ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရ
ပညာရေး ဝန်ကြီး ဌာန
မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဦးစီး ဌာန
ပညာရေး ဝန်ကြီး ဌာန
မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဦးစီး ဌာန
ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဦးစီး ဌာနတို့ ပူးပေါင်း၍ တက္ကသိုလ် ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များ အတွက် စာမေးပွဲ အထောက် အကူပြု သိမှတ် ဖွယ်ရာ အင်္ဂလိပ်စာ ဘာသာ သင်ခန်းစာ ကို ဖော်ပြ လိုက် ပါသည်။
တက္ကသိုလ် ဝင် စာမေးပွဲ အတွက် အင်္ဂလိပ် စာ ဘာသာရပ် အတွက် စာကို ကျက်မှတ်ရာ မှာ ပြဋ္ဌာန်း ထားတဲ့ Grade 11 English Text ကို သေေ သ ချာချာ လေ့လာ ကြဖို့ လိုပါ တယ်။ ပြဋ္ဌာန်း ထားတဲ့ English Text မှာ Unit (၁၄) ခု ပါရှိ ပါတယ်။ ကျောင်းသား ကျောင်းသူ တွေ အနေ နဲ့ ဒီ Grade 11 English Text မှာပါတဲ့ Reading Section, Vocabulary Section, Grammar Section, Writing Section, နဲ့ Selected Poems တွေ အားလုံး ကို ကျေကျေ ညက်ညက် သိရှိ ထားကြ ဖို့လို ပါတယ်။
တက္ကသိုလ် ဝင် စာမေးပွဲ အတွက် အင်္ဂလိပ် စာ ဘာသာရပ် အတွက် စာကို ကျက်မှတ်ရာ မှာ ပြဋ္ဌာန်း ထားတဲ့ Grade 11 English Text ကို သေေ သ ချာချာ လေ့လာ ကြဖို့ လိုပါ တယ်။ ပြဋ္ဌာန်း ထားတဲ့ English Text မှာ Unit (၁၄) ခု ပါရှိ ပါတယ်။ ကျောင်းသား ကျောင်းသူ တွေ အနေ နဲ့ ဒီ Grade 11 English Text မှာပါတဲ့ Reading Section, Vocabulary Section, Grammar Section, Writing Section, နဲ့ Selected Poems တွေ အားလုံး ကို ကျေကျေ ညက်ညက် သိရှိ ထားကြ ဖို့လို ပါတယ်။
တက္ကသိုလ် ဝင် စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ် အတွက် မေးခွန်းများ ဟာ ပြဋ္ဌာန်း စာအုပ် ကိုပဲ အခြေခံ ပြီး မေးမှာ ဖြစ်ပါတယ်။ နှစ်တိုင်း မှာ မေးတဲ့ မေးခွန်း ပုံစံတွေ လိုပဲ မေးခွန်း (၉) ပုဒ် မေးမှာ ဖြစ်တယ်။ မေးခွန်း နံပါတ် (၁) ကတော့ English Text မှာ ပါတဲ့ Unit (၁၄) ခု ထဲက စာပိုဒ် တစ်ပိုဒ် ကို ပေးထား ပြီး၊ အဲဒီ စာပိုဒ် မှာ ပါတဲ့ အကြောင်း အရာတွေ ကို မေးခွန်း အမျိုးအစား (၂) မျိုးနဲ့ မေးမှာ ဖြစ်တယ်။
Question No. 1 (A) က Write the correct word or words to complete each sentence ဖြစ်တယ်။ ပေးထား တဲ့ စာကြောင်း ကို အဓိပ္ပာယ် ပြည့် စုံအောင် ကွက်လပ် ဖြည့်ပေး ရမှာ ဖြစ်တယ်။ Item (၅) ခု မေးထား ပြီး စာလုံး တစ်လုံး၊ ဒါမှ မဟုတ် စကားစု တစ်စုနဲ့ ကွက်လပ် ကို ဖြည့်ရမှာ ဖြစ် ပါ တယ်။ သတိပြု ရမှာက ပေးထားတဲ့ ဝါကျရဲ့ တည်ဆောက်ပုံ ပေါ် မူတည်ပြီး သင့်လျော် သလို စကားလုံး တွေ ကို ပြောင်း ရေးဖို့ လိုချင် လိုလိမ့် မယ်။ ဥပမာ - စာပိုဒ် ထဲမှာ noun form သို့မဟုတ် adjective form နဲ့ ရေးထား ပေမယ့် ဖြည့်ရမယ့် ကွက်လပ် မှာ verb form ပြောင်းပြီး ဖြည့်ချင် ဖြည့်ရ မယ် ။ စာပိုဒ် ထဲမှာ active verb form နဲ့ ရေးထား ပေမယ့် ဖြည့်ရမယ့် ကွက်လပ် မှာ passive verb form ပြောင်းပြီး ဖြည့်ချင် ဖြည့်ရမယ်။
ဥပမာ စာပိုဒ် ထဲမှာ The organizers of a self-service store must deal with perishable foodstuffs requiring different ranges of temperature. . လို့ ပေးထား ပေမယ့် မေးခွန်း မှာ Perishable foodstuffs —————— different ranges of temperature. လို့ ပေးထား ရင် ဒီကွက်လပ် မှာ ဖြည့်ရမယ့် စကားလုံး က verb simple form ဖြစ်ရ ပါမယ်။ ဒါကြောင့် requiring ဆိုတဲ့ စာပိုဒ် ထဲက present participle နဲ့ ပေးထား တဲ့ စကားလုံး ကို ဒီ အ တိုင်း ပြန်ကူး ရေး လို့ မရပါဘူး။ အဖြေမှန် က require ဖြစ်ပါတယ်။
တစ်ခါ တလေ verb form ဖြည့်ရတာ ဖြစ်ပေမယ့် active voice form ကနေ passive voice form ပြောင်းဖို့ လိုချင်ရင် လိုလိမ့် မယ်။ ဥပမာ Robots ထဲက စာကြောင်း တစ်ကြောင်း ဖြစ်တဲ့ Robots are used in the process for the painting, welding and assembly of the cars. လို့ ပေးထား ပေမယ့် မေး ထားတဲ့ စာကြောင်း က People ———— robots in the process for the painting, welding and assembly of the car. လို့ ပေးထား တဲ့ အတွက် ဒီစာကြောင်း မှာ သုံးရ မယ့် verb က passive verb form မဟုတ် တော့ဘဲ active verb form ဖြစ်ရ ပါမယ်။ ဒါကြောင့် အဖြေမှန် က use ဖြစ် ပါ တယ်။
Question No. 1(B) ကတော့ Answer each question in one sentence . ဖြစ်တယ်။ စာပိုဒ်ထဲမှာ ပါတဲ့ အကြောင်း အရာ အချက် အလက် တွေ ကို မေး တဲ့ မေးခွန်း (၅) ခု မေးထားပြီး ဒီ မေးခွန်းတွေ ကို ပေးထားတဲ့ စာပိုဒ် ထဲက အဖြေရှာ ပြီး ပြည့်စုံတဲ့ ဝါကျ တစ်ကြောင်း နဲ့ အဖြေ ရေးပေး ရမှာ ဖြစ်တယ်။ အမှတ်ပြည ရရှိဖို့ အတွက် မေးခွန်း မှာ မေးတဲ့ အကြောင်း အရာ (content) ရော၊ သဒ္ဒါ (grammar) ပါ မှန်မှန် ကန်ကန် ဖြေနိုင် အောင် များများ လေ့ ကျင့် ထား ဖို့ လိုပါ တယ်။ ဥပမာ - စာပိုဒ် ထဲမှာ Jenny Tier Bishop sat before the mirror, turning her head from side to side. လို့ ပေးထား ပြီး While sitting before the mirror what did Jenny Tier Bishop do? လို့ မေးရင် စာပိုဒ် ထဲမှာ ပေးထားတဲ့ အတိုင်း ပြန်မကူး ဘဲ While sitting before the mirror, Jenny Tier Bishop turned her head from side to side. လို့ မှန်မှန် ကန်ကန် ပြန်ဖြေ ပေးမှ သာ အမှတ်ပြည့် ရမှာ ဖြစ်တယ်။ Past tense နဲ့ မေးထား တဲ့ အတွက် အဖြေ ကလည်း past tense verb ကို ပြန်သုံး ရပါမယ်။
ပြဋ္ဌာန်း စာအုပ် ပါ စာပိုဒ် များနဲ့ ဆိုင်တဲ့ မေးခွန်း တွေကို အလွတ် ကျက်မှတ် တာထက် မေးခွန်း အမျိုးမျိုး ကို ဖြေတတ် အောင် လေ့ကျင့် ထားဖို့ လိုပါတယ်။ စာပိုဒ် ထဲက သက်ဆိုင် တယ် ထင်တဲ့ စာကြောင်းတွေ ကို တိုက်ရိုက် ကူးချပေး လိုက် တာမျိုး လည်း မပြု လုပ်ကြ ဖို့ သတိပေး ချင် ပါတယ်။ မေးထားတာ ကို ဆီလျော် အောင် မှန်မှန် ကန်ကန် ပြန် ဖြေတတ် အောင် လေ့ကျင့် ထားဖို့ လို ပါတယ်။
မေးခွန်း နံပါတ် (၂) မှာ ပေးထားတဲ့ မေးခွန်း ကတော့ Fill in each blank with a word from the list given. Write down only the number of the blank and the word that fi lls it. ဖြစ်ပါ တယ်။ ဒီ မေးခွန်း အတွက် ပြဋ္ဌာန်း စာအုပ် မှာ ပါတဲ့ Unit (၁၄) ခု ထဲက စာပိုဒ် တစ်ပိုဒ် ကို (၈) လုံး မြောက် စကားလုံး တွေကို ကွက်လပ် လုပ်ထား ပြီး မေးထား တယ်။ ကွက်လပ် ပေါင်း (၂၀) ရှိပြီး ဒီ ကွက်လပ် တွေကို ဖြည့်စွက် ဖို့ စကားလုံး (၂၀) ကို လည်း စာပိုဒ် အပေါ် မှာ ပေးထား ပါတယ်။ သတိပြု ရမယ့် အချက် ကတော့ စာပိုဒ် ကြီး တစ်ပိုဒ် လုံး ကို ပြန်ကူး ရေးဖို့ မလို ပါဘူး၊ ကွက်လပ် နံပါတ် နဲ့ အဖြေ ကိုသာ ရေးရမှာ ဖြစ်တယ်။ ဒီ မေးခွန်း ဟာ ကျောင်းသား ကျောင်းသူ တွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှု ကို ခြုံငုံ စစ်ဆေးတာ ဖြစ်တယ်။ ဒီ မေးခွန်း အတွက် ဘယ်လို အမှားမျိုး ကိုမှ လက်မခံ ကြောင်း လည်း သတိပြု မိကြ ဖို့ လိုပါ တယ်။ ဥပမာ အားဖြင့် capital letter နဲ့ ရေးထား တာကို small letter နဲ့ ပြန်ရေး မိတာမျိုး မဖြစ် ဖို့၊ အနည်း ကိန်း အများ ကိန်း မှား မသွား ဖို့၊ plural number noun ဖြစ်ရမှာ ကို ‘s’ ကျန်ခဲ့ တာ မျိုး မ ဖြစ်ဖို့ မှာချင် ပါတယ်။ ဒါကြောင့် စာလုံး ကြီး နဲ့ စာလုံး သေး ကွဲပြားအောင် ရေးဖို့ အပြင် စာလုံး ပေါင်း မှန်အောင် ပြန်ရေး ဖို့ လည်း လိုပါတယ်။ ဒီ မေးခွန်း ဟာ ကျောင်းသား ကျောင်းသူတွေ ရဲ့ reading skill ဆိုတဲ့ စာဖတ်ပြီး နားလည် နိုင်မှု စွမ်းရည် နဲ့ reading skill ဆိုတဲ့ ဘာသာ စကား ရဲ့သဒ္ဒါ ကျွမ်းကျင် ပိုင်နိုင် မှု အပိုင်း နှစ်ပိုင်း စလုံး ကို ဆန်းစစ် လိုတာ ဖြစ်လို့ စာပိုဒ် တွေ ကို အလွတ်ကျက် ဖို့ ထက် စာပိုဒ် တွေ ကို နားလည် ပြီး grammar မှန်မှန် နဲ့ အဓိပ္ပာယ် ရှိတဲ့ ဝါကျ တွေ ဖြစ် အောင် မေးထား တဲ့ ကွက်လပ် တွေမှာ ပေးထား တဲ့ စကားလုံး တွေကို ဖြည့်နိုင် အောင် ကြိုး စား ရမယ်။
မေးခွန်း နံပါတ် (၃) ကတော့ ကျောင်းသား ကျောင်းသူ တို့ရဲ့ အင်္ဂလိပ်စာ တတ်ကျွမ်း မှု စွမ်းရည် အပြင် မှတ်သား နိုင်မှု စွမ်းရည် ကို စစ်ဆေး တဲ့ မေးခွန်း ပုံစံ ဖြစ်တယ်။ Write the appropriate words or groups of words to complete the sentences or lines of verse. လို့ မေးမှာ ဖြစ်တယ်။ Item (၁၀) ခု မေးထား ပြီးတော့ ကွက်လပ် (၁၀) ခုကို ဖြည့်ပေး ရမှာ ဖြစ်ပါတယ်။ ကွက်လပ် (၅) ခု က text မှာ ပါတဲ့ Unit (၁၄) ခု ထဲက ကောက်နုတ် ချက် တွေ ဖြစ်ပြီး ကျန် ကွက်လပ် (၅) ခု ကတော့ ကဗျာ (၇) ပုဒ် ထဲက ကောက်နုတ် ချက်တွေ ဖြစ်တယ်။ ဒီ မေးခွန်း ဟာ ကျောင်းသား ကျောင်းသူ တွေရဲ့ သင်ယူ ထားတဲ့ အချက် အလက်တွေ နဲ့ ကဗျာတွေ ကို နားလည် မှတ်သား ပြီး ပြန်ပြီး ရေးသား တင်ပြ နိုင်မှု စွမ်းရည် ရှိမရှိ ကို စစ်ဆေး တာ ဖြစ်တယ်။ တိတိ ကျကျ ပြန်လည် ဖော်ပြ တာ ကိုပဲ လိုချင်တဲ့ အတွက် စာလုံး ပေါင်း မှားယွင်း မှု မရှိအောင် သတိထား ကြ ဖို့ လိုပါ တယ်။ ကွက်လပ် တွေ ကို ဖြည့်တဲ့ နေရာမှာ စကားလုံး တစ်လုံး တည်း ဖြည့်ရတာ ရှိသလို စကားစု တစ်စု ဖြည့် ရတာမျိုး လည်း ရှိတာကို သတိပြု ဖို့ လိုပါ တယ်။ နမူနာ ပြရမယ် ဆို ရင်
1. Looking good does not mean making yourself into ————— of a famous pop star.
2. Bangkok is the capital of Thailand and is regarded as a ————— paradise.
3. The little frog became a bird, And slowly —————
ဆိုတဲ့ မေးခွန်းတွေ ကို ကြည့်မယ် ဆိုရင် နံပါတ် (၁) မှာ a carbon copy ဆိုတဲ့ စကားလုံး သုံးလုံး လိုပေမယ့် နံပါတ် (၂) မှာ တော့ shopper’s ဆိုတဲ့စကားလုံး တစ်လုံး တည်း လိုမှာ ဖြစ်တယ်။ နံပါတ် (၃) မှာ ဆိုရင် အဖြေ က flew away စကားလုံး နှစ်လုံး လိုမှာ ဖြစ်တယ်။ ဒါကြောင့် ကွက်လပ် တစ်ခုတည်း ရှိ လို့ စကားလုံး တစ်လုံး တည်းပဲ ထည့် ရမယ် လို့ မှတ်လို့ မရ ပါဘူး။
မေးခွန်း နံပါတ် (၄) ဟာ ပြဋ္ဌာန်း စာအုပ် ကို ကျေကျေ ညက်ညက် လေ့လာ ထားမှု ရှိ မရှိ စစ်ဆေး နိုင်ဖို့ မေးခွန်း (၅) ခု မေးထား ပါ တယ်။ မေးခွန်း နံပါတ် (၄) ရဲ့ item 1 နဲ့ item 2 ကတော့ text မှာ ပါတဲ့ Unit (၁၄) ခုထဲက ကောက်နုတ် မေးထား တာပဲ ဖြစ်တယ်။ ဒီ မေးခွန်း နှစ်မျိုး စလုံး မှာ choices ပေး ထား ပါတယ်။ OR ခံထားတဲ့ မေးခွန်း ထဲက ကြိုက်ရာ တစ်ပုဒ် ကို ရွေးဖြေ ကြရမှာ ဖြစ်တယ်။ ကျောင်းသား ကျောင်းသူ များ ဟာ အချက် အလက် ရော သဒ္ဒါ ပါ မှန်ကန် တဲ့ အဖြေ စာကြောင်း များ နဲ့ ဖြေကြား ရမှာ ဖြစ်ပါတယ်။
ဥပမာ
IV. 1. What could robots used in factories do if there were any problems? (OR) Among which age group is sleepwalking most common and when do they grow out of it? လို့ နံပါတ် (၁) မှာ မေးတယ် ဆိုပါစို့။ ပထမ မေးခွန်း ကို ရွေးပြီး ဖြေမယ် ဆိုရင် အဖြေ က Robots used in factories could ring up the/ their supervisor and ask for help. ဒုတိယ မေးခွန်း ကို ရွေးပြီး ဖြေမယ် ဆိုရင် အဖြေ က Sleepwalking is most common among children and they grow out of it when they become adolescents. ဖြစ် ပါ တယ်။ ဒီမေးခွန်း တွေ ကို မှန်မှန် ကန်ကန် ဖြေဆိုနိုင် ဖို့ Unit (၁၄) ခု စလုံး မှာ ပါတဲ့ အကြောင်း အရာ တွေကို အသေးစိတ် ဖတ်ပြီး မှတ်သား ထားဖို့ လို ပါတယ်။
ဒီ မေးခွန်း နံပါတ် (၄) ရဲ့ item နဲ့ item 4 မှာ မေးလေ့ ရှိတဲ့ မေးခွန်း ပုံစံတွေ ထဲက ပထမ တစ်မျိုး ကတော့ Who said these words and to whom were they said? What is the title of the unit from which the sentence is taken? ဥပမာ Who said these words and to whom were they said? What is the title of the unit from which the sentence is taken? “Soon after the two of you left, I built a fi re.” လို့ မေးခဲ့ရင် အဖြေ က The man of music and dancing said these words to his friends, the philosopher and the medico. The sentence is taken from (the story) “Too Much Knowledge Maketh Fools.” ဖြစ် ပါတယ်။
မေးနိုင်တဲ့ အလားတူ မေးခွန်း ပုံစံ နောက် တစ်မျိုး ကတော့ What is the title of the unit from which the sentence is taken? What does the word underlined in the sentence refer to? အဲဒီ စာကြောင်း ထဲမှာ it တို့ we တို့ they တို့ စသ ဖြင့် pronoun တွေ ပါခဲ့ရင် အဲဒါ တွေဟာ ဘာကို ညွှန်းတယ် ဆိုတာ အဖြေ ဝါကျ ထဲမှာ သဲသဲ ကွဲကွဲ ဖော်ပြ ဖြေဆို ရမှာ ဖြစ်တယ်။ ဥပမာ What is the title of the unit from which the sentence is taken? What does the word underlined in the sentence refer to? The female mosquito locates her human targets by following the carbon dioxide that we exhale. လို့မေးရင် အဖြေက The title of the unit from which the sentence is taken is ‘Mosquito: Getting to know the enemy.’ The word underlined in the sentence refers to ‘the mosquito’s.’ လို့ဖြေရပါမယ်။
ဒါမှ မဟုတ် နောက် တစ်မျိုး မေးနိုင် တာ ကတော့ What is the title of the unit from which the sentence is taken? What does the following sentence mean? ဆိုတဲ့ မေးခွန်း မျိုး ဖြစ်တယ်။ ဥပမာ What is the title of the unit from which the sentence is taken? What does the following sentence mean? To my ears it sounded so much like the rhythmic beats of music coming from a drum that I started dancing to it? လို့ မေးလာရင် The title of the unit from which the sentence is taken is ‘Too Much Knowledge Maketh Fools’. The sentence means that the bubbling noise of the boiling rice sounded so much like the regular repeated pattern of music which comes from a drum to the man of music and dancing that he started dancing to the bubbling noise of the boiling rice. လို့ ဖြေ ရပါ မယ်၊ ဒီ အဖြေ က နမူနာ အ ဖြေ သာ ဖြစ်တယ်။ ဒီ စာကြောင်း ရဲ့ ဆိုလိုရင်း ကို ပေါ်လွင် စေတဲ့ သဒ္ဒါမှန် တဲ့ ဘယ် အဖြေကို မဆို လက်ခံ ပါတယ်။ မေးခွန်း ရဲ့ ဒုတိယ အပိုင်း ဖြစ်တဲ့ What does the following sentence mean? ဆိုတဲ့ မေးခွန်း မှာ Unit (၁၄) ခုထဲက စာကြောင်း တစ်ကြောင်း ကို ထုတ်နုတ်ပြထားပြီး အဲဒီ စာကြောင်း ရဲ့ ဆိုလိုရင်း ကို မေးတာ ဖြစ်တယ်။
ဒီမေးခွန်း နံပါတ် (၄) ရဲ့ item 5 ကတော့ ကဗျာ တွေ ထဲက စာကြောင်း နှစ်ကြောင်း လောက် ကို ပေးထား ပြီး ဆိုလိုရင်း အဓိပ္ပာယ် ကို ရေးခိုင်း တာပဲ ဖြစ် တယ်။ What do these lines mean? လို့မေးမှာ ဖြစ်တယ်။ ဒီမေးခွန်း ကို ဖြေနိုင် ဖို့ကတော့ ပြဋ္ဌာန်း ထားတဲ့ ကဗျာ တွေရဲ့အဓိပ္ပာယ် ကို နားလည် သိရှိထားဖို့ လို ပါတယ်။ ကဗျာ ကို အဓိပ္ပာယ် ဖွင့် ဆိုတဲ့ အခါမှာ၊ ဆိုလိုရင်း အဓိပ္ပာယ် ရော၊ သဒ္ဒါရော မှန်ရ ပါမယ်။
ဥပမာ - What do these lines mean?
I shot an arrow into the air –
It fell to earth, I knew not where; ဆိုတဲ့ ကဗျာထဲက စာကြောင်း ၂ ကြောင်း ကို ပေးထား တယ် ဆိုပါစို့။ အဲဒီ ကဗျာ၂ ကြောင်း ရဲ့ စကားပြေ ကို ပြန်ပေး ရမှာ ဖြစ် ပါတယ်။
မေးခွန်း နံပါတ် (၅) က မေးခွန်း နံပါတ် (၁) B လိုပဲ Unit (၁၄) ခု ထဲက စာပိုဒ် တစ်ပိုဒ် ပေးထားပြီး မေးခွန်း (၅) ခု ကိုဖြေ ပေး ရမှာ ဖြစ်တယ်။ ဒီ မေးခွန်း တွေကို ကောင်းကောင်း ဖြေဆို နိုင်ဖို့ အတွက် ပြဋ္ဌာန်း စာအုပ် ကို ကျေကျေ ညက်ညက် ဖတ်ပြီး အဓိပ္ပာယ် သိရမယ်။ အကြောင်း အရာ နဲ့ သဒ္ဒါ မှန်ကန် တဲ့ ဝါကျတွေ တည်ဆောက် တတ် အောင်လည်း များများ လေ့ကျင့် ထားရ ပါမယ်။ ဒီ မေးခွန်း တွေက (၂) မှတ် တန် မေးခွန်း တွေ ဖြစ် ပေမယ့် မဖြေနိုင် ဘူး ဆိုပြီး မဖြေဘဲ မထား ခဲ့ပါနဲ့။ အဖြေ တစ်ဝက် လောက် မှန်ရင်လည်း အမှတ် တစ်ဝက် လောက် ရပါ တယ်။ ဥပမာ၊ Preventing malaria includes a variety of measures: wearing protective clothing , using repellents and sleeping under bed bets treated with insecticides. လို့ မေးရင် စာပိုဒ် ထဲမှာ ပေးထား တဲ့ အတိုင်း ပြန်မကူး ဘဲ We can prevent malaria by weraring protective clothing, using repellents and sleeping under bed nets treated with insecticides. လို့ မှန်မှန် ကန်ကန် ပြင်ဖြေ ပေး မှသာ အမှတ်ပြည့် ရမှာ ဖြစ်တယ်။
မေးခွန်း နံပါတ် (၆) ကတော့ Punctuation နဲ့ ဆိုင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ Punctuate the following လို့ မေးမှာ ဖြစ်တယ်။ capital, comma, semi-colon, colon, full stop, question mark, open and close inverted commas, exckamation mark, apostrophe တွေ ကို မှန်မှန် ကန်ကန် သုံးစွဲ တတ်၊ မတတ် စစ်ဆေး မှာ ဖြစ်တယ်။ ဒီ နံပါတ် (၆) မှာ ပြဋ္ဌာန်း စာအုပ် ထဲက စာကြောင်း တွေ ကို မေးလေ့ ရှိပေမယ့် ပြဋ္ဌာန်း စာအုပ် ထဲမှာ မပါတဲ့ ဝါကျ တွေ ကိုလည်း မေးနိုင် တယ်။ အဓိက ကတော့ Punctuation တွေ ကို ဘယ်လို သုံးရ မလဲ ဆိုတာ သိဖို့ အရေးကြီး တယ်။ သတိ ပေးချင် တာကတော့ Punctuation မေးခွန်း အတွက် အလွတ် ကျက်ဖို့ မလိုပါဘူး။ လေ့ကျင့် ခန်း များများ လုပ်ပေး ဖို့ လိုပါတယ်။ ဥပမာ အားဖြင့် ဝါကျ ရဲ့အစ စကားလုံး တို့၊ လူ နာမည် တို့ကို capital letter နဲ့ရေးဖို့၊ ဝါကျ အဆုံးမှာ အဆို ဝါကျ ဖြစ်ရင် full stop သုံးဖို့၊ လူ တစ်ဦး တစ်ယောက် က ပြောတဲ့ စကားလုံး တွေ ကို ပေးထား ရင် အဲဒီ စကားလုံး တွေရဲ့ အစ နဲ့ အဆုံးမှာ inverted commas တွေ သုံးဖို့ သိရ ပါမယ်။
ဥပမာ ဖတ်စာအုပ် ထဲမှာ ပေးထား တဲ့ စာကြောင်း တစ်ကြောင်း ကို ကြည့်ရ အောင် she is different i said she has manners but she doesnt have language ဒီ စာကြောင်း ကို ကြည့်ရင် direct speech နဲ့ ရေးထား တဲ့ ဝါကျ ဖြစ်တယ်။ ပြောတဲ့ သူက fi rst person pronoun ဖြစ် တဲ့ “I” ဖြစ်လို့ Capital letter နဲ့ ရေးရ ပါမယ်။ သူ့ရဲ့ နောက်က လိုက်တဲ့ introductory verb ‘said’ ရဲ့နောက် မှာ comma ( , ) ရှိ ရပါ မယ်။ I က ပြောတဲ့ အကြောင်း အရာ နှစ်ခု က I ရဲ့ တစ်ဖက် တစ်ချက် မှာ ရှိနေတာ တွေ့ရ ပါမယ်။ I က ပြောတဲ့ စကားလုံး တွေက she is different နဲ့ she has manners but she doesn’t have language ဖြစ်လို့ I က ပြောတဲ့ စကား တွေရဲ့ အစ မှာ open inverted commas ( “ ) ရှိပြီး သူပြောတဲ့ စကားတွေ ရဲ့အဆုံး မှာ close inverted commas ( ” ) ရှိရ ပါမယ်။
She is different ဆိုတဲ့ I က ပြောတဲ့ ပထမ အကြောင်း အရာရဲ့ နောက်မှာ လည်း ဝါကျ မဆုံးသေး လို့ comma ရှိရ ပါမယ်။ ဝါကျ ရဲ့ ဒုတိယ ပိုင်း ကို ကြည့်မယ် ဆိုရင် နှစ်ပိုင်း ပါတာကို တွေ့ရပါမယ်။ she has manners နဲ့ but she doesn’t have language တို့ ဖြစ်ပါ တယ်။ ဒီ အပိုင်း နှစ်ပိုင်း ကို but ဆိုတဲ့ sentence connector နဲ့ ဆက်ထား လို့ but ဆိုတဲ့ sentence connector ရဲ့ ရှေ့မှာ comma ( , ) ရှိရ ပါမယ်။ ဆက်ပြီး ကြည့်မယ် ဆိုရင် doesn’t ဆိုတဲ့ စကား လုံး ဟာ spelling မမှန် ပါဘူး ။ does နဲ့ not ကို အတို ကောက် (contracted form) နဲ့ ရေးတာ ဖြစ်လို့ ‘n’ နဲ့ ‘t’ ကြားမှာ apostrophe (’) ရှိရပါ မယ်။ ပြီးတော့ ဝါကျ ရဲ့အစတွေ ကို capital letter နဲ့ စပြီး ရေးရမှာ ဖြစ်ပြီး ဝါကျ ရဲ့အဆုံး မှာ full stop ရှိ ရပါမယ်။ ဒီ ပေးထား တဲ့ ဝါကျ ကို ကြည့်မယ် ဆိုရင် punctuation marks စုစု ပေါင်း (၁၂) ခု လို ပါတယ်။
မေးခွန်း နံပါတ် (၇) မှာ အပိုင်း ၂ ပိုင်း ပါဝင် ပါတယ်။ မေးခွန်း နံပါတ် (၇) ပထမ ပိုင်း VII A က Stylistic Transformation လို့ခေါ်ပါ တယ်။ Finish each sentence in such a way that it means exactly the same as the sentence that is given လို့ မေးမှာ ဖြစ်တယ်။ ပေးထား တဲ့ စာကြောင်း (၁၀) ကြောင်း ကို အဓိပ္ပာယ် မပြောင်း လဲ စေဘဲ ပြန်ရေး ပေးရမှာ ဖြစ်တယ်။ ပြဋ္ဌာန်း စာအုပ် ထဲမှာ ဒီလို အဓိပ္ပာယ် မပြောင်း လဲဘဲ တည်ဆောက် ပုံ မတူတဲ့ ဝါကျတွေ Grade 10 မှာ ရော Grade 11 ပြန်ရေးခိုင်း တဲ့ လေ့ကျင့်ခန်း တွေ အများကြီး ပေးထား တဲ့ အတွက် အဲဒီ Grammar Exercise တွေ များများ လုပ်ရင် ဒီ အပိုင်း ကို ကောင်းကောင်း ဖြေ ဆို နိုင်ကြမှာ ဖြစ်တယ်။
မေးခွန်း (၇) ရဲ့ ဒုတိယ ပိုင်း VIIB ကတော့ paragraph writing ဖြစ်တယ်။ ပေးထား တဲ့ prompts များကို သုံးပြီး စာပိုဒ် တို လေး တစ်ပိုဒ် ရေးရ မှာ ဖြစ်တယ်။ ကြိုတင် ပြင်ဆင် ရေးသား ထားတာတွေ ကို ဘာမှ မစဉ်းစား ဘဲ ချရေး တာမျိုး မလုပ် ပါနဲ့။ မေးခွန်း က Using the prompts given, write a very short paragraph on: - ဆိုပြီး ရွေး စရာ (၂) ပုဒ် ပေးပါ မယ်။ ကိုယ်ပိုင် တဲ့ တစ်ပုဒ် ကို ရွေးပြီး ရေးပါ။ မလိုတာ တွေ ထည့်မရေး ပါနဲ့။ Write a short paragraph ဆိုတာ ကို သတိပြု ပါ။ ပေးထား တဲ့ prompts အားလုံး ကို ပြန်သုံး ပြီး ရေးရမှာ မို့လို့ ကိုယ်ပိုင် ဝါကျ တွေ တည်ဆောက် တတ် အောင် လေ့ ကျင့် ထားကြ ပါ။ Question VIIB. ကို ဖြေတဲ့ အခါ မှာ ကျောင်းသား၊ ကျောင်းသူ တော်တော် များများ က အားနည်း တာကို တွေ့ရတယ်။ ပေး ထား တဲ့ prompts တွေနဲ့ သဒ္ဒါမှန် တဲ့ ဝါကျတွေ ဆောက်တတ် ဖို့လိုတယ်။ ဥပမာ Dengue Fever အကြောင်း ကို ရေးခိုင်း တယ် ဆိုပါစို့။ ပေးထား တဲ့ prompts တွေ က
- Dengue fever – viral disease – carried – Aedes mosquito
- Disease occurs mainly – tropical – subtropical regions လို့ ပေးထား တယ် ဆိုပါစို့။ ပထမ ဝါကျ မှာ dengue fever ဟာ viral disease ဖြစ်တယ် လို့ အဓိပ္ပာယ် ရလို့ ဖြစ်ခြင်း ကို ပြတဲ့ verb to be ဖြစ်တယ် “is” ကို သုံးရ ပါမယ်။ ပြီးတော့ အဲဒါ ဝါကျ မှာ viral disease ဟာ singular noun ဖြစ်လို့ article ‘a’ ထည့်ပေး ရမယ်။ ပြီးတော့ dengue fever ကို Aedes ခြင်က သယ်ဆောင် တာ ဖြစ် လို့ which is carried by Aedes mosquito လို့ ရေးရ ပါမယ်။ ဒီနေရာ မှာ which ဆိုတဲ့ relative pronoun နဲ့ verb to be ဖြစ်တဲ့ is ကို ထားခဲ့ ရင် လည်းပဲ ရပါ တယ်။ ဒီ အပိုင်း ကို passive voice နဲ့ ရေးထား တဲ့ အတွက် ပြုလုပ် သူ (agent) ဖြစ်တဲ့ Aedes mosquito ရှေ့မှာ by ထည့် ဖို့ လိုပါ မယ်။ ပြီးတော့ Aedes mosquito ဆိုတာ ခြင် အမျိုးအစား တစ်မျိုးရဲ့ ကိုယ်ပိုင် နာမည် ဖြစ်လို့ အဲဒီ အမည် ရဲ့ရှေ့မှာ defi nite article ‘the’ လို ပါမယ်။ ဒါကြောင့် Dengue fever – viral disease – carried – Aedes mosquito ဆိုတဲ့ prompts တွေကို ပြန်ရေး ရာမှာ Dengue fever is a viral disease, (which is) carried by the Aedes mosquito လို့ ပြန်ရေး ရပါ မယ်။
နောက် တစ်ကြောင်း ကို ရေးပြ ရမယ် ဆိုရင် ပေးထား တဲ့ prompts တွေက disease occurs mainly – tropical – subtropical regions ဖြစ် ပါတယ်။ ဒီ ဝါကျ ကို ကြည့်မယ် ဆိုရင် disease ဆိုတဲ့ စကားလုံး နဲ့ စတာ ဖြစ်ပေမယ့် ပထမ ဝါကျမှာ နိဒါန်း ပျိုးပြီး သား ဖြစ်တဲ့ dengue fever အကြောင်း ကို ပြောတာ ဖြစ်လို့ defi nite article ‘the’ လို ပါမယ်။ ပြီးတော့ ဒီရောဂါ ဟာ tropical နဲ့ subtropical ဒေသ တွေမှာ ဖြစ်တဲ့ အတွက် နေရာ ကို ဖော်ပြ ဖို့ in ဆိုတဲ့ preposition လိုပါ မယ်။ ပြီးတော့ နေရာ ဒေသ နှစ်ခု အကြောင်း ကို ပြောလို့ tropical နဲ့ subtropical ကို and ဆိုတဲ့ conjunction နဲ့ ဆက် ရပါ မယ်။ ဒါကြောင့် disease occurs mainly – tropical – subtropical regions ဆိုတဲ့ prompts တွေကို ပြန်ရေး ရာ မှာ The disease occurs mainly in tropical and subtropical regions. လို့ ပြန်ရေး ရပါ မယ်။ ဒီလို prompts တွေ ကို သုံးပြီး ဝါကျ ဖြစ်အောင် ပြန်ရေး ရာမှာ article တွေ ဖြစ်တဲ့ “a” တို့ “an” တို့ “the” တို့ လိုရင် ထည့် ရမယ်။ verb to be ဖြစ်တဲ့ “am” တို့ “is” တို့ “are” တို့လိုရင် ထည့်ပေး ရမယ်။
မေးခွန်း နံပါတ် (၈) ကတော့ letter writing ဖြစ်ပါ တယ်။ ပေးထား တဲ့ မေးခွန်း (၃) ပုဒ် ထဲက ကြိုက်ရာ တစ်ပုဒ် ပဲ ဖြေရ ပါမယ်။ ဒီ မေးခွန်း ကို ဖြေဆို တဲ့ အခါ သတိပြု ရမယ့် အချက် တွေ ကတော့ ပေးထား တဲ့ ညွှန်ကြား ချက်တွေ ကို သေသေ ချာချာ ဖတ် ဖို့ပဲ ဖြစ် တယ်။ ဒီ နေရာ မှာ - (၁)စာရေး မယ့် သူက ဘယ်သူ လဲ ဆိုတာ သိဖို့ လိုပါ တယ်။ (၂) ဘယ်သူ့ ဆီကို ရေးရ မလဲ ဆိုတာ ကြည့်ပါ။ (၃) ဘာ အကြောင်း အရာ ရေးရမလဲ ဆိုတာ အရင်သေသေ ချာ ချာ ဖတ်ပါ။ ရေးခိုင်း တဲ့ အကြောင်း အရာ တစ်ချက် လား၊ နှစ်ချက် လား ဆိုတာ သေသေ ချာချာ ဖတ်ပြီး မှ ရေးဖို့ လိုပါတယ်။ အရေးကြီး တဲ့ အချက် တစ် ချက် ကတော့ မေးခွန်း မှာ စာရေးသူ (addresser) နဲ့ စာ လက်ခံ ရရှိ မယ့်သူ (addressee) တွေ ရဲ့ နာမည် ကို ပေးထားပြီး သား ဖြစ် တယ်။ ဒါကြောင့် ကိုယ် ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်၊ ဘယ် ကျောင်း ဘယ် မြို့နယ် က ဖြစ်တယ် ဆိုတာ လုံးဝ ထည့်မရေး ဖို့ အထူး သတိ ပေးချင် ပါတယ်။
နမူနာ မေးခွန်း တစ်ပုဒ် ကို ကြည့်ကြ ရအောင်၊ You are Bo Bo. You live at No.1, Pagoda Road, Pyay. Write a letter to your friend Aung Aung who lives in Bago, telling him about the school activities you participated in and how useful they are for students. ဒီ မေးခွန်း ကို ကြည့်ရင် စာရေး မယ့် သူက Bo Bo ဖြစ်တယ်။ ဘယ်သူ့ ဆီကို ရေးမလဲ ဆိုတော့ Aung Aung ဆီ ကို ရေးရမှာ ဖြစ် လို့ Dear Aung Aung လို့ စရေး မယ်။ ပြီးတော့ ရေးခိုင်း တဲ့ အကြောင်း အရာ ကို ကြည့်မယ် ဆိုရင် telling him about the school activities you participated in နဲ့ how useful they are for students ဆိုတဲ့ အကြောင်း အရာ နှစ်ချက် ပါတဲ့ အတွက်ကြောင့် နှစ်ချက် လုံး ပါအောင် ရေးမှသာ အမှတ် ကောင်းကောင်း ရမှာ ဖြစ်တယ်။ အလွတ် ကျက် ထား တဲ့ စာတေ ကို ရေးပေး လိုက်တာ မျိုး မလုပ် ပါနဲ့။ ရေးရမယ့် အကြောင်း အရာ ကို မသိဘဲ အလွတ် ကျက်ထား တာ အားလုံး ချ ရေးပြီး ဖြေတာ မျိုး ဟာ အမှတ် ကောင်းကောင်း မရနိုင် ပါဘူး။ လိုရင်း အချက် အားလုံး ပါမှ အမှတ် ကောင်းကောင်း ရမယ်။
မေးခွန်း နံပါတ် (၉) ကတော့ essay writing ဖြစ်ပါတယ်။ ပေးထား တဲ့ ခေါင်းစဉ် (၃) ခု ထဲက ကြိုက်ရာ တစ်ခု ကို ရေးရ မှာ ဖြစ်တယ်။ တက္ကသိုလ် ဝင် စာမေးပွဲ အဆင့်မှာ စာစီစာကုံး နဲ့ ပေးစာ တွေကို ကောင်းအောင် ရေးနိုင် ဖို့ -
(၁) Organization - ဖွဲ့စည်း ပုံ ကောင်းခြင်း။ အကြောင်း အရာ အချက် အလက်တွေ ကို နိဒါန်း၊ စာကိုယ်၊ နိဂုံး စသဖြင့် အစီအစဉ် ကျကျ ရေးနိုင် ခြင်း ဖြစ်တယ်။
(၂) Relevancy - သက်ဆိုင်မှု ရှိခြင်း။ မိမိရေး ရမယ့် အကြောင်း အရာနဲ့ သက်ဆိုင် တာ ကိုပဲ ရေးရ မှာ ဖြစ်တယ်။ လုံးဝ သက်ဆိုင် မှု မရှိတဲ့ အကြောင်း အရာ တွေကို ရေးခဲ့ရင် သက်ဆိုင် မှု မရှိဘူး လို့ သတ်မှတ် မှာ ဖြစ်လို့ အမှတ် မရ နိုင်ဘူး။
(၃) Content - အချက် အလက် မှန်ကန် ပြည့်စုံခြင်း။ ရေးရ မယ့် အကြောင်း အရာနဲ့ စပ်လျဉ်း တဲ့ အချက်အလက် နဲ့ ဥပမာ တွေ ကို ပြည့်ပြည့် စုံစုံ ထည့်သွင်း ရေးသား နိုင်ဖို့ လို ပါတယ်။
(၄) Language - အသုံး အနှုန်း မှန်ကန် ခြင်း။ သုံးတဲ့ စကားလုံး ဝေါဟာရ တွေ မှန်ခြင်း၊ ကောင်းခြင်း၊ လှခြင်း၊ ကြွယ်ဝခြင်း နဲ့ သဒ္ဒါ မှန်မှန်၊ ဝါကျ ဖွဲ့စည်းပုံ မှန်မှန်နဲ့ ဝါကျ အမျိုးမျိုး ရေးတတ်ခြင်း တို့ ဖြစ်တယ်။
(၅) Presentation - တင်ပြပုံ ကောင်းခြင်း။ ရေးတဲ့ အကြောင်း အရာ ကို စာဖတ် သူ ဖတ်လို့ ကောင်းအောင် ဖွဲ့နွဲ့ တင်ပြ နိုင်စွမ်း ရှိရ ပါမယ်။ ပေးစာ ရေး ရာမှာ ဖြစ်ဖြစ်၊ စာစီ စာကုံး ရေးရာ မှာပဲ ဖြစ်ဖြစ် မလိုအပ် ဘဲ အလွန် ရှည်လျား တဲ့ စာတွေ၊ စာစီစာကုံး တွေ ကို တချို့ ကျောင်းသား တွေ ရေး တာ ကို တွေ့ ရပါတယ်။ ပေးစာများ ကို ၅ မျက်နှာ ၆ မျက်နှာ လောက် ရေးခြင်း၊ စာစီစာကုံး ကို လည်း ၁၀ မျက်နှာ ၁၂ မျက်နှာ လောက် ရေးပြီး ရေးတဲ့ အကြောင်း အရာ တွေ ကျစ်လျစ် ထိမိမှု မရှိခြင်း၊ ဆက်စပ်မှု မရှိခြင်း တို့ကို တွေ့ရ ပါတယ်။ အကြောင်း အရာတွေ ကို မနိုင်မနင်း အဆက် အစပ် မရှိဘဲ ထပ်ခါ တလဲလဲ ရေးတာမျိုး ကို လည်း ရှောင်ကြဉ် ကြ ပါ။ မေးထား တဲ့ အကြောင်း အရာ က တစ်ချက် လား နှစ်ချက်လား ဆိုတာ သေသေ ချာချာ ဖတ်ပါ။
ဥပမာ Places of recreation in Myanmar ဆိုတဲ့ စာစီစာကုံး ရေးခိုင်း ရာမှာ မြန်မာ နိုင်ငံမှာ ရှိတဲ့ အပန်းဖြေ နိုင်တဲ့ နေရာများ လို့ ပြောတဲ့ အတွက် အပန်းဖြေ နေရာ တစ်ခု ထက် မက ရေးမှ အမှတ် ကောင်းကောင်း ရမှာ ဖြစ်တယ်။ Places of recreation လို့ ပြောတဲ့ အတွက် နေရာ တစ်နေရာ တည်း အကြောင်း ကိုပဲ ရေးရင် အမှတ် ကောင်းကောင်း မရနိုင် ပါဘူး။ တက္ကသိုလ် ဝင် စာမေးပွဲ ကို ဖြေဆို ကြမယ့် ကျောင်းသား ကျောင်းသူ တွေ ကို အထူး မှာချင် တာ ကတော့ ပြဋ္ဌာန်း စာအုပ် မှာ ပါတဲ့ unit (၁၄) ခု လုံးက စာပိုဒ် passages တွေ ကို တစ်ခု မကျန် သေသေ ချာချာ ဖတ်ရှု မှတ်သား ဖို့၊ ပေးထား တဲ့ လေ့ကျင့်ခန်း တွေကို များများ ပြုလုပ် ကြဖို့၊ ကဗျာတွေ ကို လည်း ရွတ်ဆို နိုင်ရုံ သာမက၊ အဓိပ္ပာယ် ဖွင့် ဆို တတ်အောင် ကြိုးစား ဖို့ လိုပါ တယ်။ ဒါမှ တက္ကသိုလ် ဝင် စာမေးပွဲ ကို ထူးထူး ချွန်ချွန် နဲ့ ဖြေဆို အောင်မြင် နိုင်မှာ ဖြစ်တယ်။ တက္ကသိုလ် ဝင် စာမေးပွဲ ဖြေဆို ကြမယ့် ကျောင်းသား ကျောင်းသူ အားလုံး မိမိတို့ ကျက်မှတ် ရမယ့် စာတွေ ကို ကြိုးကြိုး စားစား ကျက်မှတ် လေ့လာပြီး အောင်မြင် မှု ရရှိ နိုင်ကြ ပါစေ။
ပညာရေး ဝန်ကြီး ဌာန
No comments:
Post a Comment
Note: Only a member of this blog may post a comment.