက်ပြုတ်ပြီးနောက် နေအိမ်အပေါ်ထပ်သို့ ဆွမ်းတော်တင်ရန် တက်ရောက် သွားစဉ် သမီးဖြစ်သူ၏ စာကျက်သံမကြားရ၍ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ သမီးဖြစ်သူမှာ နေအိမ် အိပ်ခန်းအတွင်း စာကြည့်စားပွဲဘေး ထုပ်တန်း၌ အဖြူရောင်ချည်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံး နေသည်ကို တွေ့ရသည်ဟုဆိုသည်။

စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ် ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းသည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရသည်။“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်းတော့ မတွေ့ ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလား အလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောသည်။ တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားခဲ့သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၎င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ၎င်း၏ အပေါင်းအပါများဖြစ်ကြသော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး (Intermediate Court) က ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့က  သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုး မှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

Thursday, February 14, 2013

အသတ် ခံရသော ကျားဖြူပါတီ ဥက္ကဌ ၏ တူ အလောင်းအား ပြန်ဖော်စစ်ဆေး

 

စိုင်းလိန်၏ အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း  စုံစမ်း သိရှိ ရသည်။

အလောင်း ဖော်ကြည့်ရာတွင် ၄င်းတို့ ထင်ထားသည်ထက် ဒဏ်ရာများ  ပိုပြင်းထန်နေသည်ကိုတွေ့ ရ ကြောင်း၊ မသေမချင်း ဓါးနှင့် ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက်  တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည် စစ်ဆေးပေးသော ဒေသခံ ဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး  ဆေးသူနာပြု ဆရာမ ၂ ဦးနှင့် ဆေး ရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ရက်လည် ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ  လာရောက်ကူညီခြင်း တောင်းပန်စကား  ပြောကြားခြင်း မရှိကြောင်းဆိုသည်။  

ဆက်သွားချင်သေးတယ် ဆိုရင်