Pages

Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Wednesday, January 15, 2014

သမ္မတ ဦးသိန်းစိန် ကို မဲပေးရန် သီတဂူ ဆရာတော် တိုက်တွန်း

 
 
နိုင်ငံ့ အကျိုး၊ သာသနာ့ အကျိုး သယ်ပိုး ခဲ့သည့် သမ္မတ ဦးသိန်းစိန် ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ထောက်ခံ မဲပေးကြ ရန် သီတဂူ ဆရာတော် ဘဒ္ဒ န္တ ဉာဏိဿရ က အထက် မြန်မာပြည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒ ခံယူပွဲ တွင် တိုက်တွန်း မိန့်ကြား လိုက်သည်။ ဗုဒ္ဓဘာသာဝင် အများစု က ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လာလျှင် အမျိုး ဘာသာ သာသနာ မှေးမှိန်နိုင် စရာ ရှိသည် ဟု ယုံကြည် နေကြ ၍ သမ္မတ ဦးသိန်းစိန် ကို ထောက်ခံ မဲပေးရန် မိန့်ကြားခြင်း ဖြစ်ကြောင်း သီတဂူ ဆရာတော် က ဆို သည်။

Wednesday, April 10, 2013

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ဧပြီ ၉ နံနက် (၇)နာရီက နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်စက်ယိုချောင်း၏ ဆည်ရေသောက်စနစ် စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးနှ င့် ရေ လွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးအားပေးကာ လာမည့် မိုးစပါးရာသီ အချိန်မီ အပြည့်အဝ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရန်အတွက် အကောင်အထည်ဖော် သွားရန်နှင့် ဖောက် လုပ်ထားသည့် ကုန်ထုတ်လမ်းများ၊ ရေမြောင်း စနစ်များကို ရေရှည်ခိုင်ခံ့ကောင်းမွန်ရေး အတွက် ပိုမို တိုး တက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတဆင့် စက်စက်ယိုရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စက်ယန္တရားကြီးများဖြင့် လုပ်ငန်းခွင် တည်ဆောက် အကောင် အထည်ဖော် မှုကို စစ်ဆေးကြည့်ရှု အားပေးရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ဤရေလွှဲဆည် တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ကြီးမားစွာ အထောက်အကူရမည့်အပြင် ယခင်က မိုးစပါးတစ်သီးပင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်း မရှိဘဲ မိုးတွင်းကာလ နှစ်စဉ်ရေကြီးနစ်မြုပ်သော လယ်ယာမြေဧက (၉၀၀)ကျော်အတွက် ရေနုတ်မြောင်း စနစ် များ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ မိုးသီးနှံစပါး များအား အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်သည့်အပြင် ဤရေလွှဲဆည်၏ ရေကူစနစ်ဖြင့် ကြားသီးနှံ၊ သီးထပ်သီးညှပ်များကိုလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ေ တာ့မည် ဖြစ်၍ တောင်သူ လယ်သမားများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက လုပ်ငန်းတာဝန် ထမ်းဆောင်နေသော ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ် ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်းများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုေ ပးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လုပ်ငန်းခွင်သို့ ပါဝင်တက်ရောက် လေ့လာကြသည့် Japan International Cooperation Agency (JICA) မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင် ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားရာ၌ မြန်မာနိုင်ငံ၏ မြေသယံ ဇာတ၊ ရေသ ယံဇာတ ပေါကြွယ်ဝမှုနှင့် အလွန်ဝီရိယကောင်းစွာဖြင့် အလုပ်ကြိုးစား လုပ်ကိုင်ကြေ သာ တောင် သူလယ်သမားများ၏ စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများကို ဂျပန်နိုင်ငံကဲ့သို့ ခိုင်မာသော ဈေးကွက်နေရာ ရရှိရေး Japan International Cooperation Agency(JICA) အနေဖြင့် ကူညီပေးစေလိုကြောင်း။

ယခုစိုက်ပျိုးရာသီ ထွက်ရှိလာသည့် စိန်တလုံးသရက်သီးနှင့် နဂါးမောက်သီးနှံများကို နိုင်ငံတကာစံချိန်၊ စံညွှန်းပြည့်မီစွာဖြင့် ဂျပန်နိုင်ငံဈေးကွက်သို့ နမူနာအဖြစ် မိတ်ဆက်တင်ပို့နိုင်ရေး အတွက် ဂျပန်အစိုးရ အဖွဲ့ဝင်များထံသို့ လက်ဆောင်အဖြစ် ပေးအပ်မည်ကို JICA မှ စနစ်တကျ ပို့ဆောင်ပေးစေလိုကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးကောင်းသော လယ်ယာကဏ္ဍ ထွက်ကုန်များကို ဂျပန်နိုင် ငံ ဈေးကွက်သို့  မိတ်ဆက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး အတွက် ဆောင် ရွက်နေမှုအပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ အတွက် လတ်တလော လိုအပ်ချက်ဖြစ်နေသော အသေးစားငွေချေး လုပ်ငန်းများကိုလည်းကောင်း ထိထိရောက်ေ ရာက် ပါဝင်ကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အစိုးရအချင်းချင်းရင်းနှီးမှု အဆင့်မှ ပြည်သူလူထုအချင်းချင်း ရေရှည် ချစ်ကြည်ရင်းနှီးမှု အဆင့်အထိ ခိုင်မာအောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA အကြား နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ အနေဖြင့် ထောက်ခံအကူအညီ ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှု လယ်ယာမြေစနစ် စိုက်ကွင်းများ ဖော်ထုတ်နေမှုနှင့် ငလိုက်ဆည် ရေသောက်စနစ် စိုက်ကွင်းများအ တွင်းရှိ အောင်မြင် ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်ခင်းများ၊ စိမ်းစိုဖြစ်ထွန်းနေသော လယ်ယာမြေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ  ၉ နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည် ဖော်ဆောင်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူများအား မိုးမကျမီ နေရာချထားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းပမာဏများပြားသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို အမြန်လုပ်ဆောင်ရန် လိုအပ်မှု၊ ဒုက္ခသည်တစ်သိန်းကျော်၏ စားသောက်ရေးအတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ မိုးမကျမီ အဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် လိုအပ်မှု၊ အဆောက်အအုံ ဆောက်လုပ်မည့် နေရာများအား ဒေသခံများ၊ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ရွေးချယ် နေရာချထားရန် လိုအပ်မှု၊ နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်ရှုပြီး အေးချမ်းတည်ငြိမ် စွာ နေထိုင် သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဒုက္ခသည် များ၏ စားရေး၊ နေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရုံမျှမက ၎င်းတို့၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လုပ်ကိုင် နိုင်အောင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများသည် လယ်ယာ လုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းတို့ကိုသာ အဓိက လုပ်ကိုင်ကြရာ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ ပြန်လည် လုပ်ကိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများ၊ စက်သုံးဆီများ၊ မျိုးစပါးများနှင့် ဓာတ်မြေသြဇာစသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်လှေ၊ ငါးဖမ်းပိုက် စသည်တို့ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော် မဖြေရှင်းမဆောင်ရွက်နိုင်လျှင် ပြဿနာပိုမို ကြီးထွားလာနိုင်သည့် အတွက် မဖြစ်မေ န ဖြေရှင်းဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းေ ဆာင် ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျစီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးရန်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းမှု ရရှိလာသည်နှင့်အမျှ နောင်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အားကို လျှော့ချသွားရမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်၍ အကူအညီ များ ပေးအပ်ခဲ့သည့် ကုသမဂ္ဂအဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊

ဒုက္ခသည်များအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိရာတွင် လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ လုပ်ငန်းများ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ဒုက္ခသည်များ အတွက် လူနေအိမ်များကို (၃) လအတွင်း အပြီး ဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်း လင်း တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုက္ခသည်များအား နေရာချထားပေးမှု၊ အဆောက်အအုံများ ဆောက်လုပ်နေရာ ချထားပေးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် စုစုစည်းစည်း ညီညီညွတ် ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စားရေးနှင့် နေရေးကဏ္ဍများ ဆောင်ရွက်ပေး သည့်နည်း တူ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင် ရွက်ပေး သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ရပ်နား လိုက်သည်။

မြန်မာစစ်သား ၁၃ ဦး ပစ်ခတ်မှုကြောင့် သေဆုံးသည့်သတင်း နားလည်မှုလွဲစွာ မှားယွင်းရေးသားကြခြင်းဖြစ်

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းခရိုင်တွင် လက်နက်ကိုင် အချို့နှင့် မြန်မာအစိုးရ တပ်မတော်သားများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်သား ၁၃ ဦး သေဆုံးခဲ့သည်ဟူသော သတင်းမှာ မှားယွင်းနေပြီး မြန်မာ တပ်မတော်သား ၁၃ ဦးမှာ ကင်းလှည့်နေစဉ် တောတွင်း၌ လမ်းပျောက် သွား ချိန်နှင့် တောမီးလောင်ကျွမ်းစဉ် ကာလ တိုက်ဆိုင်ခဲ့၍ ဝါးလုံးများ ပေါက်ကွဲသံကို သေနတ် ပစ်ခတ်သံကဲ့သို့ ဆက်သွယ်ရေးစက်၌ ကြားခဲ့ကြရပြီး သေဆုံးသကဲ့သို့ ထင်ရောင်ထင်မှား ဖြစ် ခဲ့ ရခြင်း ဖြစ် သည်ဟု နှစ်နိုင်ငံမှ အစိုးရ အာဏာပိုင်များက တရားဝင် ပြောကြား လိုက်ကြောင်း ၈-၄-၂၀၁၃ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Surapong Tovichakchaikul ကလည်း နှစ် ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်း မဟုတ်ကြောင်း ဧပြီလ ၆ ရက်က ထုတ်ဖော်ပြော ကြား လိုက်ပြီး မြန် မာအာဏာပိုင်များ ဘက်က လည်း ၄-၄-၂၀၁၃ ရက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည်ဟု သတင်းရထားပြီး မိမိတို့ တပ်မတော်သားများ ထိခိုက်မှု မရှိကြောင်း ၇-၄-၂၀၁၃ ရက်က နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

“ကော့သောင်းဒေသ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်သားများ ကျဆုံးသော သတင်းမှာ မှန်ကန်မှု မရှိပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်မှာ တစ်ဆင့် မေးမြန်းထားမှုများကို ဖြေကြားသည်။ ထိုင်းနိုင်ငံမှ အင်အားကြီး မီဒီယာ နှစ်ခုဖြစ်သော The Nation, Bangkok Post တို့ကလည်း မှားယွင်းသော သတင်းထုတ်ပြန် မှု ဖြစ်ကြောင်း ၎င်းတို့၏ ဧပြီ ၄ ရက်က ထုတ်ပြန်သော သတင်းအပေါ် ပြန်လည်ရေး သား ဖော်ပြထားပြီး ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြခဲ့ကြမှုကြောင့် ပြည်တွင်း၌ လှုပ်ခတ်သွားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့ရသည်။ “အခု ထိုင်း၊ မြန်မာနယ်စပ် အခြေအနေက ပုံမှန်အခြေအနေကို ရောက်ပြီးလို့ တည်ငြိမ်နေပါပြီ” ဟု ထိုင်းတပ်မတော်မှ ဒုတိယအဆင့် ပြောရေးဆိုခွင့်ရှိသူ Winthai Suwaree က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ဧပြီ ၆ ရက်ကလည်း ယင်းသတင်းများ မဟုတ်မှန်ကြောင်း သတင်းမှားသာ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှားစွာ ဖော်ပြ ခဲ့ကြခြင်း ဖြ စ်ေ ကြာင်း ထုတ်ဖော် ပြောကြားထားသည်ဟု သိရကာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင်လည်း အလားတူ ဖော်ပြထားသည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

အာဆီယံမှာ ဆင်းကတ်ဈေး အသင့်တော်ဆုံး ဖြစ်လာတဲ့ မြန်မာနိုင်ငံ

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဆင်းကတ်ဈေးနှုန်း အသင့်တော်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာတယ်လို့ သိရပါတယ်။ Yangon Heartz Media မှ ကိုဇော်ဇော်မျိုးလွင်က “ငွေဖြည့်ကတ်ရဲ့ ကန့်သတ်ချက်က အာဆီယံမှာ ဈေးအချိုဆုံးပဲ၊ ဆင်းကတ်ဈေးနှုန်းကလဲ အာဆီယံမှာ ဈေးအသက်သာ ဆုံး ပြောလို့ရတယ်” လို့ ပြောပါတယ်။

“အာဆီယံမှာ အလကားပေးတယ် ဆိုတာက permanent ပေးထားတာ မဟုတ်ဘူး။ တစ်လ နှစ်လပဲ ပေးတာ၊ ဆိုလိုတာက နံပါတ်က ပုံသေမရဘူး။ ပြီးတော့ ကန့်သတ်ချက်တွေလဲ ရှိသေးတယ်” လို့ ကိုဇော်ဇော်မျိုးလွင်က ဆိုပါတယ်။ T-Bit Solution မှ ကိုသက်အောင်မင်းလတ်က “ငွေဖြည့်ကတ် ကန့်သတ်မှုကတော့ ဂျပန်တွေ၊ ကိုရီးယားတွေထက်တောင် သက်သာတယ်။ အာဆီယံမှာလဲ သက်သာတယ်။ အခုတောင် ဒီလောက်အထိ ဈေးသတ်မှတ်ထားနိုင်ပြီဆိုရင် နောက် ပိုင်း အော်ပရေ တာတွေ ပေါ်လာပြီး တိုင်တွေလဲ တစ်ဆင့်ပြီးတစ်ဆင့် အပြည့်အဝ ဖြစ်လာရင်တော့ ဒီထက်ပို အဆင်ပြေလာဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။ နောက်လာမယ့် အော်ပရေတာတွေက အခုလက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ထိန်းပြီး ဆက်လုပ်သွားနိုင်ဖို့ကတော့ ဆက်သွယ်ရေးရဲ့ frame work ထိန်းချုပ်မှုနဲ့ပဲ ဆိုင်တယ်။ ပြိုင်ဆိုင်တယ်ဆိုတဲ့ နေရာမှာ ဈေးနှုန်းရော၊ ဝန်ဆောင်မှုပိုင်းပါ ပါတယ်လို့ ကိုသက်အောင်မင်း လတ်က ဆိုပါတယ်။

နိုင်ငံတကာမှာတော့ ဝန်ဆောင်မှုပိုင်းကို အဓိက ပြိုင်ဆိုင်ကြပြီး ပြည်တွင်းမှာ အော်ပရေ တာတွေ ပေါ် လာရင်တော့ MMS နဲ့ Video Call စနစ်တွေ ရရှိလာနိုင်မယ်လို့ အိုင်တီပညာရှင်တွေက ခန့်မှန်းကြပါတယ်။ Yangon Heratz Media မှ ကိုဇော်ဇော်မျိုးလွင်က “အမေရိကဘက်က ကုမ္ပဏီတွေ ရမယ်လို့လဲ ကြားတယ်၊ အဓိကက အော်ပရေတာကို ပြည်တွင်းပဲ ပေးပေး၊ ပြည်ပပေးပေး လူထုအတွက် ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ပဲ လိုတယ်။ ပြောခတွေကို အချိန်ပိုင်းနဲ့ လျှော့တာ၊ family tree ပုံစံ ဆွေမျိုးချင်းပြောရင် လျှော့ပေးတာ၊ ပလန်တွေကတော့ မျိုးစုံပဲ” လို့ ပြောပါတယ်။ အခုလက်ရှိ နိုင်ငံတော်ရဲ့ ဆင်းကတ်ချပေးမယ့် ပလန်က ကောင်းပါတယ်။ ဆိုင်တွေက ဝယ်မအောင်း ရဲတော့ဘူးပေါ့။ သူတို့ ငွေဖြည့်ထားလည်း သုံးနေရမှာလေ။ ကတ်တွေ ပိတ်ခံရမယ်ဆိုတာက ရှိသေးတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုတော့ မြို့နယ်ရုံးတို့ ဘာတို့မှာ ရောင်းမယ်ထင်တယ်လို့ ကိုဇော်ဇော်မျိုးလွင် က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန် လျှော့ချပေးမည်ဟု သမ္မတကြီး ပြောကြား

မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်းများကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ချပေးမှုများ ပြုလုပ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေကို ပြင်ပဈေးကွက် မှာ ဈေးမ ကစားနိုင်ဖို့အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။

ဆင်းကတ်များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာ တွင် ဈေးမက စားနိုင်အောင် အခွန်လျှော့ချပေးတဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေတဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတ က ပြော ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ ချနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်းများကို ဈေးပေါပေါဖြင့် လူအများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော်ကနေ အခွန်လျှော့ပေးရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ လက်ရှိက အိုင်တီပစ္စည်းတိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ ချပေးနိုင်ရင် ဈေးသက်သာမှု ရှိလာမှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေ ကို ဈေးနည်းနည်းနဲ့ များများအသုံးပြုနိုင်ရမှာပါ။

ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီးအကဲနဲ့ တွေ့တိုင်းလည်း ပြောနေပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Tuesday, April 9, 2013

နိုင်ငံတော် သမ္မတမှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတော်ဆုံး အကောင်းဆုံး လူငယ် များကို နိုင်ငံခြား တွင် အဆင့်မြင့် ပညာ သင်ကြား နိုင်အောင် စီစဉ်သွားမည်


တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လူငယ် ပညာတတ်များနှင့် လူကောင်း လူတော်များ အပြိုင် အဆိုင် မွေးမြူ အတော်ဆုံး အကောင်းဆုံး လူငယ်များကို နိုင်ငံခြားတွင် အဆင့်မြင့် ပညာ သင်ကြား နိုင်အောင် စီစဉ်သွားမည်
 
နေပြည်တော် ဧပြီ ၈

''ကျောင်းသား ဘဝကတည်းက ဒီမိုကရေစီ အလေ့အကျင့် ကောင်းများကို သင်ကြားရမည်၊ လေ့လာမှတ်သားပြီး လက်တွေ့ကျင့်ကြံ အားထုတ်ပြုလုပ်ရမည်၊ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန် ယူမှုများ နှင့်အတူ ဒီမိုကရေစီ၏ တန်ဖိုးကို သိရှိ နားလည်ပြီး အများကို မထိ ခိုက်စေသည့်  လွတ်လပ်မှုကို ကျောင်းသားဘဝ ကပင် ရယူတတ်သည့် အလေ့အကျင့် ရအောင် ကြိုးစား ကြရ မည် ဖြစ်ကြောင်း''ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၌ ကျင်းပသည့် ဘက်စုံ ပညာထူးချွန် လူငယ်များနှင့် ကင်းထောက် လူငယ်များအား တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား၌ နိုင်ငံတော် သမ္မတက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊  ဒုတိယ ဝန်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘက်စုံ ပညာထူးချွန် လူငယ် မောင်မယ်များနှင့် ကင်းထောက် လူငယ်များ တက်ရောက် ခဲ့ကြ သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် ယနေ့ ပြုလုပ်သည့် အခမ်းအနားသည် ဘက်စုံ လူငယ်ထူးချွန် မောင်မယ်များနှင့် ကင်းထောက် လူငယ်များကို ကြိုဆို ဂုဏ်ပြုသော အခမ်းအနား ဖြစ်ပါကြောင်း၊ အခမ်းအနား ကို မိမိ အပါအဝင် အစိုးရအဖွဲ့မှ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် တက်ရောက်အားပေး ဂုဏ်ပြုကြသည့် အတွက် မောင်တို့မယ်တို့ အတွက် ထူးခြားသော နေ့တစ်နေ့၊ မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများနှင့် အတူ မောင်တို့မယ်တို့ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ ဦးစွာ ပထမ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါကြောင်း၊ ယနေ့ အခမ်းအနားကို တက်ရောက်လာကြသော ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အနက် အချို့သည် တစ်ချိန်က မောင်တို့မယ် တို့လိုပဲ ဘက်စုံ ထူးချွန် ခဲ့ကြသူများ၊ လူရည်ချွန်ဆုကို အကြိမ်ကြိမ် ဆွတ်ခူးရရှိ ခဲ့ကြသူများ အချို့ ပါဝင်ကြ ပါကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် တစ်ချိန်က မောင်တို့ မယ်တို့လိုပဲ ကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်ခဲ့ကြပြီး ယခုအချိန်တွင်  နိုင်ငံ့ တာဝန်တွေကို ကျရာအခန်း ကဏ္ဍက ပါဝင် ထမ်းဆောင် နေကြသော နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်နေကြပြီ ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်၊ ဦးဆောင် နိုင်ငံဖြစ်ရန် နိုင်ငံများက လေးစားရသော ဂုဏ်သိက္ခာ ရှိသော နိုင်ငံဖြစ်ရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ နည်းပညာ ဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေး ကဏ္ဍတွေမှာ အပြိုင်အဆိုင် ကြိုးစားနေ ကြသည့် အချိန်ဖြစ် ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲ နိုင်ငံအချို့နှင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ သည် သူတို့၏ နိုင်ငံ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် မျိုးဆက်သစ် လူတော် လူကောင်း လူငယ်များကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးမြူပြီး နိုင်ငံ တာဝန်တွေကို  ပခုံး လွှဲပြောင်း တာဝန်ယူ ဆောင်ရွက်သွား စေသည့်အတွက် သူတို့ နိုင်ငံများသည်  စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် နေသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း၊ ယနေ့ ထိပ်တန်းရောက် နေသော မိမိတို့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံသည် မကြာခင် ကာလကပင် သူတို့၏ ပဉ္စမ မျိုးဆက် ခေါင်းဆောင်များကို ပခုံး လွှဲပြောင်းပေးပြီး သူတို့နိုင်ငံကို ယခုအခါ စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်အောင် စတင်ထူထောင် နေကြပြီဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည်  တစ်ချိန် မှာ ကိုယ့်နိုင်ငံ၏ တာဝန်တွေကို ပခုံးလွှဲပြောင်း တာဝန် ယူကြရမည့် မျိုးဆက်သစ် များဖြစ် ကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံအနာဂတ်သည်  မောင်တို့ မယ်တို့၏ လက်ထဲမှာ ရှိနေကြောင်း၊ နိုင်ငံ၏ အနာဂတ်ကောင်းကျိုး ဆိုးကျိုးသည်လည်း မောင်တို့မယ် တို့၏ အရည်အချင်း ပေါ်တွင် မူတည်နေကြောင်း၊ အရည်အချင်း ဆိုရာတွင် ကျောင်းစာ တစ်ခုထဲ တော်နေ တတ်နေ ရုံနှင့် မပြီးကြောင်း၊ ကိုယ်သင်ယူသည့် အတတ်ပညာကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် တတ်ရမည်။ စည်းကမ်းရှိရမည်။ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ ကောင်းရမည်။ အများအကျိုးကို သယ်ပိုး ဆောင်ရွက်လိုသော စိတ်ဆန္ဒရှိရမည်။ မြင့်မြတ်သော စိတ်ထား မွေးမြူပြီး တိုင်းပြည်နှင့် လူမျိုးကိုချစ်သော တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှိဖို့ လိုကြောင်း၊ ဘက်စုံထူးချွန် မောင်မယ်များ ပီပီ ဘက်စုံတော်အောင်၊ ကောင်းအောင် ကြိုးစား ကြရမည်။ သို့မှသာ မိမိတို့ နိုင်ငံ၏ အနာဂတ် အတွက် စိတ်ချရသော မျိုးဆက်သစ်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ အစိုးရသစ် လက်ထက်တွင် အဋ္ဌမ တန်းကနေပြီး ဒသမတန်းအထိ ဘက်စုံပညာ ထူးချွန်လူငယ် စုစုပေါင်း ၅၁ဝဦး စတင် ရွေးချယ် နိုင်ခဲ့ကြောင်း၊ တက္ကသိုလ် အသီးသီး မှာရှိသော ထူးချွန်သည့် လူငယ် မောင်မယ် များကိုလည်း ရွေးချယ်သွားရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဲဒီ အထဲကမှ အတော်ဆုံး၊ အကောင်းဆုံး လူငယ်များကို နိုင်ငံခြားတွင် အဆင့်မြင့် ပညာများ သင်ကြား နိုင်အောင် စီစဉ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားက နာမည်ကြီး တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး ပညာသင်ကြားခွင့် ရရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းမှာလည်း   အဆင့်မြင့် တက္ကသိုလ် ပညာရပ်များ သင်ကြားနိုင်အောင် အမေရိကန် နိုင်ငံက ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ဂျပန်နိုင်ငံက နာဂိုယာ တက္ကသိုလ်၊ သြစတြေးလျ နိုင်ငံက အမျိုးသား တက္ကသိုလ် စသည့် တက္ကသိုလ် များနှင့် ဒီကနေ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် အတွက် မိမိတို့နိုင်ငံမှာ ရေခံမြေခံ ကောင်းများရှိပြီး ဖြစ်ကြောင်း၊ ရေနံ၊သဘာဝ ဓာတ်ငွေ့၊ သစ်တော၊ သားငါး၊ သတ္တုစသည့် သဘာဝ အရင်းအမြစ်များ ရှိကြောင်း၊ စားရေ ရိက္ခာ အတွက် စိုက်ပျိုး ထုတ်လုပ်နိုင်သော လယ်ယာမြေများ ရှိကြောင်း၊ သင့်တင့် မျှတသော ရာသီဥတု ရှိကြောင်း၊ ပတ်ဝန်းကျင်မှာ လူဦးရေ များပြားပြီး ကြီးမားသော   ဈေးကွက်ကြီး များရှိကြောင်း၊ မိမိတို့ လိုအပ်နေသည့် အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်းရည် အရင်းအမြစ်များ လိုအပ်နေကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဒို့မျှော်မှန်းသလို ဝင်ရောက် လာရင် အရင်းအနှီးတွေ ရလာမည်၊ နည်းပညာ ရလာမည်၊  လူသားစွမ်းရည် အရင်းအမြစ် ဖြစ်သည့် မောင်တို့မယ် တို့ကဲ့သို့ ဘက်စုံပညာ ထူးချွန်သော လူငယ်များ အများကြီးမွေး ရမည်၊ ဘယ်က မွေးပေးမလဲ ဆိုရင် မိမိတို့၏ ပညာရေးက မွေးပေးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပညာရေးကို တကယ် တတ်ကျွမ်းပြီး နည်းနည်း လေ့ ကျင့် ပေးရုံနှင့် လုပ်ငန်း ခွင်ကို တန်းဝင်လို့ ရနိုင်သည့် ပညာရေးဖြစ်အောင် အဆင့်မြှင့်တင် ရမည်ဖြစ်ကြောင်း၊ နောက် တစ်ခုက  ကင်းထောက် လူငယ်များ ဖြစ်ကြောင်း၊ ယနေ့ဆိုရင် အလယ်တန်း အဆင့်ကျောင်း ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝကို ကင်းထောက်လူငယ် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတကာက ကင်းထောက် လူငယ်များနှင့် တန်းတူရည်တူ လိုက်နိုင်ရန် မိမိတို့ လေ့ကျင့် သွား မည်ဖြစ် ကြောင်း၊ ကင်းထောက် လူငယ်များသည် မောင်တို့မယ်တို့ ပြီးလျှင် နိုင်ငံအတွက် ဒုတိယ မျိုးဆက်သစ်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုကတည်းက စိတ်ဓာတ် ခိုင်မာအောင်၊  ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းအောင်၊ အခက်အခဲ တွေကို ကျော်လွှားနိုင်အောင်၊ လူမှုဝန်ထမ်း စိတ်ဓာတ်၊ အများအကျိုး သယ်ပိုး ဆောင်ရွက်လိုသော စိတ်ဓာတ်၊ စည်းလုံး ညီညွတ်စွာ နေထိုင် တတ်သော စိတ်ဓာတ်များကို ငယ်စဉ် ကတည်းက လေ့ကျင့် မွေးမြူပေး သွားရန် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ အပါအဝင် ယခု လူငယ်တွေဟာ တစ်ချိန်တွင် အရည်အချင်း ပြည့်ဝသော နိုင်ငံခေါင်းဆောင် များ ဖြစ်လာရန် ရည်မှန်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊  မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ကြောင်း၊ သက်တမ်း နုနယ် သေးသည့် အတွက် မိမိတို့ နိုင်ငံမှာ ဒီမိုကရေစီ အတွေ့အကြုံနှင့် ဒီမိုကရေစီ အလေ့အကျင့် နည်းသေးကြောင်း၊ နိုင်ငံတိုင်းမှာ တရားဥပဒေ ဆိုတာ ရှိကြောင်း၊ နိုင်ငံသား တိုင်းသည်  တရား ဥပဒေကို လေးစားရကြောင်း၊ လိုက်နာ ရကြောင်း၊ တရား ဥပဒေကို မျက်ကွယ်ပြုပြီး လူ အုပ်စုဖွဲ့ကာ အနိုင်အထက် ပြုကျင့်မှုများသည် အကြမ်းဖက် ရမ်းကားမှု တွေသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ မဆန်သော ပြုကျင့်မှုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့ မယ်တို့သည် ကျောင်းသားဘဝ ကတည်းက ဒီမိုကရေစီ အလေ့အကျင့် ကောင်းတွေကို သင်ကြားရမည်။ လေ့လာ မှတ်သားပြီး လက်တွေ့ ကျင့်ကြံအားထုတ် ပြုလုပ်ရမည်။

ကျောင်းများတွင် ကျောင်းကောင်စီများ ဖွဲ့စည်းထားကြောင်း၊ ကျောင်းကောင်စီ များက တစ် ဆင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု များနှင့်အတူ ဒီမိုကရေစီ၏ တန်ဖိုးကို သိရှိ နားလည်ပြီး အများကို မထိခိုက်စေသော လွတ်လပ်မှုကို ကျောင်းသား ဘဝကတည်းက ရယူ တတ်သည့် အလေ့အကျင့် ရအောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် မောင် တို့မယ် တို့သည် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များ ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ် ကောင်းကျိုး ဆိုးကျိုးများသည် မောင်တို့မယ်တို့ အပေါ်တွင် အများကြီး မူတည် နေကြောင်း၊ ယနေ့ နိုင်ငံတိုင်းသည် ကိုယ့်တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် အတွက် လူငယ်ပညာတတ်များ၊ လူငယ်လူကောင်း လူတော်များကို အပြိုင်အဆိုင် မွေးမြူ နေကြကြောင်း၊ မောင်တို့မယ်တို့အား လူကောင်း လူတော်တွေ ဖြစ်အောင် ပြုစုပျိုးထောင် ပေးနေ ခြင်းသည် တိုင်းပြည်အတွက် ဖြစ်သည်ဆိုသည်ကို သဘောပေါက် နားလည်ခံယူပြီး တော်သည်ထက် ပိုတော်အောင်၊ ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေးက ယခု ၂ဝ၁၃ ခုနှစ်တွင် ဘက်စုံပညာ ထူးချွန် လူငယ်များနှင့် ကင်းထောက်လူ ငယ်များ ရွေးချယ် ဂုဏ်ပြုခဲ့မှု နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပုဂံ အပန်းဖြေစခန်း၊ အင်းလေး အပန်းဖြေ စခန်းနှင့် ငွေဆောင် အပန်းဖြေ စခန်း တို့မှ ဘက်စုံပညာ ထူးချွန် လူငယ်များက တေးသီချင်းဖြင့် ကပြ ဖျော်ဖြေခြင်း၊ နေပြည်တော် ပျဉ်းမနား အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးက ''ဇော်က'' အကဖြင့် ကပြ ဖျော်ဖြေခြင်း၊ ကင်းထောက် လူငယ်များက တစ်ခန်းရပ် ပြဇာတ်များဖြင့် ဖျော်ဖြေခြင်း၊ နေပြည်တော် ပျဉ်းမနား အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသူ လေးများက ''အက''ဖြင့် ကပြ ဖျော်ဖြေခြင်း စသည်ဖြင့် တင်ဆက် ဖျော်ဖြေ ကြသည်။

ထို့နောက် နိုင်ငံတာ် သမ္မတထံ အပန်းဖြေစခန်း အလိုက် ဘက်စုံပညာ ထူးချွန် လူငယ်များနှင့် ကင်းထောက် လူငယ်များက အမှတ်တရ လက်ဆောင်များကို ဂါရဝပြု ပေးအပ်ကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတသည် ဘက်စုံပညာ ထူးချွန်လူငယ်များနှင့် ကင်းထောက် လူငယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဂုဏ်ပြု ညစာဖြင့်  တည်ခင်း ဧည့်ခံခဲ့သည်။


ဘက်စုံပညာ ထူးချွန်လူငယ်များ ရွေးချယ်ရသည့် ရည်ရွယ်ချက်များမှာ ဥာဏ်ပညာ ထူးချွန်ပြီး ကျန်းမာ သန်စွမ်း၍ စာရိတ္တ ကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်း လာစေရန်၊ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမို စိတ်ဝင်စားလာပြီး နိုင်ငံ့ အကျိုးပြု လုပ်ငန်း များကို ဆောင်ရွက် နိုင်စေရန်၊ မှန်ကန်သော အကျိုးပြု ယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာ အရည် အသွေးများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အများနှင့် စုပေါင်း နေထိုင်တတ်သော   အလေ့ အကျင့်ကောင်းများ ဖြစ်ထွန်း လာစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူ များ၏ စံပြနမူနာ လူငယ်များ ပေါ်ထွန်း လာစေရန်တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ကင်းထောက် လူငယ်များ ရွေးချယ်ရသည့် ရည်ရွယ်ချက် များမှာ ကင်းထောက် လူငယ်အဖွဲ့သည် နိုင်ငံရေးမစွက်၊ လူမှုဝန်ထမ်း သက်သက်မျှသာ ဖြစ်လာ စေရေးကို ဦးတည် လေ့ ကျင့်ပေးရန်၊ လူငယ်တို့ကို တာဝန်သိသော နိုင်ငံ့သားကောင်း ဖြစ်စေရန်၊ ကိုယ်ကျင့် တရားနှင့်  စာရိတ္တကောင်းမွန်စေရန်၊ မိမိကိုယ်ကို  အားကိုးတတ်စေရန်၊ အမိန့်နာခံ တတ်ရန်နှင့် သတင်းအမှန် ရရှိရေး ကြည့်ရှုလေ့လာ စူးစမ်း တတ်စေရန်၊ လူသား အချင်းချင်း ချစ်ခင်မြတ်နိုးပြီး သစ္စာ စောင့်သိကာ အများအကျိုး ဆောင်ရွက်တတ်သည့် နိုင်ငံ့သား ကောင်းဖြစ် လာစေရန်၊ တာဝန်သိမှုနှင့် လွတ် လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ပြီး လူသား ပီသသော လူအဖြစ် မိမိကိုယ်ကို လေ့ကျင့် ဖော်ဆောင် နိုင်စွမ်းရှိစေရန် တို့ဖြစ်ကြောင်း သိရှိ ရသည်။

ယခုအစိုးရ သစ်လက်ထက်တွင် နိုင်ငံ့သားကောင်း အခြေခံ ကောင်းများကို ပုံသွင်း လေ့ကျင့် ပေးနိုင်ရန် အတွက် အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်းတို့မှ ဘက်စုံပညာ ထူးချွန်လူငယ် ၁၇ဝ စီဖြင့် စုစုပေါင်း ၅၁ဝကို ရွေးချယ်ခဲ့ကြောင်း၊ အလားတူ  ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝအား ကင်းထောက် လူငယ်များအဖြစ် ဖွဲ့စည်းကာ ကင်းစိတ် ခေါင်းဆောင်နှင့် ဒုတိယ ကင်း စိတ် ခေါင်းဆောင် လူငယ်မောင်မယ် ၄၈ဝ တို့ကို နေပြည်တော် စုပေါင်းစခန်းတွင် လေ့ကျင့် ပေးနေကြောင်း၊ ယနေ့တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် အဆိုပါ ဘက်စုံ ပညာ ထူးချွန် လူငယ် ၅၁ဝနှင့် စခန်းသွင်း လေ့ကျင့် ပေးနေသည့် ကင်းထောက် လူငယ် ၄၈ဝ စုစု ပေါင်း လူငယ် ၉၉ဝ တို့အား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ် ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်က  ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့ က ပြု လုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြော ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိ  ရ သည်။ 
 
တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း သတင်းများ ထွက်ပေါ်နေ မှုကိုလည်း ငြင်းဆိုခဲ့သည်။ "တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ တရုတ်ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ် ထွန်းစေ ရုံ သာမက မြန်မာနိုင်ငံသားများ အတွက်လည်း အကူအညီများစွာ ဖြစ်စေပါတယ်" ဟု သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။ 
 
အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ စီးဝင်နေသော်လည်း မြန်မာနိုင်ငံတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ဥပဒေကြောင်း  အ ရ ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြီးဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါသည်။
 
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အားလုံးတွင် တရုတ်နိုင်ငံက ၃၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်နေပြီး မြန်မာ၏ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ၄၅ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ သတ္တုတွင်း ကဏ္ဍတွင် ၆၀ ရာခိုင်နှုန်း အသီးသီး ပါဝင်လုပ်ကိုင်လျက် ရှိသည်။ မြန်မာ၏ အဓိကဦးစားပေး လုပ်ငန်းများတွင် သီးနှံအထွက်တိုးရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးတို့ ဖြစ်သောကြောင့် အဆိုပါ လုပ်ငန်းများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။
 
 မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ဖြစ်ပွားရခြင်း အကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ ယခင်ပိတ်ဆို့ အရေးယူမှုများသည်လည်း ပါဝင်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ထောက်ပြပြော ဆိုခဲ့သည်။ မြန်မာနှင့် တရုတ်တို့သည် ရှေးယခင်ကပင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ အနောက်နိုင်ငံများ၏ နှစ်ပေါင်း ၂၀ ခန့် ပိတ်ဆို့မှု ခံခဲ့ရသည့် ကာလအတွင်း မြန်မာသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ ရရှိခဲ့ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံ အနေဖြင့် မြန် မာကို ကူညီခဲ့သည့်အတွက် အစိုးရနှင့် ပြည်သူများက ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။
 
 မြန်မာနိုင်ငံတွင် တရုတ်လူမျိုးများစွာ နေထိုင်သော်လည်း မိမိတို့အချင်းချင်း ပြဿနာမဖြစ်ဘဲ မိသားစုတစ် စုအဖြစ် နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန် လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း 
 
"နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို လျစ်လျူပြုပြီး
ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း၊ တရားဥပဒေမဲ့ပြုခြင်းများကြောင့်
မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက
လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း"
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဧပြီ ၆ နံနက် (၉)နာရီတွင် လွှတ်တော်သို့ လာရောက်ေ လ့ လာသည့် ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေး အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ သဘင်ဆောင်၌တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် လွှတ်တော်ကို လာရောက်ေ လ့ လာ ကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူများနှင့် လေ့လာကြသူ မောင်မယ် အပေါင်းတို့ကို လွှတ်တော်က ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် လွှတ်တော်ကို အလေးထား လေ့လာကြသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယနေ့အချိန်အခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကို တည်ဆောက်လျှက်ရှိကြောင်း။

ရွေးကောက်ပွဲမှာ အနိုင်ရရှိလာတဲ့ ပြည်သူ့ကိုယ်စားလှယ်များ(အမတ်များ)ဖြင့် လွှတ်တော်(ပါလီမန်) များကို ဖွဲ့စည်းပြီး ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် စေတနာထား ကြိုးစားဆောင်ရွက်လျှက် ရှိပါေ ကြာင်း ၊ စေတနာ သဒ္ဓါ ထက်သန်စွာ ဆောင်ရွက်နေကြ သော်လည်း ဆောင်ရွက်ဖွယ်ရာတွေ များစွာရှိနေသေး ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်များအနေဖြင့် ယခုထက်ပိုသော ဇွဲ လုံ့လ ဝီရိယများ၊ အရည်အချင်းကောင်းများဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်နေပါသေးကြောင်းလည်း ဝန်ခံပြော ဆိုလို ပါကြောင်း၊ ထို့အတူ စေတနာ သဒ္ဓါကောင်းများဖြင့် ပြည်ထောင်စုနိုင်ငံေ တ်ာနှ င့် နိုင် ငံသား အကျိုးစီးပွားအတွက် အဓိကထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှတ်တော်များနှင့် လွှတ်ေ တာ် ကိုယ် စားလှယ်များ ကိုယ်စား ကတိပေးပြောကြားလိုပါကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့ မယ်တို့

မိမိတို့ကမ္ဘာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် သူ့နည်း သူ့ဟန် သူ့နိုင် ငံနှင့် လိုက်လျောညီထွေရှိသော ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေကြ တာ တွေ့ရလိမ့်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ကမ္ဘာတွင်အကောင်းဆုံးစနစ်ဟု မပြောဆိုနိုင်ကြေ သးသော်လည်း ကမ္ဘာတွင် အများဆုံး လက်ခံကျင့်သုံးနေသည့် စနစ်ဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ အား တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက ဒီမိုကရေစီနိုင်ငံရေးနှ င့် ဈေး ကွက်စီးပွားရေး စနစ်ကို စနစ်တကျ ကျင့်သုံးသွားကြရမှာဖြစ်ကြောင်း။

ဒီလိုဆိုရင် ယနေ့ ယခုနှင့် နောင်အနာဂတ်အတွက် အားကိုးအားထားပြုကြရမည့် သူများကတော့ မောင်တို့ မယ်တို့လို ကျောင်းသားကျောင်းသူများနှင့် လူငယ်များသာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီမိုကရေစီစနစ်ဆိုတာ ဘာ၊ ဒီမိုကရေစီအလေ့အကျင့်ဆိုတာ ဘာဆိုတာကို ခွဲခွဲခြားခြားသိရှိနားလည်ပြီး အမှန်တကယ် လက်တွေ့နယ်ပယ်မှာ ကျင့်သုံး နိုင်ရေးကို အလေးပေး အလေးထားဆောင်ရွက်နေကြဖို့ လိုအပ်ပါကြောင်း။
ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစကားတွေ ဒီမိုကရေစီအရေးတွေ တွင်တွင်ပြောနေ ကြပြီး တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီအနိုင်ကျင့်မှု၊ အကျပ်ကိုင်မှု၊ အလွဲသုံးမှုများကြောင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အနှောက်အယှက် အဟန့်အတား အခက်အခဲများစွာ ကြုံတွေ့နေ ရတာများကိုလည်း ဝမ်းနည်းစွာ တွေ့မြင်နေကြရကြောင်း။

နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို လစ်လျူပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း တရားဥပဒေမဲ့ပြုခြင်းများကြောင့် မကြာသေးခင်က ဖြစ်ပေါ်ခဲ့ေ သာ ဖြစ်စ ဉ်ဖြစ် ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း အသိပေးပြောကြားလိုပါကြောင်း။ မည်သည့် အကြမ်းဖက်အနိုင်ကျင့်မှုမျိုးကို မဆို ပြည်သူများကလက် မခံသလို လွှတ်တော်များကလည်း လက်ခံမှာမဟုတ်ကြောင်း အသိပေးလိုပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွင်းမှာ ဖွဲ့စည်း ထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ (၃)ရပ်တို့သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တရားရေးရာ အဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းကျောင်း ပူးပေါင်းဆောင်ရွက်သွားကြရေး ဆောင်ရွက် လျှက်ရှိပါကြောင်း၊ သို့မှသာ နောင်တွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန် အတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားများ ငြိမ်းချမ်းစွာနှင့် ဘဝလုံခြုံမှုပြည့်ဝစွာေ န ထိုင်နိုင်ကြရန်အတွက်လည်းကောင်း ပြည်သူများ၏ကိုယ်စားလှယ်များက ပြည်သူ့အတွက် နိုင်ငံ့အတွက် အကျိုးပြုဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသော ဆောင်ပုဒ်သည် အခြေခံပညာကျောင်းများတွင် ထင်သာမြင် သာရှိအောင်ရေးထားသည့် ဆောင်ပုဒ်များဖြစ်ပြီး စိတ်ဓာတ်ကောင်းအောင် စည်းကမ်းရှိအောင် ပညာတတ်အောင်သင်ကြားသင်ယူရန် ဖော်ညွှန်းထားတာဖြစ်ကြောင်း၊ ပြည့်စုံအောင်ရယူကြစေလိုကြောင်း၊ အထူးသဖြင့် ယခုလိုကာလမျိုးတွင် စည်းကမ်း လိုက်နာကြဖို့ အရေးကြီးကြောင်း၊ စည်းကမ်းသည် ဥပဒေနှင့်တစ်ဆက်တည်းဖြစ်ကြောင်း၊ တရားမျှတသော စည်းကမ်းနှင့် ဥပဒေများကို လေးစား လိုက်နာခြင်း သည် ကြီးမားသော တန်ဖိုးနှင့် ဂုဏ်သိက္ခာရှိကြကြောင်း၊ လူတိုင်းအတွက်လည်း အန္တရာယ်ကင်းနိုင် ပါကြောင်း၊ လုံခြုံမှုလည်းရှိပါကြောင်း၊ ဒါ့အပြင် သဘောထား အမြင်မတူသည့်သူများအပေါ်တွင် နားလည်မှုရှိရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ပြုစုထားပါမှ မိမိတို့လို လူမျိုးပေါင်းစုံနေ ထိုင်သောနိုင်ငံအတွက် အနာဂတ်သည်  လှပမှာဖြစ်ကြောင်း။

တကယ့်နိုင်ငံသားကောင်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိပြီး မိမိ ယုံကြည် ကိုးကွယ်သည့်ဘာသာနှင့် မိမိတိုင်းပြည်အတွက် အကောင်းဆုံး အလုပ်လုပ်ကြရသူများ ဖြစ်ကြောင်း၊ လူအချင်းချင်း ချစ်ခင်ရင်းနှီး စွာပေါင်းသင်းပြီး ပူးပေါင်း ဆောင်ရွက်တတ်ရန် လိုအပ်ပါကြောင်း၊ ဒါ့အပြင် တာဝန်သိမှုနှင့် လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးပြီး လူသားပီသသော လူသားအဖြစ် မိမိကိုယ်ကို လေ့ကျင့်တည်ေ ဆာက်နေ ကြရမည်ဖြစ်ကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့မယ်တို့ လူငယ်အပေါင်းတို့

မိမိတို့မြန်မာနိုင်ငံသည် စနစ်ပြောင်းသွားပြီဖြစ်ကြောင်း၊ ခေတ်လည်းပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ခေတ် စနစ်ပြောင်းလဲ တိုးတက်မှုနှင့်အညီ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု များကို အလေးထား ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ ဥပဒေများလည်း ရေးဆွဲ လျှက်ရှိကြောင်း၊ ယနေ့အချိန်အခါတွင် မျိုးဆက်သစ်လူငယ်များရဲ့ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တမြင့်မားရေးအတွက် ပြည်သူ့နီတိ လောကနီတိ သင်ခန်းစာများ၊ ဒီမိုကရေစီစိတ်ထား ဒီမိုကရေစီကျင့်စဉ်နှင့်ဆက်နွယ်နေသော လူ့အခွင့်အရေး၊ လူ့အခွင့်အလမ်းများကို ပညာရေးသင်ခန်းစာများတွင် သင်ကြားပေးပြီး ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရေးတို့ အချိုးညီ ပြည့်ဝလာစေရန်လိုအပ်ကြောင်း၊ လူမှုစီးပွားရေးနယ် ပယ်တွင် ခိုင်မာစွာရပ်တည်ရှင်သန်နိုင်မည့် တွေးခေါ်ကျင့်ကြံ ပြုမူနေထိုင်တတ်သည့် အရည်အချင်း များ ပြည့်ဝလာစေရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်၏ အရည်အသွေးနှင့် အရည်အချင်းများ ပြည့်ဝစွာရရှိရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံသားတစ်ဦး၏ ဂုဏ်အင်္ဂါနှင့်ပြည့် စုံရေး အတွက် တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံဆောင်ရွက်ခြင်း၊ အများစု၏ဆန္ဒအား အားလုံးက လိုက်နာဆောင်ရွက်ခြင်း၊ အနည်းစု၏ဆန္ဒကို အလေးထား ခြင်းများကိုလည်း နားလည်လက်ခံ ကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုလို ငယ်ရွယ်စဉ်အခါက စတင်ပျိုးထောင်ဆောင်ရွက်နေခြင်း သည် မိမိအတွက် အများအတွက် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းပြီး နိမ့်ကျနောက်ကျနေသော မိမိတို့နိုင်ငံအား ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ငံအဖြစ်ရောက်ရှိရေးအတွက်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့၏ စိတ်စေတနာနှင့် အရည်အချင်းများဖြင့် ပါဝင်ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦး က အမှာစကားပြောကြားပြီး ဘက်စုံပညာ ထူးချွန် လူငယ် များကိုယ်စား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုယ်စားပြု ကျောင်းသူ မအိအိသဉ္ဇာကျော်နှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့က ကျေးဇူးတင်စ ကားများ ပြန် လည်ပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် လွှတ်တော်ရုံး တာဝန်ရှိသူများမှ လွှတ်တော်ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် များအား ရှင်းလင်းပြော ကြားကာ လွှတ်တော်အတွင်း လိုက်လံရှင်းလင်းပြသပေးခဲ့သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပုသိမ်မြို့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းနှင့် စက်မှုဇုန်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက သင်တန်းကျောင်း နှင့် အားကစားရုံအတွင်း လိုက်လံရှင်းလင်းပြသကြပြီး ဧည့်ခန်းမဆောင်တွင် မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်ပေးနေမှုနှင့် လိုအပ်ချက်များ တင်ပြမှု အပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ စက်မှုဇုန် ရှင်းလင်းဆောင် ခန်းမသို့ေ ရာက် ရှိရာ မြို့မိမြို့ဖများနှင့် စက်မှုလုပ်ငန်းရှင် များက စက်မှုဖွံ့ဖြိုးတိုး တက် ရေးနှ င့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

ဒုတိယသမ္မတက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး  အမှာစကား ပြောကြားရာ၌ နိုင်ငံတော်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်း များ အပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းအင်၊ ရေနှင့် လမ်းပန်းဆက်သွယ်မှု စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန် ရေး၊ ဘဏ္ဍာငွေကြေး အရင်းအမြစ်များ စီးဝင်ရေး၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး၊ သတင်းအချက် အလက်နှင့် သုတေသနလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးစေရေးနှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးတို့အပေါ် မူတည်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အရင်းအနှီးနှင့် နည်းပညာများ ရရှိမှုသည် အရေးကြီးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ထိခိုက် နစ်နာမှု မရှိစေရန်နှင့် ၂ဝ၁၅ ခုနှစ် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်အရ စီးဝင်လာမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိရန် ထုတ်လုပ်မှု အရည်အသွေးများ မြင့်မားတိုးတက်လာရေးအတွက် မူဝါဒများ ချမှတ်ကာ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ပုသိမ် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင်အတွင်း သွားရောက်ကြည့်ရှု




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးမြင့်၊ ဦးတင့်ဆန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းသန်း၊ ဦးဟံစိန်၊ ဦးအောင်သန်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်ကမ်းခြေ၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲကျင်းပမည့် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်နေရာနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို ကြည့်ရှုစစ်ဆေးရန်အတွက် ဧပြီ ၆ ရက် နံနက်ပိုင်းတွင် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် နေပြည်တော်မှ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များအား ပုသိမ်လေဆိပ်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ တပ်မတော်ရဟက်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် SEA Games အကြို အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ကျင်းပနေသည့် ကမ်းခြေသို့ ရောက်ရှိကြပြီး ပြိုင်ပွဲဝင် မြန်မာအားကစား မောင်မယ် များအား တွေ့ ဆုံအားပေးစကားပြောကြားသည်။

ယင်နောက် ဒုတိယသမ္မတသည် ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင် အတွင်း သွားရောက်ကြည့်ရှုအားပေးပြီး ငွေဆောင်ကမ်းခြေရှိ Yacht Club ရှင်းလင်း ဆောင်၌ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌက ရွက်လှေအားကစားရှင်သန် တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေး သွားမည့် အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက အရှေ့တာင်အာရှ အားကစားပြိုင်ပွဲ၌ ရွက်လှေပြိုင်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ ပြီး မြောင်းမြမြို့သို့ ဆက်လက် ထွက်ခွာသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြောင်းမြဂုန်နီစက်ရုံ ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ မြို့မိမြို့ ဖများနှင့် စက်မှုလုပ်ငန်းရှင်များက မြောင်းမြစက်မှုဇုန် နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပံ့ပိုးဖြည့် ဆည်းပေးသွားမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး စက်မှုဇုန် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် မြောင်းမြမြို့ စက်မှုဇုန်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး မြောင်းမြမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး (Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်မိန့်ခွန်းပြောကြား



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး (Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် စန်းယမြို့မှ ဘိုအောမြို့ရှိ Boao International Conference Center သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိပြီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Convention Hall ၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အာရှ ဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးသန်းဌေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးတို့လည်းတက်ရောက်ကြသည်။

အခမ်းအနားတွင် အာရှဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ယာဆူအိုဖူကူဒါက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာဘိုလ်ကီးယား  မူအစ်ဇာဒင်ဝါဒိုလာနှင့် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတ Mr. Nursultan Nazarbayev တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင်  ယခုကဲ့သို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအော မြို့တွင် ကျင်းပသည့် ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်း အဝေးတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြော က် ပါေ ကြာင်း ကို ဦးစွာပထမ ပြောကြားလိုပါကြောင်း။

ထို့အပြင် မိမိအနေဖြင့် အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ဘိုအောဖိုရမ် ကျင်းပရေးဆိုင်ရာ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ အဓိကခေါင်းစဉ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေနေသော အာရှတိုက် (Asia Seeking Development for All) ကို သတ်မှတ် ထားရှိခြင်းသည် သင့်မြတ်မှုရှိပြီး အချိန်နှင့် တစ်ပြေးညီလည်း ဖြစ်ပါကြောင်း။

ယနေ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်ပါက အာရှထွန်းသစ်စ စီးပွားရေး နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုကို အားရဖွယ် တွေ့ရ ရှိသော်လည်း  ဥရောပမှာ ရင်ဆိုင်နေရသည့် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ ကြောင့် ပြင်ပဝယ်လိုအား ကျဆင်းခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသများ၌ စီးပွားရေး တိုးတက်မှုနှုန်းအပေါ် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ကို လေ့ လာတွေ့ရှိနိုင် ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်သွယ်မှု တိုးတက်မှုနှုန်းသည်လည်း ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ကို တွေ့ ရှိရပါကြောင်း။

အာရှဒေသတွင်း စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသတွင်း ဝယ်လိုအားကို မြှင့်တင်ပေးခြင်း၊ ဒေသတွင်းမှသာမက အခြားပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်၍ အလုပ်အကိုင် ဖန်တီးမှုများနှင့် ဒေသတွင်း ထုတ်လုပ်မှုတို့ကို ဖြစ်ထွန်းစေခြင်း၊ အာဆီယံဒေသတွင်းမှာလည်း အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်သည့် မူဘောင်များ ချမှတ်ကာ မြှင့်တင်ပေးခြင်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်း(အေအီးစီ)ထူထောင်ရေးမှတစ်ဆင့် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါကြောင်း။

ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံအများစုမှာ သမားရိုးကျကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်း နေရသည့် အပြင် စိန်ခေါ် မှုအသစ်များကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းကဲ့သို့ မသေချာမရေရာသော အရေး ကိစ္စ များ ကြုံတွေ့နေရသော်လည်း ဆင်းရဲ၊ ချမ်းသာမဟူ ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့် သတိမပြတ်ဘဲ အကောင်းဘက်မှ ရှုမြင်ရန်လိုအပ်ပါကြောင်း။

ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများ၊ မရေရာမသေချာမှုများနှင့် စွန့်စားရမှု အန္တရာယ်များ ပိုမို များပြားလာသည့်အလျောက် မိမိတို့ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု တို့အား ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံမှုတို့အား ချိန်ညှိခြင်း၊ စီးပွားရေးတိုးတက်မှုတို့အား ဆက်လက် ထိန်းသိမ်းစေခြင်းတို့ကို ဆက်စပ်ကာ ပူးပေါင်း ဖြေရှင်းနိုင်ခြင်းအားဖြင့် မိမိတို့ဒေသ တွင်း အောင်မြင်မှုများကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အားလုံးတို့တွင် ပူးပေါင်းပါဝင်မှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံနိုင်မှုနှင့် အားလုံးအကျုံးဝင်မှုတို့ကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံသည် အာရှ၏ အရှေ့/အနောက်ဆက်သွယ်မှုဆိုင်ရာ အချက်အချာနေရာတွင် တည်ရှိနေသည့် အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေး၏  အဓိက ခေါင်း စဉ်ဖြစ် သည့် Asia Seeking Development for All: Restructuring Responsibility & Cooperation အရ အားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့အာရှဒေသအနေဖြင့် ကြုံတွေ့နေရ သည့် ငွေကြေးအကျပ်အတည်း၊ သဘာ ဝဘေးအန္တရာယ်၊ စားနပ်ရိက္ခာဖူလုံ  စိတ်ချရမှု လျော့ကျလာခြင်းနှင့် စွမ်းအင်လိုအပ်မှုများကို ရင်ဆိုင်ဖြေ ရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ လိုအပ်သလို တာဝန် ယူကာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။


အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာတစ်ဝန်းမှာ ရှင်သန်တိုးတက်မှု၊ ခုခံနိုင်စွမ်းရည် မြှင့်တင်ရေးသည် အဓိက ကျပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအသစ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရခြင်းဖြစ်၍ ဘက်ပေါင်းစုံမှ ချဉ်းကပ်အဖြေရှာသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဤသို့ဖြေရှင်းရန်မှာ မလွယ်ကူသော်လည်း ကမ္ဘာတစ်ဝန်းဒေသများ ၌ ဒေသ တွင်း ပေါင်းစည်းရေး ဆောင်ရွက်မှုများသည် ကမ္ဘာ့ကိစ္စရပ်များအတွက် အဖြေရှာနိုင်ရေးကို များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

ဒေသတွင်း ပေါင်းစည်းမှု အစီအစဉ်အသီးသီးတွင် ပါဝင်သည့် နိုင်ငံအသီးသီး၏ ကြိုးပမ်းမှုများကို စုစည်းနိုင်မှသာ ဒေသအဖွဲ့အစည်း အောင်မြင်မှု ကို ဖော်ဆောင်နိုင် မည် ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂ဝ၁၃ အနေဖြင့် နိုင်ငံအားလုံးနှင့် နိုင်ငံသားအားလုံးတို့၏ အခြေခံကျသည့် ဖွံ့ဖြိုး တိုးတက်မှုများ အတွက်အမြင်၊ မဟာဗျူဟာများနှင့် အောင်မြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေ အကောင်အထည် ဖော် နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ ရလဒ်များသည် အာရှဒေသ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထိထိရောက်ေ ရာက် ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းကောင်း များစွာကို ရှာဖွေဖော်ဆောင်ပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဖင်လန်၊ မက္ကဆီကို၊ ပီရူး၊ ဇမ္ဘီယာ၊ ၿသစေၾတးလ်၊ ကေမၻာဒီးယား၊ နယူးဇီလန်၊ အယ်လ်ဂျီးရီးယားနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)  ဦးဆောင်ညွှန်ကြားရေးမှူးတို့က မိန့်ခွန်းများ အသီးသီး ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘိုအောဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာ စားပွဲသို့ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် တက်ရောက်လာကြသူများနှင့်အတူ တက်ရောက်သည်။

နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် ဟိုင်နန်ပြည်နယ် စန်းယမြို့ အပြည်ပြည်ဆိုင် ရာ လေဆိပ် မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ် တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Lu Zhi တို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ် ဆက်ကြသည်။

Monday, April 8, 2013

အင်ဒိုနီးရှားတွင် မြန်မာရှစ်ဦး အသတ်ခံရမှု ဖြေရှင်းရန် မြန်မာအစိုးရ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံမှ ခိုးဝင်လာသည်ဆိုသူ အချင်းချင်းသတ်ဖြတ်မှုကြောင့် လူရှစ်ဦး သေဆုံးမှု ကို ဖြေရှင်း ချက်ပေးရန် မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ် စဉ် အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊ အပြစ်ရှိသူ များ၊ ပြစ် မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန်၊ မြန်မာနိုင်ငံသားများ၏ လုံခြုံရေး ကို အလေးထား ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့ တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်း ထားသော မြန်မာနိုင်ငံမှ ခိုးဝင်သူအချင်းချင်း ဧပြီလ ၄ ရက်နေ့ အင်ဒိုနီးရှား စံတော်ချိန်ည ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သတင်းများတွင် ဖော်ပြသည်။ ဓား သို့မဟုတ် သေကျေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်း ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ယင်းစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စောင့်ကြပ်ထိန်းသိမ်းမှု အခြေအနေများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ယင်းပဋိပက္ခများသည် ၂ နာရီကြာ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်သူများတွင် သစ်သားနှင့် သံချောင်းများကို အသုံးပြုထားကြောင်း နိုင်ငံခြားသားများ ထိန်းသိမ်းထားရာ စင်တာမှ အမှုဆောင်အရာရှိက ပြောကြားချက်ကို ဂျာကာတာဂလို့ဘ် သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးဌာနတွင် မြန်မာနိုင်ငံမှ ခိုးဝင်သူအကြား ကွဲပြားခြားနားသော ယုံကြည်မှု ကိုယ်စီဖြင့် နေထိုင်သော အဖွဲ့နှစ်ဖွဲ့ ကွဲပြားနေပြီး အကြမ်းဖက်မှုမှာ ယင်းအဖွဲ့ အစည်း နှစ်ခုကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းများအရ သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘယ်လဝန်ဆိပ်ကမ်းရှိ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှ ခိုးဝင်လာသည် ဆိုသူ ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Thursday, April 4, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E.Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂ နံနက် (၁၁) နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှားသမ္မတနိုင်င စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ ရာဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ နှစ်ဆတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ရုံး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဧပြီ ၃ နံနက် (၁၁) နာရီတွင် အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ရခိုင်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များအတွက် အိုးအိမ် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ဂုဏ်ပြုနေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော် သမ္မတရုံး

Tuesday, April 2, 2013

ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခ ချုပ် ၁ ဦး အငြိမ်း စားပေးခံရ

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲနောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့က စင်ကာပူသမ္မတနှင့်ဇနီး တို့အား ဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်းနှင့် ဇနီး မစ္စစ်မေရီတန် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊  ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးကျော်လွင်၊ ဒေါက်တာကံဇော်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မကြာမီ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ဟိုင်နန်ကျွန်း ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်းဆွေးနွေးပွဲသို့လည်း တစ်ဆက်တည်း တက်ရောက်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ(၄)နာရီ်(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H. E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။

ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း နိုင်ငံတော် သမ္မတ ပြောကြား



ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက် ကွယ် မှ သွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း မတ်လ ၃၁ ရက် ည ၇ နာရီ က နိုင်ငံတော် သမ္မတ၏ စတုတ္ထအကြိမ်မြောက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားခဲ့သည်။

ထို့ပြင် ပြည်သူများ အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်း ကူညီကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့ သည်။ ပြည်သူ အချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတ က ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်သွားချင်သေးတယ် ဆိုရင်